Hydra Water Gel Review for Glowing Hydrated Skin
3. အသားရေကို နူးညံ့စိုပြေစေပြီးတော့ အရေးအကြောင်းတွေကနေလဲ ကာကွယ်နိုင်တယ်။
How to use
#PhyopapaBlogs
Read on Facebook & Share
https://www.facebook.com/phyopapablogs/posts/2187258841491155?__tn__=K-RUnicode Version
Bella ရဲ့ Packaging သစ်လေးးနဲ့ Hydra Water Gel လေးအကြောင်း ✨💧💦👸
Bella ရဲ့ အသစ်ထွက်တဲ့ Moisturizer လေးအကြောင်း ထပ်ပြောပြချင်လို့ပါ
ဖြိုးပ အမြဲလိုလို ပြောနေတဲ့ အသားရေအစိုဓာတ်ပြည့်၀ပါစေ … အမြဲလိုစိုပြေအောင် ထိန်းသိမ်းပါ ဆိုတာက ဒီအချက်ကို ပြောတာဖြစ်ပါတယ်။ ဖြိုးပကိုယ်တိုင်လဲ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် တက်နိုင်သလောက် moisturize လုပ်ဖို့တော့ မမေ့ပါဘူး။ ဖြိုးပတို့ Skin Problems တွေရဲ့ အရင်းအမြစ်က အရေပြားအစိုဓာတ်မရှိတာကြောင့် ဖြစ်တာ ၈၀%လောက်ပါ၀င်နေပါတယ်။
ဖြိုးပတို့ အသားရေက အမျိုးအစားအလိုက် သူ့အစိုဓာတ်နဲ့ ရှိတာပေါ့နော်။ အဲ့မှာမှ အစိုဓာတ် ကုန်ခမ်းသွားရင် အသားခြောက်မယ်၊ အရေးအကြောင်းထွက်မယ်၊ မှဲ့ခြောက်ကနေ တင်းတိတ်တွေဖြစ်နိုင်မယ်၊ အဆီပြန်တဲ့သူတွေဆိုရင် အဆီတွေက ပိုထွက်လာနိုင်တယ်၊ အစိုဓာတ်ကျတော့ မရှိပဲ အဆီပြင်တွေပဲ များနေမယ် အဆီဖုနဲ့ ကြာဆူးလိုလေးတွေ ထွက်တက်တယ်ပေါ့နော်။
ဖြိုးပအတွက်လဲ အသားရေ အစိုဓာတ်ထိန်းဖို့က အရမ်းကို အရေးပါပါတယ်။ ဒီနိုင်ငံ ရာသီဥတု အခြေအနေအရ အသားရေ အစိုဓာတ်ထိန်းကရင်မ်တွေက ရွေးချယ်ဖို့လိုအပ်ပါတယ်။
ပုံမှန် ကရင်မ်တွေအစား Water-based Gel လေးတွေသုံးဖို့ ပိုသင့်တော်ပါတယ်။ လိမ်းတဲ့အခါလဲ အေးမြပြီးတော့ အသားရေကို အဆီမထွက်စေပဲ စိုပြေဖို့ လိုပါတယ်။
Bella ရဲ့ အသစ်ထွက်တဲ့ Gel လေးကတော့ အပြာရောင် Gel လေးဖြစ်ပြီးတော့ လိမ်းလိုက်တာနဲ့ အေးမြမှုကို ချက်ချင်းခံစားရတာ. ပြီးတော့ စေးကပ်ကပ်ဖြစ်နေတာမျိုး မဟုတ်ပဲ အသားထဲကို သေချာစိပ့်၀င်လွယ်သေးတယ်။
အနံ့အသက်ကလဲ ပြင်းနေတာမျိုးမဟုတ်တော့ Sensitive Skin သမားတွေက အစ သုံးနိုင်ပါတယ်။ ဖြိုးပကတော့ သုံးဖြစ်တယ် သူတို့က အရင်က အထုပ်သေးလေး လာတယ်ဆိုပေမယ့်လေ အခု Packaging အသစ်နဲ့ ဗူးအကြီးထပ်ထုတ်ဖြစ်တယ်ဆိုတော့ သေချာသိမ်းပြီး နေတိုင်းသုံးချင်သူတွေအတွက် အရမ်းကို အဆင်ပြေမှာပါနော် ...
လက်တစ်ကိုင်စာလောက်လေးကို ဖြိုးပတို့ ကိုင်ရမခက်ခဲတဲ့ အချိုးအစားလေးကိုမှ Airless pump container (ညှစ်ခေါင်းပါတဲ့ဗူး) လေးနဲ့ထုပ်ပိုးထားတာမို့ သုံးရလွယ်ကူသပ်ရပ်ပြီး အရမ်းအဆင်ပြေစေပါတယ်နော်။ ကော်ကျွတ်ကိုမသုံးထားတာကြောင့် တော်တန်ရုံအိတ်ထဲမှာဖိမိပြုမိလို့ အဖုံးကွဲသွားတာမျိုးလည်းမကြုံရတော့ဘူးပေါ့။ အသစ်ထုတ် အပြာရောင် ဗူးလေးကို အရမ်းတွေ သဘောကျနေတယ်။
✨ Product Texture ကိုလေ့လာကြည့်တဲ့ အခါမှာတော့ ဖြိုးပအကြိုက်ဆုံး အချက်လေးလို့ ပြောလို့ရတယ်လေ။ အကြိုက်ဆုံးအပိုင်းပါပဲ။
လိမ်းရင်ပိုးသားလေးလိုနူးညံ့တဲ့ texture ကြောင့် လိမ်းပြီးတဲ့အခါ အဆီပြန်သလိုကြီးမကျန်ခဲ့ပဲ အလျင်အမြန် smooth ဖြစ်သွားတာက သူ့ရဲ့အားသာချက်တွေထဲကတစ်ခုပါ။ jelly လေးလိုပဲ အပြာနုလေး ... လိမ်းနေတုန်းမှာ စိုစိုအေးအေးလေးခံစားရပြီး လိမ်းပြီးခဏနေတာနဲ့ ပိုးဖယောင်းသားတစ်လွှာ မျက်နှာပေါ်တင်လိုက်သလို နူးညံ့သွားတာမျိုး။
Bella ရဲ့ Oil Free Gel Moisturizer လေးက -
1. စေးကပ်မှုမရှိပဲ အသားရေကို စိုပြေအေးမြစေတယ်။
2. အရေပြားရဲ့ အစိုဓာတ်ကို အချိန်ကြာကြာထိန်းထားနိုင်တယ်။
3. အသားရေကို နူးညံ့စိုပြေစေပြီးေတော့ အရေးအကြောင်းတွေကနေလဲ ကာကွယ်နိုင်တယ်။
4. မနက်ပိုင်းမှာ Makeup Foundation မလိမ်းခင် အစိုထိန်းကရင်မ်အနေနဲ့ လိမ်းလို့ရသလို ညဖက်မှာလဲ Night Cream လေးလို့ သုံးနိုင်ပါတယ်။
5. ဘယ်အသားရေနဲ့ ဖြစ်ဖြစ် အဆင်ပြေတော့ အိုကေမှာ စိုပြေပါတယ်လို့
6. အခုထုပ်ပိုးးမှု ပုံစံအသစ်လေးက အသုံးပြုရလွယ်တယ် သိမ်းရလဲလွယ်တယ်လေ.
7. အနံ့ကတော့ ခပ်သင်းသင်း ယဉ်ယဉ်လေးမို့ အတော်များများ လက်ခံနိုင်မယ့် အနံ့မျိုးလေးပါ။
8. အဆီပြန်တာကို ထိန်းနိုင်ပြီးတော့ အဆီဖုတွေကိုလဲ ကာကွယ်နိုင်တယ်နော်။ all skin type အသုံးပြုနိုင်ပါတယ်ရှင့်
9. အရေပြားထဲမှာရှိတဲ့ dry skin cells တွေကို ရေဓာတ်ကို ပြန်လည် ထုတ်လွှတ်ပေးတာကြောင့် အသားပပ် အသားခြောက်တာတွေကို ထိထိရောက်ရောက် လျော့ကျစေတယ်။
10. ဖြိုးပအကြိုက်ဆုံး အချက်ကတော့ မိတ်ကပ်အောင်မှာ ခံလိမ်းတဲ့အခါလဲ မိတ်ကပ်သား ပိုမိုလှစေပါတယ်ရှင့်
11. ဆောင်းတွင်းအသားပပ်အသားခြောက်တာကိုကာကွယ်ဖို့ အသုံးပြုပေးနိုင်တယ်။
ဖြိုးပကတစ်ခါထဲ အသုံးပြုနည်းလေး ပြောပြချင်ပါတယ်။
How to use
💧ဖြိုးပကတော့ တစ်နေ ့တာ day and night skincare routines မှာ toner လိမ်းပြီးတဲ့နောက် moisturizer အနေနဲ့ အသုံးပြုပါတယ်။
💧 မိတ်ကပ်မလိမ်းခင်မှာ moisturizer အနေနဲ့ကော primer အနေနဲ့ပါ အသုံးပြုလို့ရတယ်။
💧ညအိပ်ရာ၀င်ခါနီးတိုင်း night sleeping mask တစ်ခုလိုလိမ်းအိပ်နိုင်တယ်။
💧 နောက်ဆုံးဘယ်မှမသွားလို့ အိမ်မှာနေရင်းလိမ်းထားရင်တောင်မှ အသားအရည်အတွက် အထောက်အကူပြုပေးနေမှာပါ။
မိတ်ကပ်မလိမ်းချင်ပါဘူးဆိုတဲ့👦👦👦 ယောင်္ကျားလေးတွေလည်း အပြင်သွားခါနီးတိုင်း သူ့ချည်းပဲ လိမ်းသွားမယ်ဆို အသားအရည်စိုစို၀င်း၀င်းလေးနဲ့ ကြည့်ကောင်းနေစေမှာပါ။
တစ်ခုသတိပေးပြောပြချင်တာကတော့ အခု Bella ရဲ့ အရမ်းရောင်းကောင်းတဲ့ Best Seller တစ်ခုအနေနဲ့ ဈေးကွက်ထဲမာတော့ မဟားတရား ရောင်းနေရတယ်တဲ့နော် ....
အားလုံး အသိနောက်မကျရစေအောင် 💦 ဖြိုးပက Updated Review လေးလာပေးလိုက်ရပါတယ်နော် 😍
ဈေးနှုန်းအသစ်လေးကတော့ ၄၉၉၅ ကျပ်ပါပဲနော် 💗💖💓
#PhyopapaBlogs
https://www.facebook.com/phyopapablogs/posts/2187258841491155?__tn__=K-R
Comments
Post a Comment