NessyChoice False Lashes Review

Follow my blog with Bloglovin

ဖြိုးပအခုတလော သဘောကျနေတဲ့ spring & summer makeup trend ကတော့ foundation Dewy လေးဖြစ်အောင် ပါးပါးလေးလိမ်း Bronzer လေးသုံး Bold Brows လေးနဲ့ Eye shadow မချယ်ပဲ ပေါ်လွင်စေမယ့် Falsie လေးတပ်ပြီး nude lips လေးဆိုတာလေးပါ။ 

ဒီတော့ အမြဲလိုလို Product Review တောင်းဆိုတက်တဲ့ ပျိုမေတို့ရေ ဖြိုးပဒီနေ့တော့ NessyChoice Falsie လေးတွေကို honest review ပေးပါ့မယ်။ 

ဖြိုးပက Falsie ကိုအရင်တဲ့က မတပ်တက်ဘူးလေ။ ပြဿနာက ဖြိုးပတို့ဆီ အရင်က တရုတ်ပြည်ကလာတဲ့ မာမာတောင့်တောင့် ပလပ်စတစ် မျက်တောင်တုတွေပဲ ပေါများတာကိုးးး
ဈေးပေါတယ်။ Quality လည်း မြင့်တဲ့ထဲလည်း မပါဘူးလေ။ ဒါ့ကြောင့် ပျိုမေတို့ တပ်လိုက်ရင် မျက်ခွံလေးတယ်၊ အပေါ်ကနေ အုပ်ထားသလိုမျိုး မျက်ရစ်လေးတွေလဲ နာကျင်ခံစားရတယ် ဆိုတာမျိုးတွေ ဖြစ်ကျတာလို့ ဖြိုးပထင်မိပါတယ်။ 


မိန်းကလေးတိုင်းလိုလိုက မိမိမျက်ဝန်းလေး ပိုမိုပေါ်လွင်တာမျိုးလည်း လိုချင်ကျတာမို့ အခုနောက်ပိုင်း Eyeshadow များများစားစား ချယ်သမနေပဲ Natural eyes လေးကို မျက်တောင်တုလေးတပ်ပြီး ဆွဲဆောင်မှုရှိအောင် လုပ်လာတက်ပြီလေ။ 


အခုနောက်ပိုင်း Falsie တွေကလည်း Designs အမျိုးမျိုးဘဲ ပစ္စည်းအမျိုးမျိုးသုံးပြီး ထုတ်လာပြီလေ။ Fiber, animal hair & human hair တွေနဲ့ လုပ်ထားတာတွေက တပ်လို့အဆင်ပြေတယ်လို့ ဖြိုးပကိုယ်တိုင်လဲ ထင်မိတယ်။
အရင်က Human Hair ကို သေချာလက်နဲ့လုပ်ထားတဲ့ Eyesaidso Falsie လေးတွေကို စမ်းသုံးတာလည်း အရမ်းသဘောကျလို့ Review ရေးပေးထားပါတယ်နော်။
http://phyopapa.blogspot.com/…/eyes-said-so-falsie-mixed-bo…

ဒါပေမယ့် ဈေးကတော့ နဲနဲများတယ်လေ။ ဒီတော့ အခု ဈေးသက်သက်သာသာနဲ့ Quality ကောင်းကောင်း Falsie စိတ်ဝင်စားသူ ပျိုမေတို့ကို ဖြိုးပက NessyChoice brand လေးကို မိတ်ဆက် Review လေးရေးပေးချင်ပါတယ်။
ဖြိုးပ ဒီfalsie လေးတွေကို Cosmetics Crazy ကနေလက်ဆောင်ရတာတော့ ကြာပါပြီ ဒါပေမယ့် ဖြိုးပကနေ့တိုင်း မိတ်ကပ်လိမ်းတိုင်းလဲ Falsie တပ်လေ့မရှိတော့ သေချာပြောပြဖို့ ခက်နေတော့ မပြောဖြစ်တာပါ။

ဒီ Nessy Choice လေးကလည်း မိမိမျက်တောင်မွှေးတိုင်း ညီညာအဆင်ပြေ ပေါ့ပါးအောင် Human Hair နဲ့ပဲ လုပ်ထားတယ် သိရပါတယ်။ မျက်တောင်တုကို ထုတ်လုပ်တဲ့ အခါ စက်နဲ့လုပ်ထားတာကြောင့် ညီညာပြီး သေသပ်ပါတယ်။ 

ကော်ကပ်ပြီး မျက်ရစ်ပေါ်တင်ရတဲ့ Band လေးကလည်း အရမ်းသေးမျှင်ပြီး ပေါ့ပါးလို့ တပ်ထားမှန်း မသိသာတာတော့ တကယ်ပါရှင့်

ဖြိုးပက မျက်တောင်တုတပ်ရာမှာ Beginner တယောက်လည်း ဖြစ်တော့ တပ်တဲ့အခါ အဆင်ပိုပြေအောင်နဲ့ ညီအောင် မိမိစိတ်တိုင်းကျ မျက်တောင်အရွယ်အစားလဲ ရအောင်ဖြတ်ပစ်တက်တယ်။ ပုံထဲက ဟာလေးတွေက အတွင်းပိုင်း ဖက်ကို ဖြတ်ထားပြီးသားပါ။
ပုံ ၁ ထဲမှာ ခပ်တွန့်တွန့်လေး ဖြစ်နေတာလေးကို မြင်မှာပါ။ အဲ့ဒါကတော့ no. 01 ပါ။ အရမ်းပါးလို့ လှပေမယ့် ဘူးထဲကဆွဲခွာတော့ Band နေရာက ပုံပျက်သွားပါတယ်။ ဖြိုးပမကျွမ်းကျင်တာလည်း ပါမှာပေါ့လေ။ အဲ့လိုမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် ပုံ ၃ ထဲကလို အတံလေးတခုခုမှာ ပြန်ပြီး Band လေးကွေးအောင် မျက်တောင်ပေါ်တင်တဲ့ အခါကော်ကပ်ရ အဆင်ပြေအောင် ပြန်လုပ်ယူလို့ရပါတယ်ရှင့်။

အနဲဆုံး ၃ ကြိမ်လောက် သုံးနိုင်ပြီး ဈေးကလည်း အားလုံး သုံးနိုင်တဲ့ ဈေးလေးပါ။ Design အမျိုးမျိုးဘဲ လာပြီး တစ်ဗူးကို ၅ စုံပါတယ်လေ။ Design တွေကလည်း တော်တော်စုံတယ်။ @Cosmetics ပေ့ခ်ျထဲ့ ၀င်လေ့လာကြည့်လို့ရပါတယ်။ 

https://www.facebook.com/CosmeticsCrazy

Rating - 4.5 stars ပေးပါတယ်နော်။ 

ရောင်းဈေးနှုန်းကတော့ ၆၅၀၀ ကျပ်ဖြစ်ပြီး Cosmetics Crazy ကနေ Delivery လည်း ရှိလို့ Design လှလှ Everyday Falsie လေးနဲ့ လှချင်သူပျိုမေတို့ အားလုံး သုံးသင့်တယ်လို့ ထပ်ပြီး Recommend ပေးပါရစေ။
Good luck #‎phyopapablogs
 
Thank you Cosmetics Crazy for the boxes of falsie....





Comments

Popular Posts