Star Aura Cover Cushion Review



နွေရာသီနဲ့ အသင့်တော်ဆုံး Cushion လေးအကြောင်း





ဖြိုးပ Follower လေးတွေတော့ သတိထားမိမှာပေါ့ ဖြိုးပကတော့ အသားရေထိန်းသိမ်းတာကြောင့် အခုနောက်ပိုင်း Skin ကောင်းလာတဲ့အခါ အရင်ကလို့ Heavy Makeup တွေထက် Cushion လေးတွေသုံးဖြစ်နေတာပါ၊





4. Coverage ကောင်းရမယ်



- သတိထားရမှာလေးကတော့ လိမ်းတဲ့အခါလဲ puff လေးနဲ့ ပါးပါးလေးပုတ်လိမ်းပါ အထူကြီးးမလိမ်းမိစေဖို့ပါ။





Unicode Version

ဖြိုးပရဲ့ ချစ်ချစ်တွေအတွက် ဒီပိုစ်လေးကနေ စပြီးတော့ Summer အတွက် Reviews လေးတွေတင်တော့မယ်ဆိုတာ အရင်အသိပေးချင်ပါတယ်နော် ..
အခုဖြိုးပအရင်ဆုံး ပွဲဦးထွက် Shoutout လုပ်ပေးချင်တာလေးကတော့ .. Korea Brand လေးဖြစ်တဲ့ Star Secret Soul က Cushion Foundation Review လေးနဲ့စမယ်၊ အချို ့ Followers လေးတွေတော့ သိထားပြီးသားဖြစ်မယ်ထင်ပါတယ်၊ ဖြိုးပတို့ လှည်းတန်းစင်တာမှာ အရမ်းချစ်ဖို့ကောင်းတဲ့ Korea Skincare and Cosmetics ဆိုင်လေးကိုလေ 🌙Star Secret Korea လို့လဲခေါ်ပါတယ်ရှင့် ...
ဆိုင်လေးက ရှိနေတာလဲ ကြာပြီ ပြီးတော့ ဖြိုးပတို့ online ပေါ်မာနာမည်ကြီးနေတဲ့ Korea Products တွေကို stopping ကနေ တစ်ဆင့်မှာစရာမလိုပဲ လှည်းတန်းစင်တာက ဆိုင်လေးမှာတင်ရနိုင်ပါတယ်။
ဖြိုးပအခုပြောပြမယ့် Star Aura Cover Cushion လေးကတော့ သူတို့ Products တွေထဲမှာ အရောင်းရဆုံးလဲဖြစ်ပြီး မြန်မာမိန်းကလေးတွေရဲ့ အသားရောင် အသားရေနဲ့ အဆင်ပြေကိုက်ညီတာလေး ဖြစ်တာကြောင့်ပါ။
ဖြိုးပကတော့ Star Aura Cover Cushion လေးကို သုံးနေတာတော့ ၂ လ ကျော်ပြီ (နေ့တိုင်းတော့မလိမ်းဖြစ်ပါ) ဖြိုးပကတော့ သွားနေကျ Hairsalon ဆိုင်မှာ သူတို့ကောင်တာလေးရှိတော့ အဲ့ကနေဝယ်ထားတာပါ။
ဖြိုးပ Follower လေးတွေတော့ သတိထားမိမှာပေါ့ ဖြိုးပကတော့ အသားရေထိန်းသိမ်းတာကြောင့် အခုနောက်ပို်င်း Skin ကောင်းလာတဲ့အခါ အရင်ကလို့ Heavy Makeup တွေထက် Cushion လေးတွေသုံးဖြစ်နေတာပါ၊
ဖြိုးပက cushion ရွေးရင် ဘယ်အချက်တွေကြည့်လဲဆိုတော့ 💝
1. ကိုယ့်အသားရောင်နဲ့ကိုက်ရမယ်
2. ကိုယ့်အသားရေနဲ့ အဆင်ပြေရမယ် (အဆီမပြန်ချင်ပါ)
3. Long Lasting အနဲဆုံး ၄ နာရီခံရမယ်
4. Coverage ကောင်းရမယ်
5. လိမ်းထားမှန်းမသိသာအောင် ပေါ့ပါးရမယ်
အဲ့ဒီအချက်လေးတွေနဲ့ သေချာစမ်းပြီးတော့ ရွေးတယ်၊
အခု Star Aura Cover Cushion လေးကတော့ ဖြိုးပရဲ့ Checklist ထဲက အကုန်နဲ့ကွက်တိကျပြီး သဘောကျတဲ့အချက်လေးတွေကြောင့် သေချာလေး Honest Review တင်ပေးရတာပါ။
♦️ Star Aura Cover Cushion ဗူးလေးကတော့ ရိုးတယ်၊ Package ကတော့ အနက်ရောင် ပုံမှန် Cushion ဗူးလေးကိုမှ သေချာလေလုံအောင် သိမ်းစည်းနိုင်ပါတယ်ရှင့် .. ပြီးတော့ ဗူးပေါ်မှာလဲ သေချာ Products information တွေကို English လိုရေးပေးထားတာကြောင့် အရမ်းအဆင်ပြေတယ်၊ တော်တော်များများ Korea Products တွေက ကိုရီးယားစာနဲ့ပဲရေးတော့ တစ်ခုခုဆို ဖြိုးပတို့က Products အကြောင်းမသိတာတွေ့ဖြစ်တယ်လေ.
♦️ Star Aura Cover Cushion ဆိုတဲ့အတွက် Cushion အများစုလို အရမ်းပးမိတ်ကပ်သားပါးနေတာမျိုးမဟုတ်ဘူး ။ သေချာလေးလိမ်းပေးမယ်ဆိုရင်တော့ Medium Coverage ကနေ Full Coverage အထိ အနာအစာတွေဖုံးနိုင်ပါတယ်၊ သားရောင်မညီတာတွေနဲ့ အမဲစက်လေးတွေကိုတော့ သေချာဖုံးပေးနိုင်ပါတယ်။
♦️ Texture ကတော့ သေချာ blend လို့ကောင်းတယ်၊ cushion ထဲမှာပါတဲ့ puff နဲ့လဲ ဖြန့်လို့လွယ်သလို ဖြိုးပကတော့ Beauty Blenderနဲ့လဲ အဆင်ပြေပါတယ်။ Cushion တွေကတော့ မိတ်ကပ်သားအရမ်းမပစ်တော့ ဖြန့်ရလွယ်တာပေါ့နော် ..
♦️ Cushion ထဲမှာ Rose Extracts ဖြစ်တဲ့အတွက် အသားရေအစိုဓာတ်ကိုလဲ ထိန်းထားပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်၊ တစ်ကယ်ပဲ လိမ်းလိုက်ရင်တော့ စိုပြေနေတာကတော့ အားသာချက်ပါ၊
♦️ Cushion ထဲမှာ Brightening Effect ပါဝင်တာကြောင့် လိမ်းပြီး ပါးပါးကြည်ကြည်လေး ဖြစ်ချင်သူလေးတွေတော့ ရွေးချယ်သင့်ပါတယ်၊ လိမ်းရတာလဲ အရမ်းပေါ့ပါးပြီး စေးကပ်တာမျိုးလုံးဝမဖြစ်ပါဘူး၊ အနံ့လဲမပါတော့ Sensitive သမားတွေလဲ ရွေးလို့ရပါတယ်။
♦️ Star Aura Cover Cushion လေးထဲမှာကတော့ Triple Function ဖြစ်စေဖို့သူက အသားရေကို ကြည်လင်ဖြူစေတာရယ်၊ အသားအစိုဓာတ်အတွက်ရယ်၊ နွေဒဏ်ကိုကာကွယ်နိုင်ဖို့ SPF50PA++++ အပြည့်အဝထည့်ပြီးထုတ်ထားပါတယ်။
♦️ ဖြိုးပတို့ နွေမှာတော့ ဒီလိုမျိုးး SPF ပါ၀င်တဲ့ Cushion မျိုးးက အားလုံးအတွက် စိတ်ချရပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာပေါ်မှာကျတော့ Sunscreen အပြင် အပေါ်ကနေပိုပြီး Pollution တွေကို ခံနိုင်တဲ့ တစ်မျိုးမျိုးလိုပါတယ်။
♦️ လိမ်းတဲ့အခါ ဖြိုးပကတော့ သူ့ထဲမှာပါတဲ့ Puff လေးနဲ့ ပုတ်လိမ်းဖြစ်တယ်၊ ပထမတစ်ထပ်ဆိုရင်တော့ Finish ကတော့ သဘာ၀ဆန်တယ် ပြောင်ပြောင်လေးးဖြစ်နေတယ် Matte Finished ဖြစ်ချင်ရင်တော့ အပေါ်ကနေ Powder ထပ်ပေးရင်အိုကေတယ်။ ဖြိုးပကတော့ ပါးပါးလေးနဲ့ ပြောင်နေတာကို အရမ်းးတွေကြွေနေပါတယ်နော် .. သူရဲ့ ပြောင်နေတာလေးကို မပျောက်ချင်ရင်တော့ အပေါ်ကနေ Loose Powder လေးသုံးးပေးပါ.
♦️ အားလုံးသိချင်နေတဲ့ Long lasting ကတော့ ဖြိုးပ Primer မခံပဲ ဒီတိုင်းလိမ်းတာတောင် ၄ နာရီလောက်တော့ ခံတယ်၊ ပြီးတော့ မကွက်ဘူးး. ကိုယ်က ချွေးအရမ်းထွက်တက်တဲ့ မိန်းကလေးတွေကတော့ အဆီစုတ် စက္ကူလေးတွေဆောင်ထားးပါ၊ ၄ နာရီလောက်ကြာပြီးမှ ပွတ်မိရင်တော့ ကွက်နိုင်လို့ Touch up ပြန်လုပ်လို့ရတယ် ။ Cushion ကိုပဲထပ်လိမ်းလိမ်း Powder ပဲရိုက်ရိုက် အဆင်ပြေမှာပါ။ ဖြိုးပက Oily to Combination Skin ဖြစ်တော့ ၄ နာရီခံတယ်ဆိုတော့ Normal & Dry skin သမားတွေက ပိုခံနိုင်ပါတယ်။
♦️ သုံးပြီး ကြာနေပြီညဖက်သေချာ မိတ်ကပ်ဖျက်ပေးမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ Break out ဖြစ်မှာမဟုတ်တဲ့အပြင် All skin type အဆင်ပြေပါတယ်။
ပြီးတော့ နွေအတွက် အရေးးကြီးတဲ့ Sweatproof ဖြစ်လားးး Smudge proof ဖြစ်လာ ရေစိုရော ခံနိုင်ရဲ့လားး သိချင်ကြတယ်ဟုတ် ???? 
- ချွေးစိုကတော့ အပေါ်က Powder ထပ်ပုတ်ရင်တော့ သိသိသာသာခံတယ် ချွေးထွက်ရင် ပိုတောင် Glow သေးတယ်။
- Smudge-proof ဖြစ်သင့်သလောက်ဖြစ်တယ် ကြာသွားရင်တော့ ပွတ်မိရင် ကွက်နိုင်ပါတယ်။
- Waterproof ကတော့ အရမ်းလောင်းချပြီး ပွတ်လိုက်ရင်တော့ မရဘူးးပေါ့နော်. တော်ရုံဖြန်းခနဲ ရေစင်တာမျိုးး ရေစိုတာမျိုးကတော့ သူလေးးကအေးဆေးပါ။
♦️ လိမ်းပြီးရင် အရောင်ပြောင်းးသွားးတာမျိုးး (Oxidation) လုံး၀မဖြစ်ပါဘူး .. 
တစ်ခုပဲ စလိမ်းလိမ်းချင်းကဖြူသလိုမျိုး ခံစားရတယ် ပြီးတော့မှ အသားနဲ့ တစ်ပြေးတဲ့ကျသွားတာပါ။ Bright Effect ကြောင့် ဖြူသလိုခံစားရတာပါ။
♦️ Cushion တွေက Skincare Effect တွေပါတယ်ဆိုတော့ Star Aura Cover Cushion လေးထဲမှာက အစိုထိန်းတဲ့ Rose Extracts ပါတော့ Smile Lines တွေမဖြစ်ဘူးး ဖြိုးပဖြစ်နေကျ မျက်၀န်းနားးနဲ့ နှုတ်ခမ်းနားးးက လိုင်းးတွေမရှိတာတော်တော်လေး ကြိုက်တယ်။
Weak Point လေးတစ်ခုတော့ ရှိတယ် အဲ့တာကတော့ ...
- အရောင်တစ်မျိုးပဲလာတာကြောင့်ရယ် သေချာရွေးချယ်ဖို့မရှိတာလေးပါ။ အခုသူလာတဲ့ အရောင်လေးးကတော့ Medium to Fair (အသားလတ်သူကနေ အသားဖွေးသူတွေ) ရွေးချယ်နိုင်ပေမယ့် ညိုတဲ့ သူလေးးတွေအတွက်ကတော့ အသားရောင်မကိုက်လောက်ပါဘူး ။ 
- သတိထားရမှာလေးကတော့ လိမး်တဲ့အခါလဲ puff လေးနဲ့ ပါးပါးလေးပုတ်လိမ်းပါ အထူကြီးးမလိမ်းမိစေဖို့ပါ။
ဖြိုးပပြောလို့ အခု Star Aura Cover Cushion လေးကို စမ်းးကြည့်ချင်တယ်ဆိုရင်တော့ လှည်းတန်းစင်တာ ပထမထပ်မှာဆိုင်လေးမှာ Tester သေချာစမ်းလို့ရတယ်။ အရမ်းးသဘောကောင်းကြတယ်လေ။ ဒီလိုမဟုတ်ဘူးး နယ်ကနေ မှာချင်တယ်ဆိုရင်တော့ 
♦️ https://www.facebook.com/starsecretkorea/ ဒီ Page လေးမှာ မေးးကြည့်လို့ရပါတယ်ရှင့်
ဒီ Cushion လေးက 15 g ကို ပုံမှန်ရောင်းးဈေး ၂၄၉၀၀ ကျပ် ဒါပေမယ့် Summer အတွက် March Promotion လေးရှိတယ်ဆိုတော့ ၁၉၉၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်တဲ့ .. ချစ်သူတို့ လမကုန်ခင် အမြန်၀ယ်လို့ရအောင် ဖြိုးပပြောပြပေးလိုက်တာပါနော် ။

Summer အတွက် Makeup Tips လေးတွေရော Cushion အလန်းလေးလဲ ပြောပြပေးထားတော့ LIKE & SHARE ပေးပါဦးနော်ချစ်တို့ရေ ...
#PhyopapaBlogs #MyanmarBeautyBlogger
☆ Follow me!
• FACEBOOK : http://www.facebook.com/phyopapablogs/
• YOUTUBE : https://www.youtube.com/user/phyopapaaung/ 
• INSTAGRAM: https://www.instagram.com/phyopapablogs 
• WEBSITE: https://phyopapa.blogspot.com/
☆ Join Our Fan Group
• FACEBOOK : https://www.facebook.com/groups/312361129335354/
☆ For business inquiries
• Email : phyopapaaung99@gmail.com
• Tel : +959 250971282(Phyopa's Assistant)

Read on Facebook & Share 

Comments

Popular Posts