#LoveDove Event with Bloggers in Myanmar



မြန်မာနိုင်ငံရဲ့ Beauty Blogger တွေကို ချီးမြှောက်တဲ့ အနေနဲ့ Blogger Workshop လေးနဲ့ Hair Care Discussion အတွက် Event လေးတစ်ခုကို Dove ကနေ ကြီးမှုးကျင်းပခဲ့ပါတယ်။

ဖြိုးပလဲ ပွဲလေးကို ပါဝင်ကူညီအားဖြည့်ပေးရင်းနဲ့ Follower လေးတွေ အပျော်တွေကူအောင်နဲ့ ဘယ်လိုမျိုး Activities တွေနဲ့ သူငယ်ချင်းတွေနဲ့ ကျင်းပခဲ့လဲဆိုတာ အားလုံးသိရအောင် ဒီ Vlog လေးကို လုပ်ပေးလိုက်တာပါ. ဖြိုးပတို့ရဲ့ အရမ်းချစ်ခင်ရတဲ့ senior အစ်မတွေနဲ့ အတူတူ Blogging Field မှာ သိသင့်တာလေးတွေ ဆောင်သင့်ရှောင်သင့်တာလေးတွေကို သိရှိဆွေးနွေးခဲ့ပါတယ်။

Dove Shampoo ရဲ့ အမျိုးသမီးတွေအတွက် ဘယ်လိုမျိုး Encouragement တွေလုပ်နေလဲ ... မိန်းကလေးတွေအတွက် သိထားသင့်တဲ့ Haircare Tips လေးတွေကအစ .. သေချာဝေမျှပေးခဲ့ပါတယ်။

ဖြိုးပတို့ Products demonstration လေးတွေလဲ လုပ်ခဲ့သလို Blogger Discussion လေးပါ လုပ်ခဲ့တော့ Blogger ညီအမတွေ အရမ်းတွေ ရင်းနှီးခဲ့ပြီလေ။

ဖြိုးပလဲ ကိုယ့်ချစ်သူငယ်ချင်း Blogger တွေနဲ့ အတူတူ ပွဲတက်ပြီး အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ခဲ့လို့ အရမ်းကိုပျော်တယ်။

ဖြိုးပရဲ့ OOTD ကတော့ Blue Dress လေးကတော့ ဇာပါးပါးလေးတွေနဲ့ Tule Skirt ဒီဇိုင်းလိုမျိုးလေး ချစ်ဖို့ကောင်းအောင် ချုပ်ထားပါတယ်။ Shoes ကိုတော့ ရွှေရောင် Heels လေးစီးပြီးတော့ Hair style အဆန်းလေးတွေ မလုပ်ရတာကြာလို့ အိမ်မာပဲ ကိုယ်ဘာသာ ကပိုကရို့ကျစ်ဆံမီး ပုံဆံလေးလုပ်ထားတာပါ.

VLogs လေးက အရှည်ကြီးမဟုတ်ပဲ သူငယ်ချင်းတွေလဲ အပျော်လေးရိုက်ထားလို့ ၀င်ကြည့်ပြီး အသည်းလေးတွေပေးနော်

ဖိုးပကို အခြား Social Media Platform တွေမှာလဲ ၀င်ကြည့်ပြီး Follow လုပ်ထားဖို့ မမေ့နဲ့ဦး
နေရာတိုင်းမှာ ဖြိုးပရှိနေပါတယ်နော် ...

www.instagram.com/phyopapablogs
www.youtube.com/user/phyopapaaung
www.phyopapa.blogspot.com
www.phyopapa.tumblr.com
https://weheartit.com/phyo_papaaung
https://www.pinterest.com/phyopapa/

ချစ်ခင်ရတဲ့
#PhyopapaBlogs

Comments

Popular Posts