Ice Cream Freeze Primer Water & Setting Spray Review
How to use?
✨ To wet Sponge or Brush
✨ Makeup Setting Spray
✨ To touch up & Freshen up
Don't (မလုပ်ရမှာလေးတွေ)
Good Points ✨✨
Unicode Version
Hearty Heart ရဲ့ Ice Cream Freeze Primer Water & Setting Spray Review
Hellooo အားလုံးပဲ မင်္ဂလာပါနော်..
ဒီ Christmas တုန်းက Hearty Heart ရဲ့ အသစ်ထွက် Products လေးက ဘာလေးးလဲသိပြီးကြမယ်လို့တော့ထင်တယ်။ သူတို့ရဲ့ အရမ်းချစ်ဖို့ကောင်းပြီး Makeup Lovers တွေအတွက်လဲ အရမ်းးအသုံး၀င်တဲ့ Primer Water / Makeup Setting Spray အသစ်လေးကို ထုတ်လိုက်ပါတယ်။
နာမည်လေးကတော့ Ice Cream Freeze တဲ့ မွှေးနေတဲ့ ရေခဲမုန့်အနံ့လေးနဲ့ ဗူးသေးလေးတွေနဲ့ထုတ်ထားပြီးတော့ ဖြိုးပကိုတော့ သူတို့ PR gifts လာပေးထဲက သုံးထားတာ အခုဆို တစ်ဗူးးကုန်ပြီ. ဟီးဟီး ဒီတော့ Review လေးပေးပြီး ချစ်တို့ကိုလဲ Giveaway လေးလုပ်ပေးချင်ပါတယ်။
Ice Cream Freeze က Packaging ကတော့ ထုံးစံအတိုင်း ကျစ်ကျစ်လစ်လစ် ဘူးသေး
လေးပဲဆိုတော့ သယ်သွားရတာ လွယ်တယ် ထုတ်သုံးရလဲ လွယ်တယ် very travel friendly ပဲ။ Product information နဲ့ သုံးနည်းလေးတွေကအမ သေချာဖော်ပြထားးးပါတယ်။
Primer Water & Setting Spray ဆိုတော့ ဖြိုးပက အခြားးဟာတွေပြောပြနေတာထက် တစ်ကယ် ထိထိရောက်ရောက် အသုံးပြုနည်းကို ပြောပြပေးပါမယ်။
How to use?
✨ Primer before foundation
(Skincare တွေလိမ်းပြီး Sunscreen လိမ်းပြီးရင် Ice Cream Freeze လေးကို မိတ်ကပ်တွေစမလိမ်းခင် မျက်နှာတစ်ပြင်လုံးကို ဖြန်းးလိုက်ပါ)
✨ To wet Sponge or Brush
(ဖြိုးပကတော့ မိတ်ကပ် Foundation ကို Glowy ဖြစ်ချင်ရင် လိမ်းတဲ့ ဖော့လေးမှာ Ice Cream Freeze လေးဖြန်းတယ်။ Foundation ဖြန့်ရလွယ်ပြီး စိုစိုပြောင်ပြောင်လေးဖြစ်စေတယ်။ Brush တွေမှာ ဖြန်းမယ်ဆိုရင် eye shadow, Highlighter တွေသုံးရင် အရမ်းကို Bling စေပါတယ်။
✨ Makeup Setting Spray
(ဖြိုးပကတော့ Foundation & Powder အဆင့်ပြီးရင် တစ်ခါဖြန်း မိတ်ကပ်တွေအကုန်လိမ်းပြီး တစ်ခါဖြန်းးး ဒီတော့ Makeup ကို Long lasting ဖြစ်စေပြီး Glowy စိုစိုလေးဖြစ်စေတယ်)
✨ To touch up & Freshen up
(အပြင်တွေဘာတွေသွားလဲ ဖြိုးပကတော့ အိတ်ထဲထည့်သွားပြီး ဖြန်းးပေးတယ်။ လန်းဆန်းစေတယ် မိတ်ကပ်သားလဲ ပြန်တက်စေတယ်)
ဖြိုးပသုံးဖြစ်တဲ့ နည်းလေးတွေကတော့ ဒီဟာလေးတွေပေါ့နော်.
Ice - cream Freeze လေးကို မသုံးတက်သေးး သူတွေသတိထားး ရမှာလေးတွေကိုလဲ ပြောပြချင်ပါသေးတယ်။
Do (လုပ်ပေးသင့်တဲ့ အချက်လေးတွေ)
🍀 Ice Cream Freeze မသုံးခင် ဗူးလေးကို Shake လေး လုပ်ပေးပါ။
🍀 မိတ်ကပ်မလိမ်းခင် Primer အဖြစ် အသုံးပြုပေးပါ။
🍀 အေးတဲ့နေရာမှာ သိမ်းဆည်းပါ
🍀 Eyeshadow Color ပိုတက်အောင် Eyeshadow Brush လေးကိုဖျန်းပြီးသုံးနော်။
Don't (မလုပ်ရမှာလေးတွေ)
🍀 Ice Cream Freeze လေး ကို မျက်နှာနား ကပ်မဖြန်းနဲ့ တစ်ပေလောက်က ဖြန်းပါ.
🍀 Mascara/ eyeliner တွေ သုံးပြီးနောက် ချက်ချင်းမဖျန်းရပါ။
🍀 ပူတဲ့နေရာမှာ မထားရပါ။ ရေခဲသေတ္တာထဲ သိမ်းလို့ရတယ်။
🍀 Spray ဖျန်းပြီးနောက်မှ Powder Makeup Blend မလုပ်ရပါ။ ခြောက်အောင်စောင့်ပြီးမှ လုပ်နော်။
Good Points ✨✨
- သုံးတဲ့အခါတိုင်းး အရမ်း Refresh ဖြစ်တယ်။ ဘယ်သွားသွား သယ်ဖြစ်တယ်။
- All skin types သင့်တော်တယ်။ Sensitive skin သမားတွေတော့ သေချာစမ်းစစ်စေချင်တယ်။
- Makeup တွေကို ထူလပြစ်ဖြစ်တာတွေက ကာကွယ်ပေးတယ် မိတ်ကပ်သားတက်စေတယ်။
- Makeup Setting Spray အနေနဲ့ သုံးရတာ အရမ်းးကြိုက် အရမ်းးကြာကြာခံစေတယ်။
- အဆီပြန်တာထိန်းပေးတယ်။ Oily skin သမားတွေအတွက် အကိုက်ပဲ။
- ဈေးးအရမ်းတန်သလို ချစ်ဖို့ကောင်းးပြီး Quality လဲကောင်းလို့ စမ်းစေချင်ပါတယ်။
Comments
Post a Comment