Hair Essential Oil that really works // Argan Oil

 









Good Points 🌿🌿🌿🌿

#PhyopapaBlogs

https://www.facebook.com/phyopapablogs/posts/2218063698410669?__tn__=-R


Unicode Version


ဆံပင်အလှအတွက် ဘက်စုံသုံးနိုင်တဲ့ GOLDILOCKS Argan Oil 💫🌟✨Argan Oil Essence🌵🌱🌼🌾
Helloo အားလုံးပဲ မင်္ဂလာပါရှင့် ...
ဖြိုးပဒီကနေတော့ Haircare Review လေးတစ်ခုနဲ့ ပြန်လာခဲ့ပါတယ်နော် ... အားလုံးကလဲ Review အသစ်လေးမျှော်နေမယ်ထင်ပါတယ်ရှင့်
အခု Review ပေးချင်တဲ့ Products လေးကတော့ Argan Oil Essence လေးပါ။ သူကိုတော့ ဖြိုးပကအဓိက Haircare Product အနေနဲ့ပဲ သုံးဖြစ်ပေမယ့် ဖြိုးပသေချာလေ့လာပြီးတော့မှ သိရတာကတော့ သူက အလှအပရေးရာကို သေချာသုံးလို့ရတာ တွေ့ရပါတယ်ရှင့် 💗💓
🇰🇷 Made in Korea 🇰🇷 Brand တစ်ခုဖြစ်ပြီးတော့ Myanmar FDA approved products တွေထုတ်တဲ့ GOLDILOCKS Brand ကဆိုတော့ ဆိုတော့ quality ကောင်းပြီးတော့ လူကြိုက်များတယ်ဆိုတာ ဖြိုးပသိပီးသားပါ အခု Argan Oil လေးကတော့ ဖြိုးပသုံးတာ ၂ လရှိပြီ Quility ကိုအရမ်းသဘောကျပီး ဖြိုးပရဲ့ အမြဲတမ်း chemical ထိနေတဲ့ဆံပင်ကို သိသိသာသာ တောက်ပြောင်လှပအောင် ထိန်းထားပေးနိုင်တာကြောင့် အရမ်းသဘောကျမိတယ် အခု ဒီ Review လေးထဲမှာလဲ ဖြိုးပ ဒီ ၂ လအတွင်းအသုံးပြုခဲ့တဲ့ အတွေ့အကြုံနဲ့ benefits လေးတွေကို သေချာပြောပြချင်လို့ပါ။
ဖြိုးပရဲ့ ဆံသားက ထူပေမယ့် Chemical ထိတာများတော့ တောက်ပမှုလျော့နဲတက်ပါတယ်။ ဆံသားအရောင်မွဲတာနဲ့ ဆံသားကြေမွတာမျိုးလေးတွေ ရှိတယ်လေ။
အခု Argan Oil လေးကတော့ ဆံသားအတွက် မရှိမဖြစ် Essential Oil လို့တင်စားရလောက်အောင် ကောင်းမွန်ဆိုတာ တော်တော်များများ သိကြမှာပါနော် 😍 Argan Oil ဆိုတာတော့ လူနည်းစုနေထိုင်ရာ မော်ရိုကို နိုင်ငံနှင့် မြောက်အာဖရိကရဲ့ တစ်ချို့သော ဒေသတွေမှာသာ ပေါက်လေ့ရှိတဲ့ ရှားပါးတဲ့ Argan အပင်မှ ထုတ်ယူသော အသီးအဆံမှ ရရှိတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။
အခုဖြိုးပသုံးနေတဲ့ Argan Oil Essence လေးရဲ့ အသုံးပြုပုံနဲ့ ကောင်းကျိုးလေးတွေ ပြောပြချင်ပါတယ်။
Good Points 🌿🌿🌿🌿
- Packaging ကအရမ်းအဆင်ပြေပြီ ဖန်ဗူးလေးနဲ့ပါ .. pump လေးနဲ့ဆိုတော့ ထုတ်ရလွယ်တယ်။
- အနံ့လေးက အရမ်းသင်းတယ်။ ကိုယ့်ဆံပင်လေးကို နမ်းလိုက်ရင်မွှေးနေတာလေး ကြိုက်ပါတယ်လို့
- နေလောင်ဒဏ်နဲ့ အခြောက်ခံစက် ဖြောင့်စက် ကောက်စက်က အပူဒဏ်တွေကြောင့် ဆံပင်အရောင်လွင့်တာကို ကာကွယ်နိုင်တယ်။ 
- အပူချောင်းနဲ့ မလိပ်ခင် မဖြောင့်ခင် ကြိုပြီးလိမ်းရင် အပူခံနိုင်ပြီးတော့ ဆံသားဖွာတာမျိုး လုံးဝမရှိပါဘူး ။ 
- ဖြိုးပတို့လို့ အရောင်အရမ်းဆိုးတဲ့ ဆံသားပိုင်ရှင်တွေက ခေါင်းလျှော်ပြီး တိုင်းလိမ်းပေးစေချင်ပါတယ်။ 
- ဆံသားအရောင်လွင့်ခြင်း အဖျားနှစ်ခွဖြစ်ခြင်း ခြောက်သွေ့ခြင်းတွေဒဏ်မှ အပြည့်အဝကာကွယ်ပေးပါတယ်။
- နှစ်ခွဖြစ်နေတဲ့ ဆံသားတွေကိုတော့ အားဖြည့်ပေးနိုင်တာသိသာပါတယ်။ လိမ်းနေရင်းကို အဖျား ၂ ခွတွေပျောက်တယ်။ 
- Argan oilကို လိမ်းပြီးရင်တော့ ဆံပင်တွေဖွာ မနေစေဘဲ ပျော့ပြောင်းပြီး ကိုယ်လိုချင်တဲ့ပုံသွင်းရတာလွယ်သွားပါတယ်။ 
- ဆံသားကို ပြားကပ်ကပ်ဖြစ်မနေစေဘဲ ပုံကျလှပစေပါတယ်။
- ဆံပင်ကျွတ်တက်တဲ့ သူတွေလဲ ရွေးချယ်နိုင်ပါတယ်နော် ... ဖြိုးပက ဆံပင်ဆေးထိတော့ ခေါင်းလျော်တိုင်း ဆံပင်ကျွတ်တက်တာကိုတော့ GOLDILOCKS Shampoo နဲ့ အိုကေပေမယ့် ခေါင်းဘီးလို့ ကျွတ်တာမဖြစ်တော့ဘူး 😍
- ဖြိုးပအကြိုက်ဆုံး နောက်ဆုံးအချက်ကတော့ ... လိမ်းထားရင် ဆံသားပေါ်မှာ ကပ်စေးစေးလုံးဝမဖြစ်ပဲ ... တောက်ပနေတာမျိုးလေးအကြိုက်ဆုံးပါ ။ 
- ဆံသားက ကြမ်းပြီး ကြွေမွနေတယ်ဆိုရင်တော့ ... လိမ်းလိုက်ရင် နဂိုကထက်ပိုပြီးတော့ ပျော့သွားစေတယ်။
💰Argan Oil Essence 100ml : 24,000 ကျပ်နဲ့ ဝယ်လို့ရပါတယ်နော် ... 
ဒီတော့ အခုဖြိုးပ Review ပေးလိုက်တာလေးကို စိတ်ဝင်စားတယ် မေးချင်တယ်ဆိုရင်တော့ .. comment မာမေးခဲ့နော် ..
#PhyopapaBlogs


Comments

Popular Posts