"Catrice Velvet Finished Foundation Review"

Follow my blog with Bloglovin

ခေးတို့ရေ ဖြိုးပ Catrice Myanmar ဖွင့်ပွဲကို တက်ရောက်အားပေးခဲ့တုန်းက လက်ဆောင်ရခဲ့တဲ့ Foundation ကောင်းလေး တခုကို Review လေးပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က Catrice ကပဲ all matte foundation ကိုလည်း Review ပေးပြီးသားမို့ တချက်လေ့လာစေချင်ပါတယ်ရှင့်





What is Catrice Velvet Foundation? 

ဒီအမျိုးအစားကိုတော့ Velvet matte finish ဖြစ်အောင် catrice က formula နဲ့ဖော်ထုတ်ထားတယ် သိရပါတယ်။ ဒီထဲမှာ Moisturizer နဲ့ အသားရေကို ပြုပြင်ပေးနိုင်တဲ့ vitamin E & vitamin B5 ပါဝင်တယ် သိရပါတယ်ရှင်။ ဖြိုးပရဲ့ အသားရေကလည်း အားလုံး သိတဲ့အတိုင်း Super oily skin ဖြစ်တဲ့ Tzone မှာကအမြဲလိုလို အဆီပြန်နေသူပါ။ ကြာကြာခံတဲ့ Foundation ကိုတော်တော် ရှားသူပါ။ ဒီ Velvel finished က matte & long lasting formula ဆိုတော့ ဖြိုးပစမ်းသုံးဖို့ လိုပြီပေါ့။
အခု ဖြိုးပ honest review လေးဆက်ပြောပြပါတယ်။
Packaging ကို ပထမ all matte ဗူးလေးတုန်းကလိုပဲ သဘောကျပါတယ်။ အရင် foundation က ခပ်ရှည်ရှည် ထောင့်ဗူးလေး အခု Velvet finished ဗူးလေးက ခပ်ဝိုင်းဝိုင်းပုပု ဖန်ဗူးလေးပါ။ အဖုံးကလည်း လွယ်လွယ်နဲ့ မပွင့်နိုင်ပဲ foundation ညစ်ထုတ်ဖို့ pump လေးကလည်း တခါညှစ်တာနဲ့ တမျက်နာစာ အတိလေးရတယ်။
အထဲက Foundation quality ကလည်း လက်နဲ့ပဲ လိမ်းလိမ်း၊ Sponge or Brush နဲ့ပဲ ဖြန့်ဖြန့် အဆင်ပြေနိုင်တဲ့ liquid foundation အမျိုးအစားပါ။ အရည်မဆန်ပဲ ခပ်ပြစ်ပြစ်ပုံစံဖြစ်လို့ လိမ်းတဲ့အခါ အနာအစာ ဖုံးနိုင်စွမ်းက Medium coverage လောက်ပေးနိုင်ပါတယ်ရှင်။

Good Points
လိမ်းတဲ့အခါ နဲနဲလေးနဲ့ one pump နဲ့တင် တမျက်နာလုံး သုံးနိုင်တယ်။
စေးကပ်တာမျိုး လုံးဝလုံးဝမရှိဘူး ဘယ်အသားရည်မဆို လိမ်းနိုင်တယ်။
Medium coverage ပေးနိုင်ပြီး light weight ဖြစ်တော့ လိမ်းထားတာ မသိသာပါဘူး။
Velvet Finished ဆိုတဲ့အတိုင်း လိမ်းပြီးတဲက မျက်နာက မွတ်မွတ်လေး ခံစားရပါတယ်။


Weak Points
ဖြိုးပမျှော်လင့်ထားတာက ၆ နာရီလောက် ပုံမပျက် ခံမယ်ဆိုပေမယ့် ၄ နာရီလောက်ဆို Tzone တွေမှာ သိသိသာသာ ကွက်လာတာကို သတိထားမိပါတယ်။
ဒါကလည်း ဖြိုးပရဲ့ အဆီပြန်လွန်းတဲ့ အသားကြောင့်လို့ ထင်ပါတယ်။
Dry & normal skin type ကတော့ ၈ နာရီလောက်ကို အသာလေး ခံတယ်လို့ အမတယောက် Review ကြားမိပါတယ်။ 


Overall rating – 4 Stars


Product တို့တာကလည်း ဖြိုးပ personal အရ အသားရေအရ ဒီလိုတွေဖြစ်တိုင်း အားလုံးလိမ်းလည်း အတူတူလိုက်ဖြစ်မယ်လို့ ပုံသေပြောလို့လည်း မရပါဘူး။ ဒါကြောင့် လိမ်းဖူးသူလေးတွေလည်း မိမိတို့ အတွေ့ကြုံလေးကို ပြန်ပြောပြစေချင်ပါတယ်ရှင့်။ 

Sharing is Caring ဆိုတော့ like & share လုပ်ပြီး အားပေးခဲ့ပါအုန်းနော်။

Catrice Cosmetics များကို ရန်ကုန် မန်းလေးသာမက နယ်မြို့တွေမှာပါ ကောင်တာတွေ ရှိနေပြီမို့ စိတ်ဝင်စားရင် စမ်းသုံးဖို့ တိုက်တွန်းလိုက်ပါရစေ။


ချစ်တဲ့ 
#phyopapablogs

Comments

Popular Posts