Wine Flight with Friends // #WineLinkMyanmar
🧀🧀🍷🍷😋
Read on Facebook & Share
https://www.facebook.com/phyopapablogs/posts/2169985593218480?__tn__=-R#PhyopapaBlogs
☆ Follow me!
☆ Join Our Fan Group
Unicode Version
အားလုံးရုံးတက် ကျောင်းတက် စာမေးးပွဲတွေ ဖြေနေကြတဲ့ မန်းးဒေးလေးပါပဲပေါ့ <3
စာမေးပွဲဖြေသူတွေရော အခြေအနေ ဘယ်လိုလဲ ပြောခဲ့ပါဦး ...
ဖြိုးပကတော့ ပြီးခဲ့တဲ့ စနေနေ့ကတော့ Marina Residence မှာအသစ်ဖွင့်ထားတဲ့ Wine Link ဆိုတဲ့ Restaurant & BAR လေးကို သွားးခဲ့ပါတယ်။ စနေနေ့ညနေဖက် သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာတာရော Wine Link မှာကလဲ စနေနေ့တိုင်း ည ၆ နာရီကနေစပြီး Wine Events လေးတွေလုပ်တယ်လို့ သိထားးပါတယ်။ တစ်ပတ်နဲ့ တစ်ပတ် ရွေးချယ်ထားတဲ့ Wine လေးတွေနဲ့ အစားအသောက်တွေကလဲ တူမှာမဟုတ်ဘူးးး အမြဲတမ်း အသစ်စမ်းလို့ ရအောင် စီစဉ်ထားးပါတယ်။
ဒီတစ်ခေါက်လဲ Facebook မှာ Wine Flight ဆိုပြီး Event လေးလုပ်ထားးတော့ ခင်မင်ရတဲ့ အသိအမတွေနဲ့ အတူတူသွားဖြစ်ခဲ့ပါတယ်.။ Wine Flight ကို ပိုပြီးတော့ စိတ်၀င်စားမိတာက ဒီတစ်ပတ် အတွဲအစပ်ကတော့ နာမည်ကျော် Autoritas Chardonnay ၊ Villa Cavarena Valpolicella နဲ့ Chateau Vieux Robin ဝိုင်(၃) မျိုးကို အရသာတစ်မျိုးစီဆန်းသစ်တဲ့ Grana Padano ၊ Cheese Fondue အပါအ၀င် Cheese အမျိုးအစား (၄) မျိုးနဲ့ Grana Padano Cheese , Blue Cheese, Brie Cheese and Cheese Fondue တွဲဖက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဖြိုးပကတော့ မိန်းကလေးဖြစ်တယ် အခြားယမကာတွေထက် ၀ိုင်ရွေးချယ်သောက်သုံးရတာ သဘောကျမိတယ်။ အာ့အပြင် Cheese မကြိုက်တဲ့သူရှိမလားးပြော :P Wine & Cheese က Europe က အတွဲအစပ်တစ်မျိုးဖြစ်တဲ့ အပြင် ဘယ်လိုအစပ်အဟပ်တည့်လဲ ဆိုတာကို သိချင်တယ်လေ။ Wine သောက်ပြီး Heavy Meal မစားချင်တဲ့ မမဖြိုးပကတော့ အဲ့လိုရွေးချယ်ခဲ့ပါတယ်။
ဖြိုးပက ၀ိုင်ဆိုရင် ၀ိုင်ဖြူရော ၀ိုင်နီရော ကြိုက်တယ် ဒီတစ်ခေါက် သူတို့ရွေးထားတဲ့ အထဲမှာတော့ Wine ၂ မျိုးစလုံးပါတဲ့ အပြင် သက်တမ်းရင့် ၀ိုင်တစ်မျိုးဖြစ်တဲ့ Chateau Vieux Robin ဆိုတဲ့၀ိုင်ကို အရမ်းးကြိုက်ပါတယ်.... သူ့ရဲ့ အနံ့အသက်နဲ့ အရောင်ကအစ လေးးပင်နေပြီး အ၀င်မဆိုးးဘူး။ မြန်မာပါးစပ်နဲ့ အရမ်းးအဆင်ပြေမယ်ဆိုတာ ဖြိုးပပြောရဲပါတယ်။
Cheese တွေကလဲ ၄ မျိုးတောင်ဆိုပေမယ့် ဖြိုးပကတော့ အရမ်းကြိုက်တဲ့အမျိုးစားကတော့ - Grana Padano Cheese ပါ။ ပုံလေးမှာ သေချာရိုက်ပြထားတဲ့ လှတပတ Cheese လေးပေါ့။ Wine တွေကနဲ့ Cheese တွေကို သေချာ တွဲဖက်သုံးဆောင်တက်အောင်လဲ လာပြောပြပေးတော့ ဖြိုးပ အကြိုက်ဆုံးးအတွဲစပ်ကတော့ - Chateau Vieux Robin Wine & Grana Padano Cheese ပါပဲ ။
သူတို့ရဲ့ Wine Gallery ကလဲ အရမ်းလှလို့ အသားကုန် ဓာတ်ဖမ်းခဲ့ပါသေးတယ်။ Wine Flight Event မှာ လာရောက်မြည်းစမ်းချင်သူတွေအတွက် လူတစ်ဦးလျှင် 19,000++ Kyats သတ်မှတ်ထားပါတယ်နော်. အရမ်းတန်သလို ချစ်ခင်ရသူတွေနဲ့ အေးဆေး Quality Time ကုန်ချင်သူတွေကို တော့ ဖြိုးပတို့က Recommend ပေးချင်ပါတယ်။
Wine Link ဆိုက ဖြိုးပတို့ ကမာ္ဘအေးဘုရားလမး်ပေါ်မှာရှိတဲ့ Marina Residence မှာဖြစ်ပြီးတော့ အေးဆေးပဲ Chill လို့ကောင်းတယ်။ ညနေဖက်တော့ လူကျလေ့ရှိတယ် ဖြိုးပတို့ သွားတဲ့ ချိန်မှာတော့ တို့လိုပဲ Dinner လာစားသူတွေ Wine Flight လာသူတွေ တော်တော်လေးများတာကို တွေ့ရတယ်။ Wine Link မှာ အခြား Menus တွေလဲ အစုံရသလို Pizzaတွေရော အခြား Meals တွေရော ၁ သောင်း၀န်းကျင်ပဲ သိလားး အရမ်းတန်လို့ မယုံနိုင်အောင်တောင် ဖြစ်နေရတယ်။ သူငယ်ချင်းတွေနဲ့ Pizza Date ကို Wine နဲ့သောက်ဖို့ နောက်မှထပ်သွားဦးမယ်။
https://www.facebook.com/WineLinkatMarina/
#PhyopapaBlogs
☆ Follow me!
• FACEBOOK : http://www.facebook.com/phyopapablogs/
• YOUTUBE : https://www.youtube.com/user/phyopapaaung/
• INSTAGRAM: https://www.instagram.com/phyopapablogs
• WEBSITE: https://phyopapa.blogspot.com/
☆ Join Our Fan Group
• FACEBOOK : https://www.facebook.com/groups/312361129335354/
☆ For business inquiries
• Email : phyopapaaung99@gmail.com
• Tel : +959 250971282(Phyopa's Assistant)
https://www.facebook.com/phyopapablogs/posts/2169985593218480?__tn__=-R
Comments
Post a Comment