Cute Press Magic Cover Foundation Review // Full Coverage Foundation
🌸 ဖြိုးပမကြိုက်တာလေးးတစ်ခုကတော့ သူတို့အရောင်ေ၇ွးဖို့နည်းနေတာလေးပေါ့နော် .. အရောင် ၂ ရောင်ထဲထက် ရွေးချယ်နိုင်အောင် ထုတ်ပေးပါလို့ တောင်းဆိုပါတယ်ရှင့်
#NewProduct #MagicCover #LiquidFoundation #CutePressMyanmar#BeautyBestFriend
ချစ်တဲ့
#PhyopapaBlogs
☆ Follow me!
• FACEBOOK : http://www.facebook.com/phyopapablogs/
• YOUTUBE : https://www.youtube.com/user/phyopapaaung/
• INSTAGRAM: https://www.instagram.com/phyopapablogs
• WEBSITE: https://phyopapa.blogspot.com/
☆ Join Our Fan Group
• FACEBOOK : https://www.facebook.com/groups/312361129335354/
☆ For business inquiries
• Email : phyopapaaung99@gmail.com
• Tel : +959 250971282(Phyopa's Assistant)
https://www.facebook.com/phyopapablogs/posts/2174132009470505?__tn__=K-R
Unicode Version
Coverage ကောင်းပြီး Light Weight ဖြစ်တဲ့ Foundation ရှာနေသူတွေဖတ်ဖို့ Cute Press Magic Cover Whitening Liquid Foundation Review
❤🌸🌼💐💐
Hello ... အားလုံးပဲ မင်္ဂလာပါရှင့်
ဖြိုးပ ဒီနေ့ပြောပြမယ့် Product Review လေးကတော့ Cute Press ချစ်သူလေးတွေအတွက် Magic Cover Series ထဲက အသစ်ထွက်လာတဲ့ product အသစ် Whitening Liquid Foundation လေး အကြောင်းပဲ ဖြစ်ပါတယ်။
အခုမှ နောက်ဆုံးပေါ် Cute Press ရဲ့ Latest Product လဲဖြစ် ချစ်ကလေး ပန်းရောင်ခြယ်လေးနဲ့ TVC အသစ်လေးတက်ထားးတဲ့ အဆီပြန်သူတွေအတွက် အကိုက်ညီဆုံး foundation တစ်ခုလဲဖြစ်ပါတယ်။ အဲ့တာကတော့ Cute Press Magic Cover Whitening Liquid Foundation လေးပါတဲ့ ...
Cute Press ရဲ့ Product လေးတွေက quality နဲ့ affordable ဖြစ်တဲ့ price လေးတွေကြောင့် သဘောကျကြမယ်ဆိုတာ ဖြိုးပသိနေပါတယ်နော် ....
ဖြိုးပ Followers လေးတွေ သိကြလားးတော့ မပြောတက်ပေမယ့် အရင်တစ်ခေါက်တုန်းကလေး REVIEW တွေအရမ်းကောင်းတဲ့ Cute Press ရဲ့ Magic Cover series မှာပထမထွက်ခဲ့ဖူးတဲ့ Powder foundation လေးကလဲ အရမ်းးမိုက်လို့ ကြားဖူးကြမယ်ထင်ပါတယ်နော်။
ဒီတစ်ခေါက် အသစ်ထွက်လာတဲ့ Foundation ကလည်းအမိုက်စားပါပဲနော်။
ဒီတော့ ဈေးသက်သာပြီး လူငယ်တွေနဲ့ သုံးလို့ သင့်တော်မယ့် Magic Cover Whitening Liquid Foundation ကို ဖြိုးပက Personal Honest Review လေးပေးချင်ပါတယ်။
သိချင်တယ်ဆိုရင် ... ဆက်ဖတ်သွားနော်
What is Magic Cover Whitening Liquid Foundation?
ဖြိုးပတို့ မိတ်ကပ်လိမ်းးသူတိုင်း လိုအပ်တဲ့ Daily Makeup အတွက် အသင့်တော်ဆုံး Liquid Foundation လေးပါတဲ့ ပြီးတော့ သူက Magic Cover ဆိုတဲ့အတိုင်း Coverage ကတော့ အလန်းးဇယားပါ. အမဲစက်တွေကို ဖုံးနိုင်တယ် ၀က်ခြံအဖုသေးလေးတွေနဲ့ အမာရွတ်လေးကိုထိ ဖုံးနိုင်လောက်တဲ့ Coverage ပေးနိုင်တယ်လို့ သိရပါတယ်။ ပြီးတော့ SPF 30 PA+++ ပါ၀င်တော့ Daily Wearအတွက် OK သလို ရွေးစရာ အရောင်ကတော့ ၂ ရောင်ရှိပါတယ်။ Light Beige နဲ့ Nature Beige ဆိုတာလေးတွေပါ။ အရောင်က ရွေးစရာမများပေမယ့် Asian skin tone တွေနဲ့ လိုက်ဖက်တဲ့အရောင်လေးမို့အဆင်ပြေပါတယ်။
ဒီတော့ ဖြိုးပက စမ်းသုံးနေတာ ၂ ပတ်လောက်တော့ရှိပြီ နေ့တိုင်းတော့ Makeup မလိမ်းဖြစ်ပေမယ့် အပြင်သွားးတဲ့နေ့တိုင် Shooting လေးတွေရှိတိုင်း လိမ်းဖြစ်ပါတယ်။
Packaging ကတော့ သာမာန် ချစ်ဖို့ကောင်းတဲ့ Tube ဗူးလေးနဲ့မို့လို့ Travel-friendly ဖြစ်တယ်၊ အပိတ်အဖွင့်နဲ့ Product ထုတ်ယူရင်လဲ အဆင်ပြေပါတယ်။ 30g ပါ၀င်တဲ့အတွက် တစ်ယောက်ထဲသုံးမယ်ဆို ၂ လကနေ ၃ ထိ အသုံးခံနိုင်ပါတယ်။
🌸 ဖြိုးပလိုမျိုးး အဆီပြန်တဲ့ သူတွေအတွက်တော့ အရမ်းကို သင့်တော်တယ်။ လုံးး၀ perfect ပဲ ။
🌸 လိမ်းလိုက်တဲ့ခါ Matte finish လဲဖြစ်တယ် အဆီပြန်တာကိုလဲထိန်းပေးနိုင်တာလေး တွေ့ရတယ်။
🌸 Coverage ပိုင်းကတော့ သူက ဖုံးပေးနိုင်တယ်ဆိုပေမယ့် Medium Coverage လောက်ရပြီး အနာအစာများးလို့ အဖုရှိလို့ အမဲစက်ရှိလို့ဆိုတဲ့ သူတွေကတော့ လိုသလောက်ထပ် build up လုပ် လိမ်းပေးလို့ရတယ်။
🌸 အသားအရောင်မညီတာ ချွေးပေါက်တွေ ဆား၀က်ခြံလိုမျိုးလေးတွေကိုတော့ ဖုံးထားနိုင်ပါတယ်။
🌸 ဖြိုးပကြိုက်မိတဲ့ အချက်လေးက အထပ်ထပ်လိမ်းလဲ လိမ်းလို့ လိမ်းထားမှန်းမသိအောင် မျက်နှာပေါ်တင်ထားမှန်း မသိအောင် Light Weight ဖြစ်ပြီး ပေါ့ပါးပါတယ်။
🌸 Texture ကတော့ liquid Foundation ဆိုပေမယ့် လိမ်းပြီးတဲ့အခါ powdery ဆန်တယ်။ brush နဲ့ဖြစ်စေ sponge နဲ့ဖြစ်စေလိမ်းလို့ ဖြန့်ရအဆင်ပြေပါတယ်။
🌸 သူကတော့ Oil Control Formula ပါတယ်ဆိုပေမယ့် လိမ်းထားပြီး ၄ နာရီလောက် ကြာရင်တော့ အဆီပြန်သူတွေကတော့ နဲနဲပြောင်လာမှာဖြစ်ပါတယ်။
🌸 သူ့ထဲမှာ Vitamin C ပါ၀င်တာကြောင့် အသားရေကို မိတ်ကပ်လိမ်းထားတယ်ဆိုရင်တောင်မှ ဖြူ၀င်းလာစေတယ် အမဲစက်လေးတွေကိုလဲ သက်သာစေပါတယ်။
🌸 ဖြိုးပလိမ်းကြည့်သလောက် လိမ်းပြီး အရောင်ပြောင်းတာတွေ Makeup သား မတက်မှာတော့ စိုးရိမ်စရာမရှိဘူးး လုံး၀ Oxidize မဖြစ်ပဲ လိမ်းထားတဲ့အတိုင်းလေးပါပဲ။
🌸 အသားရေကတော့ Normal to Oily skin သမားတွေအတွက်ထုတ်ထားးတာဖြစ်ပါတယ်။
🌸 ဖြိုးပ သုံးဖြစ်တဲ့ ကာလာလေးကတော့ Natural Beige လေးပါ. (သူက အသားလတ်သူတွေနဲ့ သင့်တော်ပြီး Light Beige ကတော့ အသားဖြူသူလေးတွေရွေးပါ)
🌸 ဒီ Liquid Foundation လေးက ပေါ့ပေါ့ပါးပါးလဲ Daily ရသလို လုံး၀ Coverage ကောင်းကောင်းနဲ့ ကြာကြာခံချင်ရင်တော့ သူတို့ရဲ့ အရင်ထုတ် Magic Cover Powder Foundation လေးလဲ တွဲသုံးပေးနိုင်ပါတယ်။ မိတ်ကပ်ကွက်တာတွေ မရှိနိုင်ပါဘူးးး
🌸 ဖြိုးပမကြိုက်တာလေးးတစ်ခုကတော့ သူတို့အရောငေ်၇ွးဖို့နည်းနေတာလေးပေါ့နော် .. အရောင် ၂ ရောင်ထဲထက် ရွေးချယ်နိုင်အောင် ထုတ်ပေးပါလို့ တောင်းဆိုပါတယ်ရှင့်
အခုဖြိုးပ ပြောပြပေးသွားတဲ့ Cute Press Magic Cover Whitening Liquid Foundation လေးကို အခုဆိုရင် ဈေးကွက်ထဲက အလှကုန်ဆိုင်တွေမှာ သေချာ Sample လေးစမ်းပြီး ၈၅၀၀ ကျပ်နဲ့ ၀ယ်လို့ရနေပြီနော် ..
Price ကလဲ တစ်သောင်းမကျော်ပဲ နိုင်ငံတစ်ကာ Foundation တွေနီးပါကောင်းတဲ့ Cute Press ရဲ့ Foundation အသစ်လေးကို အားလုံး try ကြည့်ပြီး ပိုပြီးလှနိုင်ပါစေရှင့်
Comments
Post a Comment