Products with Salicylic Acid, Niacinimade, AHA BHA complex for Blackhead, Pores & Acnes Problems
ဒီနွေဦးကာလအတွင်းမှာ အပူကြောင့် ချွေးပေါက်ကျယ်အဆီပြန်တာတွေထက် . STRESS နဲ့ ကျန်းမာရေးစားသောက်နေထိုင်မှုကြောင့် အဖုနဲ့ ဘာမှန်းမသိတဲ့ Breakout ဆက်တိုက်ဖြစ်ကြတော့ .. သုံးလို့ရတဲ့ စျေးကွက်ထဲက Product 2 မျိုး ညွန်းပေးလိုက်ပါတယ် ..
(2 မျိုးစလုံးယခင်က full review များတင်ဖူးပါသည်)
Sebogel 30g (8500 ကျပ်)
For Pimples and Oily Skin
...
သူ့ထဲမှာ Salicylic Acid ရယ် Niacinimade ပါ၀င်တာပါ❗
Gel type လာပြီးတော့ သူကတော့ အဆီဖုနဲ့၀က်ခြံဖုလေးတွေပေါ်ကို တို့ပေးတာဖြစ်ဖြစ် ခပ်ပါးပါးတပြင်လုံးလိမ်းပေးတာဖြစ်ဖြစ်ရတယ်၊ အရောင်အနံ့မရှိသလို စပ်ဖြင်းဖြင်းမဖြစ်ပါဘူး .. တော်တော်ပျော့တယ် လိမ်းထားပါက အသားအရမ်းပါးပြီး အဖတ်လန်တာမဖြစ်ပါ ..
အဆီဖု Blackhead whitehead နဲ့ ၀က်ခြံအမျိုးစားတိုင်းအတွက်ထိရောက်ပါတယ် . မိမိသုံးနေကျ skincare နဲ့ရောလိမ်းလို့ရတယ်.
အဆီထိန်းပါတယ် စွဲသုံးပါကချွေးပေါက်ကျယ်တွေ ပုံမှန်ပြန်ဖြစ်ပါတယ် .. dry skin မသုံးပါနဲ့
Uriage Hyseac 3 Regul Global Skincare (23000 ကျပ်)
For Spots, blackheads, shine
...
သူ့ထဲမှာ Uriage Thermal Water, Liquorice, AHA BHA complex, Pore refinyl တွေပါ၀င်ပါတယ် ❗
Uriage ကတော့ အရမ်းကောင်းတယ် ဆား၀က်ခြံနဲ့ အဆီအစေ့လေးတွေကအစ ပါးပြီးသက်သာသွားတယ်၊ အသားတွေချောပြီးတော့ ချွေးပေါက်လဲ ပြန်စေ့လာမယ်၊ တမျက်နှာလုံး ခပ်ပါးပါးလိမ်းပေးရုံပါ မျက်၀န်းနားရှောင်ပြီး အဖုတွေဖောက်ထားတာမျိူးဆို နဲနဲစပ်နိုင်ပါတယ်။
သူက Treatment ဆေးနဲ့ပိုတူလို့ အနံ့ကဆေးနံ့နည်းနည်းထွက်တယ်။ ထိရောက်မှုအရမ်းရှိတယ် ၀က်ခြံတို့ဆေးတွေမသုံးလိုသူများ သို့ မျက်နှာတပြင်လုံး အဖုလေးတွေရှိသူများအဆင်ပြေသလို့ Blemishes .. အမာရွတ်နဲ့ အမဲစက်ပါ ပါးနိုင်ပါတယ်.
နောက်တခုကတော့ Mattifying ဖြစ်ပါတယ် အဆီမထွက်အောင် ထိန်းပြီးတော့လိမ်းထားရင်လဲမျက်နှာပေါ် စေးကပ်မှုမရှိပါ ခြောက်သွားပါတယ်၊ ဖြိုးပကတော့ ညဖက်သာလိမ်းဖြစ်ပါတယ်။
နေ့တိုင်း sunscreen မဖြစ်မနေလိမ်းပါ ..
အဖုတခုခုဖြစ်ပါက တတ်နိုင်လောက် ပိုးမ၀င်အောင်ထားပါ
လက်နဲ့မဆိပ်ပါနဲ့ မကြာခင်သက်သာမှာမို့ မှန်ကန်စွာထိန်းသိမ်းပါနော်.
❗ မိမိအတွက်လိုအပ်မှ၀ယ်ပါ .. ၀ယ်လိုပါက ရွေးချယ်ဖို့တင်ပေးလိုက်ပါတယ်❗
ယခုကာလအတွင်းမှာကျတော့ စိတ်ကိုတတ်နိုင်သလောက်အနားပေးခြင်းကလဲ skincare ခြင်းတမျိုးဖြစ်ပါတယ်။
Take care 🙏
Good Luck
#PhyopapaBlogs
Comments
Post a Comment