PhyopapaBlogs // Low Maintenance Gal to Glam Outfit Ideas

Basic Girl Outfit Ideas // Sheroca Lookbook

ဖြိုးပ ဒီနေ့ Video လေးကတော့ ခါတိုင်းနဲ့ မတူပဲ Fashion Vlog လေးလုပ်ထားးပါတယ်။ ဒီ lookbook Video လေးကတော့ ဖြိုးပရဲ့ ပထမဆုံး Fashion Video လေးဖြစ်သလို အားးလုံးလဲ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်ရှင့်
ဒီ Video လေးထဲမှာတော့ အဓိက ခေတ်မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ၀တ်စုံလေး ၄ စုံကို ဖြိုးပ ဖော်ပြထားတယ်.

outfit 1 Daily Casual ကတော့ နေ့စဉ်ထသွားထလာ ယဉ်ပြီးလှတဲ့ ပုံလေးပေါ့နော်

outfit 2 Black & Demin ကတော့ အနက်ရောင်ကြိုက်ပြီး Jeans ကြိုက်သူလေးတွေ ဘယ်တော့မှမရိုးတဲ့ တွဲစပ်မှုလေးကို ပြချင်တာပါ. ဖြိုးပကတော့ Sheroca ကနေ ဂျင်းစကတ်လေးဝတ်ထားပေမယ့် Jean ဘောင်းဘီနဲ့ ၀တ်လဲ လန်းနေမှာပါ.

outfit 3 ကတော့ ဖြိုးပစတိုင်ဖြစ်တဲ့ အပြင် မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ပန်းရောင်နဲ့ စတိုင်ကျပြီး လှတဲ့ Mini Dress လေးပါ။

outfit 4 ကတော့ မိန်းကလေးဆန်တယ် ပြီးတော့ Shoulder off လေးဖြစ်တော့ ပုခုံးလှလှလေးတွေ ဖော်ပြီး ပွဲတက်မလားးး Shopping ထွက်မလားးး လိုက်ဖက်တဲ့ Floral Dress လေးပါ။

ဟုတ်ပါတယ် .... :P အခု ဒီ Vlog ထဲမှာ ဖိနပ်မပါပါဘူးးးး နောက် Vlog တွေမှာ သေချာစီစဉ်ပါ့မယ်နော် .ပြီးတော့ ဖြိုးပ ပြသွားတဲ့ Clothes Items တွေကို Sheroca.com မှာ Online ကနေ မှာယူလို့ရပါတယ်။ ဖြိုးပလဲ Sheroca ကနေ အကြိုက်ဆုံးလေးတွေကို ၀တ်ပြထားးတာလေ။

ဖြိုးပနဲ့ ဘယ်လိုပုံစံလေးနဲ့ အလိုက်ဆုံးလို့ထင်လဲ ပြီးတော့ ချစ်တို့ရော ဘယ်လိုပုံစံလေး ၀တ်ဖြစ်မယ်ထင်လဲ ... အားလုံးဆီမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိထားသင့်တယ်နော် ..
နောက်ပိုင်းတွေမှာလဲ တစ်ပတ်ကို Fashion Vlog တစ်ခုစီလုပ်ပေးနိုင်အောင် ကြိုးးစားပါမယ်
ချစ်တို့အတွက် ဘယ်လိုအကြောင်းအရာလေးတွေတင်စေချင်တယ်ဆိုတာကိုလဲ Fashion Question လေးရေးခဲ့နော် ..

ဖြိုးပကိုချစ်ရင် အားပေးတယ်ဆိုရင် ရှယ်ပေးကြပါဦးးးး
Love you
FashionTips
#Lookbook
#PhyopapaBlogs

☆ Follow me!
• FACEBOOK :
http://www.facebook.com/phyopapablogs/
• INSTAGRAM:
https://www.instagram.com/phyopapablogs
• WEBSITE:
http://www.phyopapa.blogspot.com

☆ For business inquiries
• Email : phyopapaaung99@gmail.com
• Tel : +959 250971282(Phyopa's Assistant)

Comments

Popular Posts