"Kimono Styles for summer" ‪#‎Trendreport

Follow my blog with Bloglovin


Aloha beautiful people of Internet.... 
ပျိုမေတို့ရေ ဒီ Kimono trend ကတော့ ဖြိုးပသိသလောက်ဆို နိုင်ငံတကာက အမျိုးသမီးတိုင်းလိုလို ၂၀၁၄ နောက်ပိုင်းကတည်းက စပြီးစွဲစွဲမြဲ စတိုင်ကျကျဝတ်ဆင်လာတာကို တွေ့မြင်နိုင်ပါတယ်။
Kimono ကတော့ ဖြိုးပတို့ အပေါ်ခြုံလွှာလေး ခြုံရတာ ကြိုက်တဲ့ စစ်တွေအတွက် ပိုသင့်တော်ပြီး ၀တ်ဆင်ရလွယ်အောင် design ဖြစ်တယ်လို့ပဲ တွေးထင်မိပါတယ်။
Kimono fashion ကို Pattern အမျိုးမျိုးရှိတဲ့ အပျော့သားလေးတွေ နဲ့ ချုပ်လုပ် design ဖော် ၀တ်ဆင်လေ့ရှိပါတယ်။ Floral design တွေကတော့ နာမည်ကြီးပေါ့နော်။
ဖြိုးပဒီနေ့ ပြောပြချင်တာကတော့ အဲ့လို Pattern အစုံထဲကမ Laced Kimono ဇာနဲ့ ချုပ်လုပ်ထားတဲ့ Kimono အပေါ်ခြုံလွှာလေးတွေကိုပါ။ 

မြန်မာနိုင်ငံမှာ လာမယ့်နွေမှာ တွင်တွင် ကျယ်ကျယ် ၀တ်ဆင်လာမည်လို့ ထင်မိတယ်။ ဒါကြောင့်လည်း ပျိုမေတို့ အပေါ်ခြုံလွှာလေးတွေကို နွေမှာဘယ်လိုမျိုး စတိုင်ကျကျဝတ်ဆင်နိုင်လဲဆိုတာ ပုံလေးအချို့ပြလိုက်တယ်နော်။ 


#‎phyopapablogs





Comments

Popular Posts