Best Tips for Acnes Problems


၀က္ျခံထြက္တက္သူေတြက တားးမရဘူးး
တစ္ခုခုဆို ထင့္ခနဲရွိ အဖုေလးးေတြက ထြက္လာတက္တာ ...
ၿဖိဳးပအပါအ၀င္ပဲေလ ဒါေပမယ့္ ၀က္ျခံသမားးေတြကို သတိေပးခ်င္တာက ၀က္ျခံထြက္တိုင္းး အဖုေတြအၿပံဳလိုက္ျဖစ္ၿပီးး အမာရြတ္မက်န္ေအာင္ ထိန္းသိမ္းနည္းးေလးေတြရွိပါတယ္လို႕

ၿဖိဳးပကိုယ္တိုင္လဲ လူႀကီးး၀က္ျခံလို႕ေခၚတဲ့ အသက္ႀကီးထဲထိ အဆီဖုနဲ႕ ပိုးး၀င္ၿပီး၀က္ျခံေတြထြက္တုန္းးဆိုေတာ့ အားးလံုးကို ၿဖိဳးပေသခ်ာလိုက္နာျဖစ္တဲ့ နည္းးေလးေတြ ေျပာျပေပးမယ္ေနာ္ ..

၁။မ်က္ႏွာနဲ႕ ညစ္ပတ္တဲ့ အရာေတြ ထိေတြ႕ျခင္း။

သင့္မ်က္ႏွာကို လက္ညစ္ပတ္ၾကီးနဲ႕ ကိုင္ရင္ မ်က္ႏွာအေရျပားေပၚကို ဘက္တီးရီးယားေတြ ေရာက္ရွိလာပါလိမ့္မယ္။ လက္နဲ႕မကိုင္ဘူး၊ မထိဘူးဆိုရင္လည္း တျခားအရာေတြကို သတိထားရပါဦးမယ္။ လက္ကိုင္ဖုန္း၊မိတ္ကပ္ဘရပ္ရွ္ အစရွိတဲ့ အရာေတြကို မ်က္ႏွာနဲ႕ ကပ္တဲ့အခါ မ်က္ႏွာက အဆီနဲ႕ ေခြၽးေတြဟာ အဆိုပါ အရာဝတၳဳေပၚကို ေရာက္ရွိသြားမွာ ျဖစ္ျပီး မသန္႔စင္ဘဲ ဒီတိုင္းထားမယ္ဆိုရင္ ေနာက္တစ္ၾကိမ္ဒီအရာေတြနဲ႕ သင့္မ်က္ႏွာထိေတြ႕တဲ့အခါ ဘက္တီးရီးယားေတြ သင့္မ်က္ႏွာအေရျပားေပၚမွာ ေပါက္ပြားလာမွာျဖစ္တဲ့အတြက္ ဝက္ျခံအမ်ားအျပားထြက္ေစပါလိမ့္မယ္။ ဒါေၾကာင့္ မ်က္ႏွာနဲ႕ ထိေတြ႕ေနရတဲ့ အရာဝတၳဳေတြကို သင့္ေတာ္သလို ေဆးေၾကာသန္႔စင္ေပးရပါမယ္။ လိုအပ္ရင္ သန္႕စင္တဲ့ေရ ဒါမွမဟုတ္ နားၾကပ္တံေလးေတြကို အသုံးျပဳႏိုင္ပါတယ္။

၂။ သင့္ဆံပင္ညစ္ပတ္ေနျခင္း။

သင့္ဆံပင္ ညစ္ပတ္ေနရင္ ဘက္တီးရီးယားေတြဟာ ဆံပင္ကတဆင့္ မ်က္ႏွာေပၚကို ေရာက္ရွိလာႏိုင္ပါတယ္ (ဆံပင္နဲ႕ မ်က္ႏွာအေရျပားက ကပ္ရပ္ရွိေနတာကိုး)။ဒါေၾကာင့္ ဘက္တီးရီးယားေတြရဲ့ ရန္ကို ကာကြယ္ႏိုင္ဖို႕ သင့္အေနနဲ႕ ေခါင္းမွန္မွန္ေလွ်ာ္ရပါမယ္။ဒါ့အျပင္ တခ်ိဳ႕ ေသာ ေခါင္းေလွ်ာ္ရည္ေတြဟာ ဝက္ျခံကို ပိုဆိုးေစတဲ့အတြက္ နဖူးနဲ႔ မထိေတြ႕မိေစဖို႕ သတိထားပါ။

၃။ စိတ္မရွည္ျခင္း။

ဘယ္အရာပဲျဖစ္ျဖစ္ အခုလုပ္၊အခုမရပါဘူး။ဝက္ျခံကုတဲ့ ကိစၥမွာလည္း ဒီအတိုင္းပဲ ျဖစ္ပါတယ္။သိသာထင္ရွားတဲ့ အက်ိဳးရလဒ္ကိုရရွိႏိုင္ဖို႔အတြက္ အခ်ိန္အတိုင္းအတာ တခုထိ ေစာင့္ၾကည့္ရပါမယ္။ ဝက္ျခံကို ေန႕ခ်င္းျပီး ကုသလို႕မရသလို တစ္ပတ္အတြင္း ေပ်ာက္ကင္းသြား ေအာင္လည္း လုပ္ေပးလို႔မရပါဘူး။ အနည္းဆုံးတစ္လေလာက္ေတာ့ ေစာင့္ရမွာျဖစ္သလို ဒီ့ထက္လည္း ပိုၾကာႏိုင္ပါတယ္။ ဒါေၾကာင့္စိတ္ရွည္ပါ။သင့္အေရျပားဆရာဝန္ရဲ့ လမ္းညႊန္ခ်က္အတိုင္း အတိအက်လိုက္နာပါ။ အက်ိဳးထူးပါလိမ့္မယ္။

၄။ မ်က္ႏွာအလြန္အကြၽံသစ္ျခင္း။

သင့္အေရျပားမွာရွိတဲ့ အဆီေတြအားလုံးဟာ လူဆိုးေတြခ်ည္းမဟုတ္ပါဘူး။ သင့္အေရျပားကို ကာကြယ္ဖို႕နဲ႔ အစိုဓာတ္ထိန္းေပးဖို႔အတြက္ ေမြးညွင္းေပါက္ေတြကေန အဆီကို ထုတ္လုပ္ပါတယ္။ဒါ့အျပင္ ဝက္ျခံေပါက္တာဟာ ညစ္ပတ္လို႕ ေပါက္တာမဟုတ္တဲ့အတြက္ မ်က္ႏွာကို တခ်ိန္လုံးအလြန္အကြၽံ သစ္ေနျခင္းဟာ ဝက္ျခံေတြကို ထူးျပီး သက္သာသြားေစမွာမဟုတ္တဲ့အျပင္ သင့္အေရျပားကို ပိုလို႔ထိခိုက္   လြယ္ေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မ်က္ႏွာသစ္ေဆးအေပ်ာ့စားနဲ႕ ေရသန္႔သန္႕ကို သုံးျပီး မ်က္ႏွာကို တစ္ေန႔ႏွစ္ၾကိမ္ေလာက္ အသာအယာသစ္ပါ။

၅။မ်က္ႏွာသစ္နည္း မမွန္ျခင္း။

သင့္အေနနဲ႕ မ်က္ႏွာသစ္ဖို႕အတြက္ မ်က္ႏွာသစ္အဝတ္ေလးကို သုံးစြဲေကာင္းသုံးစြဲပါလိမ့္မယ္။ ညစ္ပတ္ေနတဲ့ မ်က္ႏွာသစ္အဝတ္ကို အသုံးမျပဳပါနဲ႕။ ဘာလို႔လဲဆိုေတာ့ ဒီအဝတ္မွာ ဘက္တီးရီးယားေတြအမ်ားၾကီးရွိေနႏိုင္ျပီး မ်က္ႏွာသစ္တဲ့အခ်ိန္မွာ အဆိုပါ ဘက္တီးရီးယား ေတြဟာ သင့္မ်က္ႏွာေပၚကို ကူးေျပာင္းေရာက္ရွိသြားေစႏိုင္လို႕ပဲ ျဖစ္ပါတယ္။ မ်က္ႏွာကို ခပ္ၾကမ္းၾကမ္းဂ်ီးခြၽတ္တာ ဒါမွမဟုတ္ မ်က္ႏွာသစ္တဲ့ စက္ကေလးေတြကို အသုံးျပဳတာဟာလည္းလိုတာထက္ပိုလာရင္ မ်က္ႏွာအေရျပားကို ထိခိုက္ေစႏိုင္ျပီး ေရာင္ရမ္းလာပါလိမ့္မယ္။

၆။ဝက္ျခံေတြကို ညွစ္ျခင္း၊ဆြျခင္း။

ဝက္ျခံညွစ္တာဟာ အက်ိဳးမရွိပါဘူး။ဒီလိုညွစ္လိုက္ျခင္းအားျဖင့္ ဝက္ျခံေတြကို ေပ်ာက္မသြားေစတဲ့အျပင္ အေရျပားေအာက္နက္နက္ထိပါ ဒါဏ္ျဖစ္ေစျပီး အမာရြတ္ေတြကိုပါ ျဖစ္ေပၚေစပါတယ္။မွန္ကန္တဲ့ ကုသမႈနည္းလမ္းေတြကိုသာ အသုံးျပဳမယ္ဆိုရင္ ဝက္ျခံေတြသက္သာသြားမွာ ျဖစ္ပါတယ္။

၇။ အခ်ိဳေတြ စားလြန္းျခင္း။

ေပါင္မုန္႕ျဖဴ၊ သၾကားလုံး၊ ကိတ္မုန္႔ ၊ အာလူးတို႕လို အခ်ိဳဓာတ္မ်ားမ်ား ပါဝင္တဲ့ အစားအစာေတြကို စားျခင္းဟာ ဝက္ျခံေပါက္ျခင္း နဲ႕      ဆက္စပ္ေနတယ္ဆိုတာကို ေလ့လာခ်က္ေတြအရ သိရွိရပါတယ္။ ဒါေၾကာင့္ ဝက္ျခံေပါက္ေနတဲ့အခ်ိန္မွာ အဆိုပါအစားအစာေတြကိုသတိထားျပီး စားရမွာ ျဖစ္ပါတယ္။

အခုေဖာ္ျပေပးထားတဲ့ နည္းးေလးေတြကေတာ့ အေရျပားးဆရာ၀န္ေတြနဲ႕ ေဆာင္းပါးေတြမွာလဲ ေဖာ္ျပေလ့ရွိတာေလးေတြျဖစ္သလို လိုက္နာမည္ဆိုရင္လဲ ဘယ္လိုအသားေရျဖစ္ျဖစ္ ခဏေလးနဲ႕ ျပန္လည္လွပလာမွာပါရွင့္ ..

အားလံုးးလိုက္နာဖုိ႕ ၿဖိဳးပတိုက္တြန္းလိုက္တယ္ေနာ္ .. 

Unicode Version

၁။မျက်နှာနဲ့ ညစ်ပတ်တဲ့ အရာတွေ ထိတွေ့ခြင်း။
သင့်မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ကိုင်ရင် မျက်နှာအရေပြားပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာပါလိမ့်မယ်။ လက်နဲ့မကိုင်ဘူး၊ မထိဘူးဆိုရင်လည်း တခြားအရာတွေကို သတိထားရပါဦးမယ်။ လက်ကိုင်ဖုန်း၊မိတ်ကပ်ဘရပ်ရှ် အစရှိတဲ့ အရာတွေကို မျက်နှာနဲ့ ကပ်တဲ့အခါ မျက်နှာက အဆီနဲ့ ချွေးတွေဟာ အဆိုပါ အရာဝတ္ထုပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး မသန့်စင်ဘဲ ဒီတိုင်းထားမယ်ဆိုရင် နောက်တစ်ကြိမ်ဒီအရာတွေနဲ့ သင့်မျက်နှာထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေ သင့်မျက်နှာအရေပြားပေါ်မှာ ပေါက်ပွားလာမှာဖြစ်တဲ့အတွက် ဝက်ခြံအများအပြားထွက်စေပါလိမ့်မယ်။ ဒါကြောင့် မျက်နှာနဲ့ ထိတွေ့နေရတဲ့ အရာဝတ္ထုတွေကို သင့်တော်သလို ဆေးကြောသန့်စင်ပေးရပါမယ်။ လိုအပ်ရင် သန့်စင်တဲ့ရေ ဒါမှမဟုတ် နားကြပ်တံလေးတွေကို အသုံးပြုနိုင်ပါတယ်။

၂။ သင့်ဆံပင်ညစ်ပတ်နေခြင်း။
သင့်ဆံပင် ညစ်ပတ်နေရင် ဘက်တီးရီးယားတွေဟာ ဆံပင်ကတဆင့် မျက်နှာပေါ်ကို ရောက်ရှိလာနိုင်ပါတယ် (ဆံပင်နဲ့ မျက်နှာအရေပြားက ကပ်ရပ်ရှိနေတာကိုး)။ဒါကြောင့် ဘက်တီးရီးယားတွေရဲ့ ရန်ကို ကာကွယ်နိုင်ဖို့ သင့်အနေနဲ့ ခေါင်းမှန်မှန်လျှော်ရပါမယ်။ဒါ့အပြင် တချို့ သော ခေါင်းလျှော်ရည်တွေဟာ ဝက်ခြံကို ပိုဆိုးစေတဲ့အတွက် နဖူးနဲ့ မထိတွေ့မိစေဖို့ သတိထားပါ။

၃။ စိတ်မရှည်ခြင်း။
ဘယ်အရာပဲဖြစ်ဖြစ် အခုလုပ်၊အခုမရပါဘူး။ဝက်ခြံကုတဲ့ ကိစ္စမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။သိသာထင်ရှားတဲ့ အကျိုးရလဒ်ကိုရရှိနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ရပါမယ်။ ဝက်ခြံကို နေ့ချင်းပြီး ကုသလို့မရသလို တစ်ပတ်အတွင်း ပျောက်ကင်းသွား အောင်လည်း လုပ်ပေးလို့မရပါဘူး။ အနည်းဆုံးတစ်လလောက်တော့ စောင့်ရမှာဖြစ်သလို ဒီ့ထက်လည်း ပိုကြာနိုင်ပါတယ်။ ဒါကြောင့်စိတ်ရှည်ပါ။သင့်အရေပြားဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာပါ။ အကျိုးထူးပါလိမ့်မယ်။

၄။ မျက်နှာအလွန်အကျွံသစ်ခြင်း။
သင့်အရေပြားမှာရှိတဲ့ အဆီတွေအားလုံးဟာ လူဆိုးတွေချည်းမဟုတ်ပါဘူး။ သင့်အရေပြားကို ကာကွယ်ဖို့နဲ့ အစိုဓာတ်ထိန်းပေးဖို့အတွက် မွေးညှင်းပေါက်တွေကနေ အဆီကို ထုတ်လုပ်ပါတယ်။ဒါ့အပြင် ဝက်ခြံပေါက်တာဟာ ညစ်ပတ်လို့ ပေါက်တာမဟုတ်တဲ့အတွက် မျက်နှာကို တချိန်လုံးအလွန်အကျွံ သစ်နေခြင်းဟာ ဝက်ခြံတွေကို ထူးပြီး သက်သာသွားစေမှာမဟုတ်တဲ့အပြင် သင့်အရေပြားကို ပိုလို့ထိခိုက်   လွယ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးအပျော့စားနဲ့ ရေသန့်သန့်ကို သုံးပြီး မျက်နှာကို တစ်နေ့နှစ်ကြိမ်လောက်
အသာအယာသစ်ပါ။

၅။မျက်နှာသစ်နည်း မမှန်ခြင်း။
သင့်အနေနဲ့ မျက်နှာသစ်ဖို့အတွက် မျက်နှာသစ်အဝတ်လေးကို သုံးစွဲကောင်းသုံးစွဲပါလိမ့်မယ်။ ညစ်ပတ်နေတဲ့ မျက်နှာသစ်အဝတ်ကို အသုံးမပြုပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအဝတ်မှာ ဘက်တီးရီးယားတွေအများကြီးရှိနေနိုင်ပြီး မျက်နှာသစ်တဲ့အချိန်မှာ အဆိုပါ ဘက်တီးရီးယား တွေဟာ သင့်မျက်နှာပေါ်ကို ကူးပြောင်းရောက်ရှိသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ မျက်နှာကို ခပ်ကြမ်းကြမ်းဂျီးချွတ်တာ ဒါမှမဟုတ် မျက်နှာသစ်တဲ့ စက်ကလေးတွေကို အသုံးပြုတာဟာလည်းလိုတာထက်ပိုလာရင် မျက်နှာအရေပြားကို ထိခိုက်စေနိုင်ပြီး ရောင်ရမ်းလာပါလိမ့်မယ်။

၆။ဝက်ခြံတွေကို ညှစ်ခြင်း၊ဆွခြင်း။
ဝက်ခြံညှစ်တာဟာ အကျိုးမရှိပါဘူး။ဒီလိုညှစ်လိုက်ခြင်းအားဖြင့် ဝက်ခြံတွေကို ပျောက်မသွားစေတဲ့အပြင် အရေပြားအောက်နက်နက်ထိပါ ဒါဏ်ဖြစ်စေပြီး အမာရွတ်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။မှန်ကန်တဲ့ ကုသမှုနည်းလမ်းတွေကိုသာ အသုံးပြုမယ်ဆိုရင် ဝက်ခြံတွေသက်သာသွားမှာ ဖြစ်ပါတယ်။

၇။ အချိုတွေ စားလွန်းခြင်း။
ပေါင်မုန့်ဖြူ၊ သကြားလုံး၊ ကိတ်မုန့် ၊ အာလူးတို့လို အချိုဓာတ်များများ ပါဝင်တဲ့ အစားအစာတွေကို စားခြင်းဟာ ဝက်ခြံပေါက်ခြင်း နဲ့      ဆက်စပ်နေတယ်ဆိုတာကို လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်နေတဲ့အချိန်မှာ အဆိုပါအစားအစာတွေကိုသတိထားပြီး စားရမှာ ဖြစ်ပါတယ်။

Comments

Popular Posts