Eyes Said So Falsie [Mixed Box] Review

Follow my blog with Bloglovin

ဖြိုးပ ပြီးခဲ့တဲ့ အပတ်က Eyes Said So Myanmar ကနေပြီး မျက်တောင်တုလေးတွေ လက်ဆောင်ရခဲ့ပါတယ်။
ဖြိုးပအမှန်တိုင်း ပြောရင် လုံးဝလုံးဝ Falsie မတက်တက်ပါဘူး။ ဘွဲ့ယူတုန်းကပဲ တခါတပ်တာပါ။ 


ဒီတခေါက်တော့ လက်ဆောင်ရတာကော ဒီ Brand လေးကနာမည်ကြီး နေတာရောကြောင့် Makeup Tutorial လေးလုပ်တော့ စမ်းတပ်ကြည့်ရင်း အရမ်းသဘောကျပြီး Review ရေးလိုက်တာပါရှင်
Eyes Said So ကနေ ကျွန်မကို အမျိုးအစားစုံ စမ်းလိုစ့်ရအောင်လို့ Mix Box လေးထည့်ပေးလိုက်ပါတယ်။ ဘူးထဲမှာ Eyes Said So ရဲ့နာမည်ကြီး ၄ မျိုး အရောပါဝင်ပါတယ်ရှင်။
1. Sexy style (100% Human hair)
2. Natural style (100% Human hair)
3. Dramatic style (100% Human hair)
4. Baby Doll (high quality fiber)
တို့တာလေးတွေပဲ ဖြစ်ပါတယ်။ 



ဖြိုးပအမှန်တိုင်း ပြောရရင် No. 2 Natural style လေးကိုပဲ သုံးရသေးတယ်။ ဒါပေမယ့် အာ့လေးကို ဖြိုးပ ၄ ကြိမ်တိတိ တပ်ပြီးပြီ။ အခုထိလည်း စုတ်ပျက်သတ် နေလောက်အောင် မဖြစ်သေးပဲ တပ်ရ ဖြုတ်ရလွယ်လို့ မပျက်စီးသေးတာလည်း ပါတယ်။ 

အဲ့ဒါကြောင့် ကျန်တဲ့ ၃ မျိုးလည်း ကောင်းမှာ သေချာပါတယ်။

ဖြိုးပအခုချိန်ထိ တပ်ဖူးသမျှ Falsie လေးတွေထဲမှာ တပ်လို့အလွယ်ဆုံးပဲ ဘာလို့လဲဆိုတော့ Falsie မှာပါတဲ့ ကော်ကပ်တဲ့ Band လေးက မမြင်ရလောက်အောင် သေးသေးပါးပါးလေးဖြစ်တယ်။ ကပ်ထားတဲ့အခါ လေးပင်နေတာ ထောက်နေတာမျိုး မဖြစ်ပဲ မသိမသာလေးဆိုတော့ တပ်ထားလည်း နေလို့အဆင်ပြေပါတယ်။ 

Human Hair အစစ်တွေနဲ့လုပ်ထားပြီး လက်နဲ့ချည်ထားတဲ့ မျက်တောင်တုတွေမို့ မျက်လုံးပေါ်မှာတပ်လိုက်ရင် ပေါ့ပါးနေပြီး တပ်ထားမှန်း သိပ်မသိသာပါဘူး။ ပလတ်စတစ် မျက်တောင်တုကြီးတွေလိုလည်း မျက်လုံးထောင့်တွေမှာ စူးမနေပါဘူး။
Quality ကောင်းတဲ့ eyelash တွေကိုသုံးချင်တဲ့ သူတွေအတွက် အဆင်ပြေမယ့် eyelash တွေဖြစ်ပြီး ရွှေးချယ်စရာ ပုံစံမျိုးစုံ ရှိသေးပါတယ်။

Link ကိုလေ့လာလိုက်ပါ။ 



https://www.facebook.com/eyessaidsomyanmar/
Eyes said so ကိုဝယ်ချင်ရင်တော့ ပုလဲကွန်ဒိုအောက်မှာဖွင့်ထားတဲ့ Allure Beauty Collection မှာရပါတယ်။
Beauty Blogger မြတ်စုကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော် 

#‎phyopapablogs

Comments

Popular Posts