The Cheapest & Effective Sleeping Mask you need to try
Bella Thanakha Water Recharging Sleeping Mask Review 
မျက်နှာအသားရေကို မလိုအပ်တဲ့ Skin Problems တွေနဲ့ ဝေးဝေးနေချင်တယ်၊ အသားရေကိုလဲ စိုပြောချင်တယ် Glow ချင်တယ်၊ အရွယ်မတိုင်ခင် အသားရေညစ်ညမ်းနေတာတွေနဲ့ ဝေ.းချင်တယ်ဆိုရင်တော့ ဖြိုးပ အမြဲတမ်းသတိပေးနေတဲ့ အစိုဓာတ်ကို ဖြည့်ပေးစေချင်ပါတယ်။
Unicode Version
Hello .... အားလုံးပဲ မင်္ဂလာပါရှင့် 
မျက်နှာအသားရေကို မလိုအပ်တဲ့ Skin Problems တွေနဲ့ ေ၀းေ၀းနေချင်တယ်၊ အသားရေကိုလဲ စိုပြောချင်တယ် Glow ချင်တယ်၊ အရွယ်မတိုင်ခင် အသားရေညစ်ညမ်းနေတာတွေနဲ့ ေ၀.းချင်တယ်ဆိုရင်တော့ ဖြိုးပ အမြဲတမ်းသတိပေးနေတဲ့ အစိုဓာတ်ကို ဖြည့်ပေးစေချင်ပါတယ်။
တစ်ခါတစ်လေကျရင်တော့ ကိုယ့်အသားရေအမျိုးးအစားပေါ်မူတည်ပြီးးတော့ သာမာန် Moisturizer တွေက ထိရောက်မှု နည်းးတယ်ဆိုတာတွေလဲ တွေ့ရတယ်. ဖြိုးပကို အမေးများးနေတာကတော့ အခုလို အသားရေပိုခြောက်နိုင်တဲ့ အချိန်မှာ ချက်ချင်းးဟတ်ချလောင်းဆိုပြီး အသားရေကို ညတွင်းချင်း စိုပြေစေတဲ့ အရာပေါ့နော်. ဖြိုးပက oil တွေညွှန်းချင်ပေမယ့် အဆီပြန်တဲ့ ကိုယ့်ညီမတွေ ဖုထွက်တက်သူတွေ အနေနဲ့ကျတော့ အသင့်တော်တော့ တော်တော်လေးး အုန်းးစားခဲ့ရပါတယ်။
ဖြိုးပ အခုစမ်းသုံးနေတဲ့ Bella ရဲ့ Sleeping Mask လေးက လူတိုင်း ကိုယ့်ရဲ့ Skincare steps မှာ ဖြည့်စွက်အနေနဲ့ ရေဓာတ်ဖြည့်ပေးဖို့နဲ့ ညဖက်လိမ်းပြီး မနက်ဆို စိုပြေတဲ့ အသားရေ ရဖို့ အသင့်တော်ဆုံးလေးပါ။
ဘာလို့လဲသိချင်လားးးး ... အဲ့တာဆို Review လေးဆက်ဖတ်နော် (Giveaway လေးလဲပါသေးတယ်)
What is Bella Thanakha Water Recharging Sleeping Mask ?
Sleeping mask ဆိုတဲ့ Skincare အမျိုးးအစားကိုတော့ လူတိုင်းသိထားပြီးဖြစ်မှာပါ. Korea Skincare တွေထဲမှာဆို နာမည်ကြီးပဲ အခုဆိုရင်တော့ Skincare Junkies တော်တော်များးများးက လက်ခံအသုံးပြုတော့ Sleeping Mask/Pack တွေက တော်တော်လေးး တွင်ကျယ်လာပြီလေ။ Sleeping Mask ဆိုတာက တစ်ညလုံး လိမ်းထားပြီး အိပ်လို့ရတာ ဖြစ်လို့ မျက်နှာပေါ်မှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အထောက်အကူ ပြုပေးပြီး ညဘက်မှာ 
အသားရေကို ပြန်လည်အားးဖြည့်ပေးတဲ့ Skincare တစ်မျိုးဖြစ်ပါတယ်။ Mask ဆိုပေမဲ့ မျက်နှာကိုရေနဲ့ ပြန်သစ်စရာ မလိုတဲ့ အမျိုးအစားပါ ။
အခု Bella ရဲ့ နောက်ဆုံးထွက်လေးကတော့ ဖြိုးပတို့ ပုံမှန် ညလိမ်းးကရင်တွေ Moisturizer တွေထက်ကို အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ပမာဏက ပိုပြီးပါလို့ ဖြိုးပတို့ညအိပ်နေတဲ့အချိန်မှာ အသားရေရဲ့ အစိုဓာတ်ကို ထိထိရောက်ရောက် အပြည့်အဝဖြည့်ဆည်းပေးနိုင်ပြီး ရေဓာတ်ကို တစ်ညတာအတွင်းမှာ အမြန်ဆုံး ဖြည့်ပေးနိုင်ပါတယ် 💦✨
Sleeping Mask တွေတော်တော်များများက Night time skincare အဆင့်တွေကို ခြုံပြီးတစ်မျိုးထဲသုံးလို့သင့်တော်ပါတယ်။ သူက နေ့တိုင်းသုံးစရာမလိုဘူးးး အကယ်လို့ညတိုင်းလိမ်းမယ်ဆိုလဲ အိုကေတယ်။ ဖြိုးပကတော့ တစ်ပတ်ကို ၃ ခေါက်လောက်တော့ သုံးဖြစ်တယ်။ ညဖက်ကို မအိပ်ခင် ၁ နာရီလောက် ကြိုပြီး ထူထူလေးး မျက်နှာနဲ့ လည်ပင်းးမှာလိမ်းဖြစ်တယ်။ မနက်အိပ်ယာနိုးမှ မျက်နှာပြန်သစ်ချလိုက်ရင် သိသိသာသာ စိုစိုအိအိ တင်းးနေရော ...
💐 ဖြိုးပကတော့ Bella Sleeping Mask လေးကို သုံးးတာ ၁ လနီးပါးရှိပြီပြောလို့ရတယ်။ PR gift လေးးအနေနဲ့ထည့်ပေးလိုက်ထဲက ဖြိုးပတန်းသုံးးတာ ... ဖြိုးပက Skincare Junkie ဖြစ်ပေမယ့် တစ်ခါတစ်လေလဲ အရမ်းးပျင်းတော့ အဆင့်တွေ ၅ ဆင့်လောက် လုပ်နေမယ့် အစားး Bella Sleeping Mask လေးကိုပဲ သုံးလိုက်တယ် အေးးရော ..
Packaging ကတော့ အဖြူဗူးးလေးကိုမှ အပြာဖုံးလေးနဲ့ လာပြီးတော့ Product information ကိုသေချာဖော်ပြထားးပါတယ်။ တစ်ဗူးကို 50ML ပါပြီးတော့ လေလုံပြီးသိမ်းလို့ကောင်းတဲ့ ပုံစံလေးပါ။
Product Textures ကိုပြောပြချင်ပါတယ်။ 👱🏻‍♀️💐
Gel Type လေးနဲ့ပဲ လာတယ် အပြာနုနု ရေဆန်တဲ့ (Jelly လိုလေးး) ကရင်မ်လေးးပေါ့နော်။ Water Base ဖြစ်တဲ့ Gel အမျိုးအစားအေးအေးလေးမို့လို့ လိမ်းတဲ့အခါ စီးကပ်တာတွေ ပူပူပိတ်ပိတ်ကြီးဖြစ်နေတာတွေ လုံးဝမခံစားရစေလို့ အသားရေတိုင်း အတွက်သင့်တော်ပါတယ်။
Bella Sleeping Mask က ရေဓာတ်ဖြည့်ပေးရုံမကပါဘူး ဖြိုးပတို့ မြန်မာ့သနပ်ခါး ရဲ့အဆီအနှစ်ပါ ပါဝင်သေးလို့ မွဲခြောက်ပြီး ညစ်နွမ်းနေတဲ့ အသားရေနဲ့ အသားရောင်မညီညာတွေကအစ ညှိပေးနိုင်ပြီး မနက်မိုးလင်းရင် အသားရေကို ကြည်ဝင်းသွားစေပါသေးတယ် 👱🏻‍♀️✨✨
ပြီးတော့ ဖြိုးပက Skincare ဆိုရင် အနံ့အရမ်းပြင်းရင် လုံး၀သဘော မကျပေမယ့် ဒီ Bella Sleeping Mask လေးကတော့ သင်းသင်းလေးပဲဆိုတော့ ပိုသဘောကျမိတယ် 🍀
ဖြိုးပကြိုက်တဲ့ အချက်တွေကတော့ -
▶️💐 Bella Sleeping mask လေးက သနပ်ခါးနဲ့ ပြုလုပ်ထားပြီး Gel Type ဖြစ်လို့ လိမ်းလိုက်တာနဲ့ အေးမြစိုပြေစေတယ်။
▶️💐 All skin Type သုံးလို့ရပြီးတော့ Gel Type လေးဖြစ်လို့ အသားရေပေါ် စေးကပ်တာလုံး၀မရှိဘူးး
▶️💐 အဆီပါဝင်မှု (လုံးး၀) မရှိပဲ အသားရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့် ပေးနိုင်ပြီး ဖြိုးပလို့ ကမ်းခြေသွားပြီး ပြန်လာတဲ့ အခါညစ်ညမ်းတဲ့ အသားရေကိုတောင် အားပြန်ဖြည့်ပေးတယ်။
▶️💐 Sleeping mask သုံးထားရင် မနက်ကျတော့ သိသိသာသာ အသားရေ GLow ဖြစ်နေတာကို ခံစားရတယ်။ ချွေးပေါက်လဲ ကျဉ်းသွားသလိုပဲ
▶️💐 အချိန်ကုန်သက်သာပြီး မျက်နှာတင်မက လည်ပင်းကိုပါ လိမ်းဖြစ်ပြီးတော့ အမျိုးးသား အမျိုးးသမီးတွေရော ဘယ်သူနဲ့ဖြစ်ဖြစ်သင့်တော်တဲ့ အချက်လေးးတွေပါ။
How I use Bella Sleeping Mask? 
ဖြိုးပကတော့ တစ်ပတ် ၂ ခါကနေ ၃ ခါ သုံးပါတယ်။ (ငပလီသွားတုန်းကတော့ Skincare တွေအထုတ်လိုက်ကျန်ခဲ့တော့ ကံကောင်းစွာနဲ့ ပါသွားးတဲ့ Bella Sleeping Pack လေးကို ၄ ညဆက်တိုက်သုံးဖြစ်တယ်)
လိမ်းသင့်တဲ့ ညတွေကတော့ ကိုယ်ကတစ်နေကုန် နေပူခံထားးမိတာတို့ မိတ်ကပ်တွေများးကြီးကို တစ်နေကုန်လိမ်းမိတာတို့ဆိုရင် ညဆိုလိမ်းသင့်ပါတယ်။
Step 1 >> မိတ်ကပ်တွေ ပြောင်အောင်ဖျက်ပါ. မျက်နှာသစ်ပါ.
Step 2 >> Toner လေးတစ်ခုခုလိမ်းပါ။ သုံးးနေကျရှိရင်လိမ်းဖို့ မမေ့ပါနဲ့
Step 3 >> Bella Sleeping Mask လေးကို လက်သန့်သန့်လေးနဲ့ များများလေးယူပြီး မျက်နှာတစ်ပြင်လုံးနဲ့ လည်ပင်းကို သေချာဖြန့်လိမ်းပေးပါ။
မှတ်ချက်။ ။ မျက်၀န်းတစ်၀ိုက်ကို ရှောင်လိမ်းပေးပါနော်။
ဖြိုးပကတော့ မအိပ်ခင် ၁ နာရီလောက်ကို ကြိုလိမ်းးတာ အိပ်ခါနီးမှဆိုရင် Sleeping Pack တွေက ခေါင်းဦးနဲ့ပေကုန်လို့လေ။ 
ဒီလိုလိမ်းပေးရုံနဲ့ မနက်ဆို စိုစိုအိအိအသားရေလေးကို ရနိုင်မှာနော်.
Comments
Popular Posts