Coffee Scrub Vs Oatmeal Scrub for Glowing Skin
Coffee Scrub Review
Coffee Scrub ကို Essential Oils ပါဝင်ပြီး ထုတ်ထားတယ်ဆိုပေမယ့် စေးကပ် နေတာမျိုးမဟုတ်ပဲ ဖြိုးပအသားရေပေါ်မှာ တိုက်နေတဲ့ အချိန်ရော ရေဆေးချချိန်ရော နူးညံစင်ကျယ်တဲ့ Feeling မျိုးကိုရပါတယ်။
Coffee Scrub တစ်ခုထဲမဟုတ်ပါဘူး … Oatmeal လေးတွေနဲ့ လုပ်ထားတဲ့ Happy Skin Oats Scrub လေးကိုပါ သုံးဖြစ်တာလေးပြောပြချင်ပါတယ်။
ကဲ … ဒီတော့ ဖြိုးပက Scrub နှစ်မျိုးရဲ့ သူ့ထူးခြားချက်လေးတွေကို သေချာပြောပြလိုက်တော့ ချစ်တို့အတွက် ကိုယ်နဲ့ဘာနဲ့ ကိုက်မှာလဲဆိုတာကို ရွေးချယ်နိုင်ပြီမဟုတ်ဘူးလားေ ရွးချယ်မှာယူမယ်ဆိုရင်တော့ … ဈေးနှုန်းလေးတွေကို သေချာသိထားမှရမယ်လေ။
Coffee Scrub Price >>
Oats Scrub Price >>
Read on Facebook & Share 
Unicode Version
ဖြိုးပရဲ့ Bath Room Beauty Secret #Review
@HappyskinSkincare // Cleanse your body & soul
ဖြိုးပလို Body Scrub ကြိုက်တဲ့သူ …. ဘယ်သူတွေရှိလဲ ??
မိန်းကလေးတော်တော်များများက Face Skincare ကိုတော့ အမြဲလို ခေါင်းထဲ ရောက်နေတက်ပေမယ့် ဖြိုးပကိုယ် အမှန်တကယ် ကျန်းမာရေးအတွက်ရော အလှအပနဲ့ Confidence အတွက်ပါ အရေးကြီးတဲ့ Body Skincare အကြောင်းအရာလေးတွေကိုတော့ မေ့ထားလို့ မရဘူးလေနော် ..
ဖြိုးပကိုတော့ အသားဖြူချင်လို့ မေးတဲ့ မြန်းတဲ့ သူများတယ်၊ အမြဲလိုလို အ၀တ်စားလက်ပြတ်၀တ်တယ်၊ စကတ်တို၀တ်တဲ့ အခါတွေတိုင်း မိမိကိုယ့်ကို ယုံကြည်မှု ရှိစေဖို့ မိန်းကလေးတိုင်းအတွက် အမြဲလိုအပ်ချက်တစ်ခုပဲမလား ၊ ဖြိုးပကိုယ်တိုင်လဲ မိန်းကလေးတစ်ဦးဖြစ်တဲ့ အမြဲလိုလို လှပကျော့ရှင်းချင်တယ် မိန်းကလေးတို့ရဲ့ ကောင်းခြင်း ငါးဖျာထဲက အသားရေကောင်းမွန်ခြင်းကိုလဲ ရယူပိုင်ဆိုင်ချင်ပါတယ် ။ 
မျက်နှာမှာတော့ အနာအစာတွေကို ဖုံးကွယ်ဖို့ Foundation တွေလိမ်းကြ Concealer တွေဖုံး ကြလုပ်နိုင်ပေမယ့် တစ်ကယ့်တစ်ကယ် လူတိုင်းသတိထားနိုင်တဲ့ မိမိရဲ့ Body Skin လေးကိုလဲ ထိန်းသိမ်းကြရမယ်လေနော် .. ဒီတစ်ခေါက်ပိုစ်သစ်လေးမှာတော့ ဖြိုးပက အားလုံးကို ဖြိုးပရဲ့ ရေချိုးခန်းထဲက Bathroom Secret လေးတစ်ခုပြောပြမယ်နော် …
ဖြိုးပရဲ့ ပေ့ချ်လေးမှာ Body Care အနေနဲ့ဆို အမြဲလိုလို အသားရေ Dead cell တွေကို ဖယ်ရှားနိုင်အောင် အထိရောက်ဆုံးနည်းဖြစ်တဲ့ Exfoliating အကြောင်းရာကို တင်ပေးလေ့ရှိတယ်လေ. အသားရေကို တက်နိုင်သလောက် Exfoliate လုပ်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြိုးပတို့ ကိုယ်ခန္ဒာအရေးပြားပေါ်က ဆဲလ်သေတွေက မျက်နှာပေါ်ကထက် ပိုဖြစ်နေပြီးတော့ ကိုယ်က အမြဲလိုလို ဖယ်ရှားမပေးနိုင်ရင်တော့ … အသားရောင်မညီတာ၊ ညိုမဲကွက်တွေနဲ့ ချေးတွေကနေ အ၀ါရောင် အသားကွက်တွေလိုမျိုး ဖြစ်တာတွေတောင် ဖြိုးပမြင်ဘူးပါတယ်။ ပြီးတော့ တံတောင်ဆစ်တွေ ခြေမျက်စိတွေ မဲနေတာမျိုးတွေကလဲ တစ်ကယ်တော့ ခြောက်သွေ့ပြီး Dead cell တွေစုနေတဲ့ သဘောတရားပါ။
ဒီတော့ အခု ဖြိုးပက ကိုယ်တိုင် တက်နိုင်သလောက် အသားရေညီညာချောမွေ့အောင် ပြီးတော့ ကျန်းမာပြီး သန့်ရှင်းနေအောင် လိုက်လုပ်ဖြစ်နေတဲ့ Bathroom Skincare Tips လေးတွေ ပေးချင်ပါတယ်။ အရေးကြီးဆုံး Tip ဖြစ်တဲ့ Exfoliating မှာတော့ အလုပ်အများဆုံးကတော့ Scrub တိုက်တာပါ။ အခုတော့ ဖြိုးပအသစ်သုံးနေတဲ့ Scrub လေးတွေကတော့ လက်တလော Bathroom beauty Essential လေးတွေပေါ့ …. ဖြိုးပက ရေချိုးတိုင်း Scrub တိုက်နေတာတော့ မဟုတ်ပေမယ့် ဖြိုးပ ၄ ရက်တစ်ခါလောက် The whole body scrub တိုက်ပါတယ်။ ဖြိုးပ ခရီးသွားဖြစ်တဲ့ နေ့တွေ တစ်ခါတစ်လေ ရေကူးတဲ့ နေ့တွေဆိုရင်တော့ တစ်ရက်တစ်ခါလောက် လက်မောင်နဲ့ ပုခုံးနဲ့ ပေါင်တွေကို အမြဲလိုလို သုံးဖြစ်ပါတယ်။
အခုနောက်ပိုင်းတော့ ကိုယ့်ရေချိုးခန်းထဲ နေရာယူဖြစ်နေတဲ့ Happy Skin Skincare က Scrub လေး ၂ မျိုးအကြောင်းကို ပြောပြမယ်နော် .. Happy Skin Skincare တွေကတော့ ရန်ကုန်မှာ နာမည်ရလာပြီဖြစ်တဲ့ Organic & Natural Products တွေထုတ်တဲ့ Brand လေးပါ။ အခုထိတော့ သူတို့ဆီကနေ ဖြိုးပ Oats Scrub နဲ့ Coffee Scrub ကိုပဲ သုံးရသေးတယ်။ ဖြိုးပပေ့ချ်က Follower တိုင်းသိမှာပါ ဖြိုးပက Coffee Scrub ကို ဘယ်လိုတွေတောင် အရူးအမူးကြိုက်လဲဆိုတာ … အမြဲလိုလိုလဲ ကော်ဖီသောက်တယ် Scrub လဲတိုက်တယ်။ အခု ဈေးကွက်ထဲမှာ အသစ်လေးထပ်ရောက်လာတာကတော့ Happy Skin က Oats Scrub လေးပါ။
Phyopa's Review // Happy Skin Scrubs
Packaging >> ကတော့ ဖြိုးပ အရမ်းတွေကြွေ … ကြွေတယ်ဆိုတာလဲ ဗူးလေးကို ကြည့်လေ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သံဗူးပုံစံလေးနဲ့ကိုမှ သေချာ ကျစ်ကျစ်လစ်လစ် ပိတ်လို့ရတာကြောင့် အလေအလွှင့် မဖြစ်နိုင်တဲ့ အပြင် အထဲက Products ကိုလေလုံ ရေလုံအောင် ထိန်းထားနိုင်လို့ Scrub တွေအရေပျော်တယ်ဆိုတဲ့ ပြသနာဖြစ်နိုင်မှာ မဟုတ်ပါဘူး။
Coffee Scrub Review
ဖြိုးပက Coffee Scrub တော်တော်များများကို သုံးဖူးပါတယ်။ ကိုယ်တိုင်လုပ်တာတွေရော ဈေးသက်သာတာတွေရော ဈေးကွက်ထဲ နာမည်ကြီးပြီးသားတွေရော ဖြူတယ်ဆိုတာတွေရော အစုံပေါ့ … Happy Skin Coffee Scrub လေးမှာ ဖြိုးပသုံးဖူးတာတွေနဲ့ မတူတာက Coffee ရဲ့ ညက်ညောမှုလို့ပဲ ပြောမလား … အသားပေါ်မှာ သေချာလေး တိုက်ပေးလို့ကောင်းသလို ကြမ်းတမ်းမှု နဲနဲလေးမှ မရှိလို့ အသားရေထိခိုက်မှာ မဟုတ်ပါဘူး။
Coffee Scrub လေးရဲ့ အနံ့ကတော့ အရမ်းကို မွှေးလွန်းလို့ ရေချိုးပြီးချိန်ထိ လန်းဆန်းနေပါတယ်။
Coffee Scrub ကို Essential Oils ပါ၀င်ပြီး ထုတ်ထားတယ်ဆိုပေမယ့် စေးကပ် နေတာမျိုးမဟုတ်ပဲ ဖြိုးပအသားရေပေါ်မှာ တိုက်နေတဲ့ အချိန်ရော ရေဆေးချချိန်ရော နူးညံစင်ကျယ်တဲ့ Feeling မျိူးကိုရပါတယ်။
Coffee Scrub တွေက အကြောပြတ်ရာတွေနဲ့ ပေါင်သားတွေတွန့်တာ အဆီတွေ ထွက်တာတွေကို သက်သာစေပါတယ်။ ဖြိုးပကတော့ တင်ပါးနားမှာတော့ အကြော ပြတ်ရာတွေကို အတွက်သုံးပါတယ်။ အကြောပြတ်ရာတွေက ကုရခက်တော့ ချက်ချင်း မပျောက်ပေမယ့် အသားရေ တင်းရင်းလာတယ်။ ဖြိုးပ ပေါင်ဘေးသားတွေ နဲနဲ၀လာတော့ အဆီတွေဖြစ်နေတာ တင်းရင်းလာတာ အရမ်းကို သဘောကျပါတယ်။ 
Coffee ရဲ့ Caffine ဓာတ်က Anti-oxidant ပြည့်နေတယ်ဆိုတာ ဖြိုးပယုံကြည်တယ်။ ကြည့်လေ လူတွေ Coffee သောက်ပြီးရင်တောင် အရမ်းတွေ လန်းဆန်းကုန်တာ အသားရေရဲ့ ဆဲလ်တွေလဲ အသစ်အသစ် ဖြစ်ပြီပေါ့လို့ ။
ဖြိုးပ Happy Skin ကို သဘောအကျဆုံး အချက်ကတော့ Dead skin cell တွေကို ဖယ်ရှားနိုင်တာကြောင့် ရေချိုးပြီးတိုင်း အသားချောချောလေး ရတာကိုပါ. ဖြိုးပဆို လက်တို လက်ပြတ်တွေ၀တ်တယ်။ နေလောက်တာတွေနဲ့ ချေးတွေရှိတာပဲလေ။ Coffee Scrub ရဲ့ အစွမ်းကတော့ အဲ့လို Skin ညစ်နေတာတွေကို ချောမွေ့ပြီးသန့်သွားတာလေးပဲ။
ပြီးတော့ ၃ ခေါက်လောက် သုံးရင်တော့ အသားတွေဖြူလာတယ်။ အားလုံး သတိထားမိမှာပါ။ ဖြိုးပအသားတွေဖြူလာတာလေ။ အသားကို ကွက်ဖြူနေတာတောင်မဟုတ်ဘူးနော် .. အသားရေကို သေချာညီညာစေတယ်။
အသားရောင်မညီတာတွေကိုလဲ သေချာကုစားပေးနိုင်လို့ ဖြိုးပကတော့ လက်မောင်းနဲ့ ပုခုံးနဲ့ ပေါင်တွေမှာ Coffee Scrub ကို တိုက်ရတာ အကြိုက်ဆုံးပဲ ။ အဲ့တာမှ Shoulder off လေး၀တ်၇င် လှနေမှာလေ.
Coffee Scrub တစ်ခုုထဲမဟုတ်ပါဘူး … Oatmeal လေးတွေနဲ့ လုပ်ထားတဲ့ Happy Skin Oats Scrub လေးကိုပါ သုံးဖြစ်တာလေးပြောပြချင်ပါတယ်။
Happy Skin Oats Scrub Review
Oatmeal ကိုတော့ တစ်ချို့လူတွေ သေချာမသိသေးပေမယ့် ဖြိုးပတို့ Online DIY Skincare Video လေးတွေတိုင်းလိုလိုမှာ ပါ၀င်ပစ္စည်းဖြစ်တဲ့ Oatmeal နဲ့ လုပ်ထားတဲ့ Scrub လေးပေါ့နာ်… Oatmeal ရဲ့ ကောင်းကျိုးတွေကတော့ အရမ်းကိုများပါတယ်။ အဆီပြန်တဲ့အသားရေတွေနဲ့ ၀က်ခြံသမားတွေအတွက် အထူးသင့်တော်တယ်။ ပြီးတော့ သူက Coffee လောက်တောင် မကြမ်းတော့ Sensitive Skin သမားတွေအတွက်လဲ ကိုက်တာပေါ့.
ဖြိုးပကတော့ Oats Scrub ကို အခုမှသေချာသုံးဖူးတာဆိုတော့ ပထမဆုံးအကြိမ်မှာ Body မှာသုံးတော့ Coffee လိုမျိုးမဟုတ်ပဲ နူးညံ့တဲ့ ခံစားမှုရပါတယ်။ ဒါပေမယ့် အသားရေကို ချေးချွတ်ပြီး Soft ဖြစ်စေတာတော့ အတူတူလောက်ပါပဲ။
Oatmeal တွေမှာက အသားရေကို Soothe လုပ်နိုင်တဲ့ အစွမ်းလဲရှိတော့ Oats Scrub လေးက အသားရေ ယားယံနေတာ … နေလောင်ထားလို့ အထိခိုက်မခံနိုင်တဲ့ အသားရေမျိုးတွေထိ သုံးနိုင်ပါတယ်။
ဖြိုးပကတော့ သဘောတွေကျနေတာကတော့ Oats Scrub ကကျတော့ သူ့ရဲ့ Oatmeal နဲ့ Sugar ရောထားတဲ့ အနံ့လေးက အရမ်းကို မွှေးတယ်။
Oats Scrub ထဲမှာ ပါတဲ့ Oatmeal အဖက်လေးတွေက ဖြိုးပ ၂ မိနစ်လောက် ပွတ်နေရင်းကနေ အသားရေကို Peeling လုပ်ပေးနေသလိုပဲ သိသိသာသာနဲ့ အသားချောစေပါတယ်။
အရမ်းသဘောကျတာတော့ Coffee Scrub လိုမဟုတ်ပဲ Oatmeal Scrub က အသားရေရဲ့ အစိုဓာတ်ကိုလဲ ထိန်းထားနိုင်ပါတယ်။ Scrub တိုက်ပြီးအသားခြောက်ကပ်နေတဲ့ ပြသနာမရှိပါဘူး။
ပြီးတော့ Oats Scrub လေးကို Body အပြင် Face မှာသုံးနိုင်တာကြောင့် 2 in 1 အဖြစ် အဆင်တွေပြေတာပေါ့နော် .. ဖြိုးပကတော့ Coffee Scrub တွေကို မျက်နာပေါ်သုံးဖို့ အားမပေးပေမယ့် Oatmeal Scrub လေးကိုတော့ ခရီးသွားရင် မျက်နှာပေါ်စမ်းသုံးမိတာ အရမ်းတွေကို သဘောကျလို့ပါ။ အသားရေချက်ချင်း ဖြူပြီးတော့ … ညစ်နေတာတွေ မရှိတော့ဘူးလေ။
အသားရေကြည်လင်ဖြူစင်လားဆိုရင်တော့ Coffee Scrub လောက်အရမ်းမသိသာပေမယ့် Sensitive skin နဲ့ Dry Skin သမားတွေအတွက်ဆိုရင်တော့ ရွေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အသားရေပေါ် ကြမ်းတမ်းမှု မရှိပဲ အသားစိုစေလို့ပါ။ 
Oat meal Scrub လေးကိုကျတော့ အကြိုက်ဆုံးအချက်လေးကတော့ Oat ဖက်လေးတွေကြောင့် အရေပြားပေါ် သေချာ ချေးချွတ်နိုင်တယ် Peeling လုပ်လိုက်ရသလိုပဲ… အသားရေ ကြည်လင်ဖို့ကိုတော့ လက်စွဲသုံးဖို့သင့်တော်မယ်လို့ ထင်ပါတယ်။
How to use For Body (၃ ရက်တစ်ခါ လုပ်ပေးပါ)
Happy Skin Scrubs လေးကို မိမိလို သလောက်ယူပါ။
ရေစိုနေတဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းပေါ်ကို Scrub ပါးပါးတင်ပြီး ညင်သာစွာ ပွတ်ပေးပါ။
3 မိနစ်ကနေ 4 မိနစ်လောက် ပွတ်ပြီးရင် ရေနဲလောင်းချပြီး ဆပ်ပြာပြန်တိုက်လို့ရပါပြီ။
ပြီးရင်တော့ Body Lotion သို့ Moisturizer ကို မမေ့မလျော့လိမ်းပေးပါ။
Coffee Scrub Vs Oats Scrub
ဒီတော့ Review ဖတ်ပြီး ကိုယ်က ဘာ၀ယ်ရမလဲစဉ်းစားနေရပြီမလား။ ဖြိုးပက အားလုံးအတွက် အသုံး၀င်အောင် နှစ်မျိုးကို ယှဉ်ပြထားပါတယ်။
Coffee Scrub >> All Skin Type သုံးနိုင်တယ်။ Dry & Sensitive Skin သမားတွေတော့ သတိထားသုံးရမယ်။ 
Oats Scrub >> All Skin Type သုံးနိုင်တယ်။
Coffee Scrub >> အသားရေက အဆီပိုတွေ ချေးတွေကို သေချာစုတ်ယူ ဖယ်ရှားနိုင်တယ်၊ အသားကို နဲနဲတော့ ခြောက်နိုင်စေပေမယ့် တစ်ခါသုံး တစ်ခါဖြူစင်ကြည်လင်နိုင်ပါတယ်။
Oats Scrub >> Body Dead Skin Cell တွေကို နူးညံ့စွာ ဖယ်ရှားနိုင်တယ်။ သုံးပြီးလဲ အသားရေအစိုဓာတ်ကို သေချာထိန်းထားနိုင်တာကြောင့် ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ပါ။
Coffee Scrub >> အားသာချက်က အရေပြားပေါ်က အကြောပြတ်ရာနဲ့ Cellulite လို့ခေါ်တဲ့ အဆီပြင်တွေကို ကျစ်လစ်အောင် လုပ်နိုင်စွမ်းရှိတယ်။ 
Oats Scrub >> အားသာချက်က Body Acnes တွေကို side effect မရှိပဲ ဖယ်ရှားနိုင်တယ်။ အသားရေစိုပြေပြီး Glow Glow ဖြစ်နိုင်ပါတယ်။
Coffee Scrub >> Body ပေါ်မှာ ရှိနေတဲ့ တံတောင်ဆစ်မဲတာနဲ့ ခြေမျက်စိမဲမဲတွေကို အမြဲလိုစွဲသုံးပြီး ဖယ်ရှားနိုင်တယ်။
Oats Scrub >> အသားရေကို စိုပြေကြည်လင် Refresh ဖြစ်နိုင်စေတယ်။ Anti-aging effect ကိုလဲ ရနိုင်ပါတယ်။
ကဲ … ဒီတော့ ဖြိုးပက Scrub နှစ်မျိုးရဲ့ သူ့ထူးခြားချက်လေးတွေကို သေချာပြောပြလိုက်တော့ ချစ်တို့အတွက် ကိုယ်နဲ့ဘာနဲ့ ကိုက်မှာလဲဆိုတာကို ရွေးချယ်နိုင်ပြီမဟုတ်ဘူးလား
ရွေးချယ်မှာယူမယ်ဆိုရင်တော့ … ဈေးနှုန်းလေးတွေကို သေချာသိထားမှရမယ်လေ။
Coffee Scrub Price >> 
COFFEE BODY SCRUB 100ml- 6000 kyats
COFFEE BODY SCRUB 250ml- 13000 kyats 
Oats Scrub Price >> 
OATS BODY SCRUB 100ml- 7500 kyats 
OATS BODY SCRUB 250ml- 16500 kyats
(100ml ဗူးသေးတွေဆိုပေမယ့် ဖြိုးပကတော့ ၇ ကြိမ်လောက်တစ်ကိုယ်လုံး တိုက်လို့ရတယ်။ ဗူးကြီးဆိုရင်တော့ တစ်ယောက်ထဲသုံးမယ်ဆို တော်တော်အသုံးခံမှာပါ။)
Happy Skin Skincare ရဲ့ Official Page လေးကနေ တိုက်ရိုက်မှာယူလို့ရပါတယ်နော် Page link လေးထဲကို၀င်ပြီး LIKE လုပ်ထားဦး… ဒါမှသူတို့ Promotion တွေလုပ်ရင်သိမှာ 
https://www.facebook.com/Happy-Skin-skincare-1654147974701188/
#PhyopapaBlogs
https://www.facebook.com/phyopapablogs/posts/2111622332388140?__tn__=H-R
Comments
Popular Posts