Non Chemical 99% Organic Scrubs Review

Phyopa အကြိုက်ဆုံး Organic Scrub လေး 2 မျိုး☕️

Hello မင်္ဂလာပါ ချစ်တို့ရေ💕.....
ချစ်တို့အားလုံးသိတဲ့အတိုင်း ဖြိုးးပ က scrub လေးတွေ အဓိကတော့ Organic Scrub လေးတွေကိုအရမ်း Crazy ဖြစ်တယ် ပြီးတော့ Brand အသစ်လေးတွေ ပုံစံအသစ်လေးတွေ စမ်းရတာလဲ ဝါသနာပါတယ်လေ 💓 အခုတော့ ဖြိုးပ Amara ဆိုတဲ့ Local Organic Scrub လေး အရမ်းအဆင်ပြေလို့ သုံးနေတာ တော်တော်ကြာပြီပေါ့နော်☺️ အခု ဒီ post လေးမှာတော့ ရေရှည်စွဲသုံးတာနဲ့ အမျှ ထပ်တွေ့လာရတဲ့ အကျိုးကျေးဇူးလေးတွေကို sharing လုပ်ပေးမယ်နော် ။

ပြီးတော့ ဖြိုးပက Scrub ကို ၂ မျိုး For Face and For Body မတူတာလေးကို ပြောပြသွားမှာနော် ...
ဖြိုးပကတော့ ဒီ scrub လေးကို -
✅အသားအရေ မညီညာသူတွေ ✨
✅အသားအရေ မွဲခြောက်ပြီး ကြည်လင်မှုမရှိသူတွေ အပြင်
✅ခန္ဓာကိုယ်ပေါ်က အကြောပြတ်ရာလေးတွေ သက်သာချင်တဲ့ ချစ်တို့အတွက် recommend ပေးချင်ပါတယ်။




  • Scrub လုပ်တယ်ဆိုတာ ဘာကြောင့်လိုအပ်သလဲ?
  • Scrub လုပ်တယ်ဆိုတာ ယေဘူယျအားဖြင့် အရေပြားရဲ့ အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေလေးတွေကို ဖယ်ရှားပေးလိုက်တာပါနော်။ အဲ့တော့ ကိုယ်နောက်တစ်ဆင့် အသုံးပြုလိုက်တဲ့ skin care တွေကို ပိုစုပ်ယူအားကောင်းစေတယ်...skin care ရဲ့ အာနိသင်လည်းပိုထိရောက်တယ်... အသားအရေကိုလည်း အသစ်ဖြစ်စေတော့ ပိုပြီး စိုပြည်ကြည်လင်စေတာပါ...


အခုဖြိုးပပြောပြမယ့် Amara ရဲ့ Body Shower Scrub လေးကဆိုရင်လေ ဖြိုးပသုံးတာ တစ်ဗူးလုံးပြောင်လို့. အရမ်းကြိုက်တာ 💓💖💗
သူ့ထဲမှာ ပါဝင်ပစ္စည်းလေးတွေကတော့ -
- မန်ကျည်းသီး၊ ဆနွင်း၊ နွားနို့၊ ပျားရည်၊ သံလွင်ဆီ၊ မြန်မာ့ဆား နဲ့ Vitamin E တွေပါဝင်ပါတယ်။
ဖြိုးပသုံးနေကျ Scrub တွေထက် Amara လေးရဲ့ ထူးခြားချက်တွေကတော့ သူရဲ့ ဆားပုံစံလေးဖြစ်နေတာကြောင့် သုံးရအရမ်းလွယ်တယ်။ ဖြိုးပတစ်ခါလဲ Monthly Favorite ထဲမှာ ထည့်ထားဖူးတယ်လေ 💗💗
ဒီ Amara Scrub လေးကို သဘောကျတဲ့အချက်က သူက Organic ကို အဓိကလုပ်ထားလို့ပါ... Amara Scrub လေးက အပူတွေကို သိသိသာသာ ထွက်စေတယ်။ အသားအရေကြည်လင်လှပစေတဲ့ antioxidants တွေအများကြီးပါတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။
အဖုံးဖွင့်လိုက်တာနဲ့ကို အနံ့မွှေးမွှေးလေးနဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။






ညီမလေးတွေ ဖြိုးပကို ကိုမေးလေ့ရှိတာက ဘာ body lotion ပဲလိမ်းလိမ်းသိပ်ပြီး effect မပြဘူး... မထူးခြားဘူးပေါ့နော်...အဲ့လိုဖြစ်နေတယ်ဆိုရင် Amara Scrubလေးကို တစ်ပတ်ကို တစ်ခါ နှစ်ခါလောက် ဒီ scrub လေးလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်☺️...အသားအရေမွဲခြောက်တာ သက်သာပြီး သိသိသာသာ ဝင်းပြီးစိုပြည်လာတာကို လက်တွေ့မြင်ရမှာပါ....

သူ့ရဲ့အစွမ်းတွေကတော့ နေလောင်ထားးတာတွေ အသားရောင်မညီတာတွေ ဂျိုင်းးမဲနေတာတွေကိုပါ သုံးနိုင်တယ်။ အမဲစက်နဲ့ အမာရွတ်ဟောင်းးလေးတွေပေါ်ကိုလဲ သုံးနိုင်ပါတယ်။ ပြီးတော့ လက်နဲ့ ခြေထောက်တွေမှာ အသားမာတက်တက်တဲ့သူလေးတွေ ရေချိုးတိုင်း အနည်းငယ် ယူပွတ်ရင် သိသိသာသာ သက်သာစေတယ်။ Nail Salon တွေမှာလို့ ခြေတွေ လက်တွေ သန့်စင်ရင် သုံးတဲ့ Scrub Salt လိုမျိုး သုံးရင်အရမ်းသင့်တော်ပါတယ်။ ပြီးတော့ သိသိသာသာနဲ့ အသားဖြူလာတာပါ. ဆနွင်းနဲ့ မန်ကျည်းသီးအစွမ်းကတော အံ့မခန်းပါပဲ ..
Amara ရဲ့ Body Shower Scrub လေးကိုတော့ ဖြိုးပက Body သီးသန့်သုံးဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်။ သူက မျက်နှာအတွက်ဆိုရင်တော့ နဲနဲလေးးကြမ်းနိုင်ပါတယ်။ အရမ်းကောင်းပြီး ဈေးသက်သာတာမို့ ချစ်ညီမလေးတွေကို စမ်းစေချင်ပါတယ်။ အသုံးလဲခံတယ် အများကြီးလဲပါတယ်လေ။ Amara Body Shower Scrub (အ၀ါဗူး) - ၃၅၀၀ ကျပ်ပဲရှိပါတယ်။


Amara ရဲ့ ဖြိုးပသုံးနေတဲ့ နောက်တစ်မျိုးကတော့ မျက်နှာအတွက်လေးပါ. ချစ်တို့သိတဲ့အတိုင်းဖြိုးပက Coffee Scrub အသဲစွဲနော် .. <3
ဒါပေမယ့် Coffee Scrub တွေက Body မှာသုံးးအရင် အရမ်းအဆင်ပြေပေမယ့် မျက်နာပေါ်မှာကျတော့ ကြမ်းတာမျိုးတွေဖြစ်နေတက်တယ်မဟုတ်လားး .. Coffee Scrub သုံးချင်ပေမယ့် ကြမ်းလို့မသုံးဖြစ်နေတဲ့ ချစ်ဘေဘီတွေအတွက် recommend ပေးချင်ပါတယ်။

Amara ရဲ့ Coffee Natural Scrub & Mask ဆိုတာလေးက 2 in one Scrub ရော Mask ရောလိုသုံးနိုင်ပါတယ်။ Coffee Scrub ဖြစ်တဲ့အတိုင်း အသားရေကို သန့်အောင် ဖြူအောင်လုပ်တဲ့ အထဲမှာတော့ အရမ်းမိုက်ပါတယ်။
နောက်တစ်ခုကတော့ မျက်နာအသားအရေ မညီညာတာတွေအတွက် သူက အသုံးဝင်ပါသေးတယ်...ဖြိုးပတို့နေ့စဉ် အပြင်ထွက်ပြီး လှုပ်ရှားသွားလာရတဲ့အခါ နေရောင်နဲ့ အမြဲထိတွေ့ရတဲ့နေရာတွေမှာ အသားအရောင်မညီတာလေးတွေဖြစ်တတ်ပါတယ်။ဖြိုးပ ဆိုလည်းနောက်ဆုံးတစ်ခေါက် ခရီးသွားခဲ့တုန်းက နေလောင်ပြီး အသားအရောင်တွေ မညီတာဖြစ်ခဲ့တယ်ပေါ့နော်.အဲ့ဒီအခါမှာ မြန်မြန်သက်သာဖို့အတွက် ဒီ coffee scrub လေးကို တစ်ပတ် ၂ ခါလောက် သုံးပေးပြီး Moisturizer လေး နေ့တိုင်းလိမ်းပေးလိုက်တော့ အသားအရောင် မြန်မြန်ပြန်ညီလာတာ ကိုယ်တွေ့ပါပဲ....

Amara ရဲ့ Coffee Natural Scrub & Mask လေးကို သဘောကျသွားတာကတော့ သူ့အထဲမှာ ပါဝင်တဲ့ Coffee စေ့လေးတွေက အရမ်းကို သေးနေအောင် သေချာစီစစ်ထားပြီး ပျားရည်နဲ့ သံလွင်ဆီတွေကြောင့် ပွတ်တိုက်တဲ့ အခါလဲအရမ်းးအဆင်ပြေပါတယ်။ သခွားးသီးနဲ့ ရှားစောင်းလက်ပပ်တွေအနှစ်ပါတော့ အသားကိုလဲ အေးးမြစေပါတယ်.
ဖြိုးပရဲ့ အသုံးပြုပုံလေးကတော့ ညဖက်မျက်နာ မိတ်ကပ်ဖျက်ပြီးရင် ရေနဲနဲစွတ်ပြီး Amara ရဲ့ Coffee Natural Scrub & Mask လေးကို တစ်ကော်လောက်ယူ သေချာပွတ်ပေး နှိပ်နယ်ပေးပါတယ်။ ၃ မိနစ်လောက်ထားပြီး မျက်နာ ပြန်သစ်ချရင် သိသိသာသာ အသားရေစိုပြေပြီး သန့်နေတာကို တွေ့ရပါတယ်။ Scrub လေးကိုတော တစ်ဗူးကို ဖောက်ပြီး ၃ လအတွင်းသုံးရမယ်တဲ့. Organic Product ဆိုတော့ ကြာကြာအရမ်းမခံဘူးလေ. ၀ယ်မယ်ဆိုရင်တော့ - ၅၀၀၀ ကျပ်ပါတဲ့




ချစ် Follower လေးတွေက အခု Amara Brand လေးရဲ့ ဖြိုးပ အကြိုက်ဆုံးလေးတွေအကြောင်း သိပြီဆိုတော့ မှာဝယ်ယူချင်ရင် အောက်ကလင့်လေးကို မေးနော်.
https://www.facebook.com/Amara-natural-product-1679256912366805/


#PhyopapaBlogs #MyanmarBeautyBlogger

☆ Follow me!

☆ Join Our Fan Group

☆ For business inquiries
• Tel : +959 250971282(Phyopa's Assistant)

Comments

Popular Posts