Lipstick Review // Double Ended Gold Lipsticks
Life Beauty Gold Lipstick 💎✨💎✨
Review, Swatches  🎉🎉💝
🎀💋💄👄
🎀💋
Unicode Version
Review, Swatches  🎉🎉💝
မိန်းကလေးတိုင်းလို အလှပြင်တိုင်းး အထင်ပေါ်ဆုံးနဲ့ အလှဆုံးဖြစ်စေချင်တာ နှုတ်ခမ်းတစ်စုံပဲလေ။ ဖြိုးပကတော့ Lipstick ကိုစွဲလမ်းးတဲ့မိန်းကလေးတစ်ယောက်ပါ
ဟီးးး ၀န်ခံပါတယ်။ ဘာလို့လဲဆိုတော့ Lipstick အရောင်လှလှလေးးဆိုထားမှသာပဲ ကိုယ့်ကိုကိုယ်ယုံကြည့်မှု အပြည့်ဖြစ်နေတာပါ။
အခုလဲ ဈေးကွက်ထဲမှာ နာမည်ရပြီးသားဖြစ်တဲ့ Life Beauty ကနေပြီးတော့ Gold Lipstick ဆိုတာလေးးတွေကို New Year တုန်းက အသစ်ထွက်ထားးတယ်လေ။ ဖြိုးပဆီကိုတော့ သူတို့က PR Gift အနေနဲ့ပေးးထားတာ မွေးနေ့ကထဲကဆိုတော့ လက်တလော ဆိုးဖြစ်နေပြီးတော့ ထူးးခြားချက်က တစ်ချောင်းမှာ Lipstick 2 တောင့်ဆီပါတာဆိုတော့ အရောင်လေးတွေစပ်ဆိုးးရတာ ကြိုက်တဲ့ ဖြိုးပကတော့ လက်ဆွဲဖြစ်နေပါတယ်။
ဒီတော့ Lipstick Review အသစ်လေးးပေးရင်း Life Beauty ရဲ့ Gold Lipstick လေးတွေရဲ့ အရောင်လေးတွေကိုပြလိုက်တယ် ။ တစ်ခါထဲ ဖြိုးပချစ်ချစ်တွေအတွက် Giveaway လေးလဲ ထည့်ပေးထားပါတယ်ရှင့်
What is Life Beauty Gold Lipstick? 
🎀💋💄👄
Life က Lipstick တော်တော်များးများး ဖြိုးပသုံးဖူးတယ် အရောင်ရွေးထားးတာလေးတွေနဲ့ Quality တွေက ပေးရတဲ ဈေးထက်ကို ကောင်းးတာတွေ့ရပါတယ်။ ပိုကြိုက်တာက မြန်မာပြည်နေရာ တော်တော်များးများးမှာလဲ Life Beauty ကောင်တာတွေရှိသလို အလှကြိုက်သူတိုင်းး လွယ်ကူစွာရှာနိုင်တယ်လေ။ အခု ၂၀၁၉ မှာအသစ်ထွက်တဲ့ Gold Lipstick ကတော့ နာပတ် ၆ ခုနဲ့လာပြီးတော့ Packaging ကလဲအလန်းးစား ဆိုတော့ ချစ်တို့ စိတ်၀င်စားကြမှပါ။ 
Double-sided Lipstick ဖြစ်ပြီး တစ်ချောင်းးထဲကို ၂ ရောင်နဲ့ Texture ၂ မျိုးဆိုတော့ နှုတ်ခမ်းနီ အရောင်လှလှလေးတွေဆိုချင်ပြီး အများးကြီး၀ယ်မစုချင်တဲ့ မိန်းကလေးတွေကတော့ အရမ်းးသဘောကျမှာဖြစ်ပါတယ်။ သူက အရောင်ရွေးချယ်မှုတွေက ၂ မျိုးး ၂ ရောင်လုပ်ထားးပြီးတော့ moisture ပြည့်နေတဲ့ Lipstick မျိုးးပါ ။
ဒီတော့ ဖြိုးပက Lipstick နာပတ်လေးတွေအလိုက ကာလာလေးတွေကို ပြောပြချင်တယ်နော်
💄👄 Color - 01 က အရောင်တွေကတော့ အသားဖြူပြီးလတ်တဲ့သူတွေနဲ့ ကိုက်မှာပါ ။ တစ်ဖက်က Peachy ကာလာလေးး တစ်ဖက်ကတော့ ပန်းရောင်ကိုမှ Metallic လေးးဖြစ်ပါတယ်။
💄👄 Color - 02 ကတော့ ဘယ်လိုအသားရောင်နဲ့ဖြစ်ဖြစ်လိုက်တဲ့ကာလာတွေပါတယ်။ ဖြိုးပအကြိုက်ဆုံးဖြစ်တဲ့ နီညိုရောင်လေးးနဲ့ တစ်ဖက်ကတော့ Coral ကာလာလေးးကိုမှ Metallic လေးဖြစ်ပါတယ်။
💄👄 Color - 03 ကတော့ အရမ်းးလှသလိုပဲ အသားရောင်တိုင်းးရွေချယ်နိုင်ပါတယ်။ ညိုတဲ့သူတွေနဲ့တောင် လိုက်တဲ့ မရမ်းရောင်လေး ပါတယ်ပြီးတော့ Champagne Color Metallic Lipstick လေးကတစ်ဖက်ပါတယ်။
💄👄 Color - 04 ကတော့ မိန်းကလေးတိုင်း ကြွေပြီး Popular အဖြစ်ဆုံးပါ. တစ်ဖက်ကတော့ Gold Metallic ရွေရောင်စစ်စစ် လေးဖြစ်ပြီးတော့ တစ်ဖက်ကတော့ ပန်းးရောင်ကိုမှ အရမ်းအသားဆောင်တဲ့ Mauve Pinky ကာလာလေးးပါ. ဖြိုးပအရမ်းးကြိုက်
💄👄 Color - 05 ကတော့ ထူးထူးးခြားခြားး ကာလာ ၂ ရောင်ကတော်တော်လေးးဆင်ပါတယ်။ ပြီးတော့ တစ်ဖက်က Matte တစ်ဖက်က moisture နဲ့ပေါ့နော် ဖြိုးပပုံမှပြထားးပေးတယ်နော် . ဒီကာလာလေးတွေက အသားရောင်တိုင်းရွေးနိုင်သလို ဘယ်မိတ်ကပ်ပြင်ဆင်တာနဲဖြစ်ဖြစ် လိုက်တယ်။
💄👄 Color - 06 နောက်ဆုံးးအရောင် အလန်းးဆုံးးအရောင်တွေပါ . လူတိုင်းတော့ မကြိုုက်လောက်ပေမယ့် လူငယ်တွေကတော့ ဒီဟာလေကို ကြွေမှာသေချာတယ်။ တစ်ဖက်က Violet ခရမ်းရောင် တောက်တောက်လေးးဖြစ်ပြီး တစ်ဖက်ကတော့ Pure Pink ပန်းရောင်ဖြစ်ပါတယ်။ ၂ ရောင်စပ်ဆိုးးရင် အရမ်းလှတာနော်
ဖြိုးပကာလာထွက်လေးးတွေကို သေချာပြထားးပေးတယ်နော် ပုံလေးတွေမှာ သေချာကြည့်ပေးနော် ဘေဘီတို့  <3  <3
Life Gold Lipstick လေးးတွေကို 
🎀💋
1. တစ်ချောင်းးထဲမှာ ၁ ရောင်ပါလို့ အရောင်ကို စပ်ဆိုးးရင်းနဲ့ အရောင် ၃ ရောင် ထိလှတပတ ဆိုးလို့ရတယ်။
2. Lipstick တင်မဟုတ်ပဲ Cream Blusher. Eyeshadow နဲ့ Highlight အနေနဲ့ သုံးလို့ရတယ်နော်။
3. ဖြိုးပကြိုက်တာကတော့ Packaging လှလှလေးနဲ့ကိုမှ Quality ကောင်းတဲ့ Lipstick လေးတွေကြောင့်ပါ။
4. Lipstick က အစိုထိန်းနိုင်တဲ့ အမျိုးစားဖြစ်တော့ အခုလို ရာသီမှာလဲ သင့်တော်တယ်။ ပြီးတော့ နှုတ်ခမ်းသားကွဲတာတွေမဖြစ်တော့ဘူးပေါ့။
5. ကာလာထွက်ကလဲ တွေ့တိုင်းးအတိုင်းပဲ အရောင်ထွက်လှတယ် ပြီးတော့ Metallic ကာလာ Shimmer အပြောင်ပါတာလေးတွေကလဲ အရမ်းးရိုင်းတဲ့ဟာမျိုးးမဟုတ်ပဲ အခုခေတ် မိန်းကလေးတွေ Glow ချင်တယ်ဆိုရင် ရွေးချယ်လို့ရပါတယ်နော်။
6. Lipstick ကဆိုးးထားရင် အရမ်းပေါ့ပါးတယ်။ စေးးကပ်တာတွေမရှိပဲ အနံ့မပါဘူးးဆိုတော့ အရမ်းးကောင်းတယ်။
7. Lipstick မှာစေးကပ်နေတာမျိုးးတွေလုံး၀ ဖြစ်မှာမဟုတ်ဘူးးနော် ဆိုးးထားမှန်းတောင်မသိသာဘူး.
8. Long Lasting ကတော့ အဆီတွေမစားးရင် အေးအေးဆေးဆေးခံပါတယ်။ Waterproof ဖြစ်တယ် ပြီးတော့ အပေါ်က တစ်သျှူးလေးနဲ့ လုပ်ပေးရင် တစ်နေကုန်ခံတယ်။
9. ဖြိုးပကတော့ အခု Life Gold Lipstick လေးတွေကို Lipstick ရော Highlighter အနေနဲရော Blusher အနေနဲ့ရော အစုံသုံးးတာပဲ ။
10. ဈေးနှုန်းသင့်ပြီးစိတ်ချရတဲ့ Brand ဖြစ်တယ် ကာလာတွေကလဲ ကိုယ်သဘောကျသလို ရွေးလို့ရတော့ Recommendation ပေးချင်ပါတယ်နော်။
Life Gold Lipstick တစ်ချောင်းးကို ၁၂၀၀၀ ကျပ်နဲ့ ကောင်တာတွေမှာ စမ်းဆိုးပြီးအားပေးလို့ရပါတယ်ရှင့် Life Beauty ရဲ့ Official Page ကိုလဲ LIKE လူပ်ထားးဦးနော် .
https://www.facebook.com/LIFECOSMETICMYANMAR/
Comments
Popular Posts