When your skin need special treatment on Weekend


ဖြိုးပက​တော့ ဒီ​နေ့ပိုစ်​​လေးထဲမှာ မျက်နှာအသားရေပေါ်က အဆီပိုတွေကို ဖယ်ရှားပြီးတော့ ပြန်လည်ရေဓာတ်ဖြည့်ပေးလို့ရတဲ့ Products လေး ၂ မျိုးကို ပြောပြချင်လို့ပါ။
Brand လေးကတော့ ဖြိုးပတစ်​ခါလဲ မိတ်​ဆက်​​ပေးဖူးပြီးသားပဲ​လေ။ Nature's Beauty Skincare ကပါ။ New Zealand ကထွက်​တဲ့ Mineral ​တွေနဲ့ ထုတ်​ထားတဲ့ Organic Skincare Brand ပါ။ ဖြိုးပလဲ သူတို့ရဲ့ Day and Night Cream လဲ သုံး​နေသလို အခု​ပြောပြမယ့်​ Skincare ​လေး​တွေကိုလဲ ရံဖန်​ရံခါသုံးဖြစ်​တယ်​​လေ။ အဲ့လိုမျိုး သုံး​နေရင်းက​နေ result ​တွေကို အရမ်း​ကြွေလို့ ချစ်​တို့အတွက်​ ပြန်​ပြီး​ဖောက်​သည်​ချ​ပေးပါမယ်​။ 

ဘာ​တွေလဲဆိုရင်​​တော့
1. Rotorua Thermal Mud Mask နဲ့
2. Bee kiwi - Royal Jelly Face Gel တို့ပဲ ဖြစ်​ပါတယ်​။




အရင်​ဆုံးအ​နေနဲ့ ဖြိုးပ ၅ ရက်​တစ်​ခါသုံးတဲ့ Thermal Mud Mask ​လေးအ​ကြောင်းကို ​ပြောပြမယ်​။ 

Nature's Beauty ရဲ့ Rotorua Thermal Mud Mask ​လေးက​တော့ New Zeland နိုင်​ငံက သဘာဝရွှံ​စေနဲ့ ထုတ်​ထားတာဖြစ်​ပြီး​တော့ အ​ရေပြားအ​ပေါ်လွှာ ​ပေါ်က အဆီနဲ့ အညစ်​အ​ကြေး​တွေ၊ အဆီဖုနဲ့ ဝက်​ခြံ​တွေ အမဲစက်​နဲ့ အမာရွတ်​ရှိတာ အသား​ရောင်​ မညီတာမျိုး​တွေကို ထိထိ​ရောက်​​ရောက်​ ကုစားနိုင်​ပါတယ်​။

ဒီ​ရွှံ​စေထဲမှာ Anti-oxidant ဓာတ်​​တွေပါဝင်​ပြီး​တော့ Vitamin E လဲပါဝင်​လို့ အ​ရေပြားရဲ့ကျန်းမာ​ရေးကို ပါ ​ထောက်​ပံ့​ပေးနိုင်​ပြီး Anti-aging အတွက်​လဲ ​ကောင်းပါတယ်​တဲ့။ အသား​ရေတိုင်း သုံးနိုင်​ပြီး​တော့ ဝက်​ခြံထွက်​တက်​တဲ့ အသား​ရေနဲ့ အဆီပြန်​တဲ့အသား​ရေ​တွေ အတွက်​က​တော့ အသင့်​​တော်​ဆုံး ဖြစ်​မှာပါ။ ဘာလို့လဲဆို​တော့ သူက အ​ရေပြား​ပေါ်က ဆဲလ်​​သေ​တွေ၊ ​ချေး​တွေ၊ ​ချွေး​တွေနဲ့ အဆီဖု​တွေကို ဖယ်​ရှားနိုင်​ပြီး အသား​ရေကို ကြည်​လင်​သန့်​ရှင်း​စေတယ်​။ ဆားဝက်​ခြံ​တွေကို ဖယ်​ရှားနိုင်ပြီး​တော့ ​ချွေး​ပေါက်​​တွေကိုလဲ သိသိသာသာ သန့်​စင်​​စေပါတယ်​။

Mud mask ​လေးက Tube ဘူး​လေးနဲ့လာပြီး​တော့ ပုံထဲမှာ ပြထားသလို​လေး​ပေါ့​နော်​။ အထဲက Product Textures ကို​ပြောရမယ်​ဆိုရင်​​တော့ တစ်​ကယ်​ရွှံ​လေးလိုမျိုး ဖြစ်​တယ်​။ ခဲ​ရောင်​​လေးဖြစ်​ပြီး​တော့ အသုံးပြုရင်​​တော့ ထူထူထဲထဲကြီး လိမ်းစရာမလိုပဲ မိမိမျက်​နှာ​ပေါ် ဖြန့်​ရလဲ လွယ်​ပါတယ်​။

အသုံးပြုပုံက​တော့ -
ရေနဲ့​ပြောင်​စင်​​အောင်​ သစ်​ထားတဲ့ မျက်​နှာ​ပေါ်ကို ဘာမှမလိမ်းခင်​ Thermal Mud Mask ​လေးကို ခပ်​ပါးပါး​လေး တစ်​မျက်​နှာလုံး ဖြန့်​လိမ်း​ပေးပါ။ လိမ်းတဲ့ ​နေရာကို​တော့ ကိုယ်​လိုသလို လိမ်းလို့ရတယ်​၊ ဖြိုးပက​တော့ တစ်​မျက်​နှာလုံးလိမ်းဖြစ်​တယ်​။ ၁၅ မိနစ်​​လောက်​ထားရင်​ ​ခြောက်​သွားပါ​လေ့မယ်​။
အဲ့ဒီလိုဖြစ်​​တော့မှ ​ရေ​နွေး​နွေး​လေးနဲ့ မျက်​နှာကို​​ပြောင်​​အောင်​ ပြန်​သစ်​ချ​ပေးလိုက်​ပါ။ 


Good Points 👍👍

  1. Mud Mask ဖြစ်​တဲ့အတွက်​ ညစ်​ပတ်​တာမျိုးနဲ့ အနံ့ထွက်​တာမရှိဘူး။
  2. အသား​ရေမ​ရွေးသုံးနိုင်​တယ်​။ No allergic/ no breakout
  3. အဆီ​တွေကို အမှန်​တစ်​ကယ်​ စုတ်​ယူနိုင်​တယ်​။
  4. ​ချွေး​ပေါက်​​တွေကို သန့်​စင်​​ပေးနိုင်​ပြီး​တော့ အသား​ရေတင်းရင်း​စေတယ်​။ အဆီဖု​တွေကို သက်​သာ​စေတယ်​။
  5. လိမ်းထားချိန်​မှာလဲ မျက်​နှာကို ပူစပ်​ပူ​လောင်​မဖြစ်​​စေပဲ ​အေးပါတယ်​။ 
  6. အသား​ရေကိုလဲ ဖြူစင်​​စေတဲ့ အာနိသင်​လဲ ရှိပါတယ်​။ မျက်​နှာသစ်​ပြီးရင်​လဲ သိသိသာသာ ဖြူစင်​​နေတာ ​တွေ့ရပါတယ်​။ 
  7. Thermal mud က အ​ရေပြား​ပေါ်က ပိုးကို​သေ​စေပြီး​တော့ လန်းဆန်း​စေပါတယ်​။
  8. သူ့ထဲမှာ Royal Jelly လဲပါလို့ အသား​ရေကို ပြန်​လည်​အား​ဖြည့်​​ပေးနိုင်​တယ်​ စို​ပြေနူးညံ့တယ်​၊ 
  9. Mud mask က ​ခြောက်​သွားရင်​အသား​ရေ တင်း​စေတယ်​ဆို​ပေမယ့်​ အ​ရေး​ကြောင်း​တွေ​တော့ ထွက်​မှာမဟုတ်​လို့ စိတ်​မပူပါနဲ့ 👍
  10. သူက ရွံ​စေထဲက​နေ စပီရူလိုင်းနားလဲ ပါဝင်​လို့ အသား​ရေတွက်​လိုအပ်​တဲ့ Amino acid ထုတ်​​ပေးနိုင်​ပြီး Collagen ဓာတ်​ကို မြှင့်​တင်​နိုင်​ပါတယ်​။ 

🌿🍃 Weak point က​တော့မရှိသ​လောက်​ပါပဲ .. တစ်​ခုပဲ သတိထားရမှာက​တော့ သုံးပြီးတာနဲ့ Mositurizer ဖြစ်​ဖြစ်​ Soothing gel ဖြစ်​ဖြစ်​လိမ်းဖို့လိုမယ်​၊ ဘာလိုလဲဆို​တော့ Normal to Dry skin သမား​တွေဆိုရင်​​တော့ သူံးပြီးရင်​ အသားနဲနဲ​ခြောက်​သလိုဖြစ်​နိုင်​လို့ပါ။ 

ဒီ​တော့ ဖြိုးပကိုယ်​တိုင်​ ဒီ Thermal Mud Mask ​လေးသုံးပြီးတာနဲ့ မလိမ်းမဖြစ်​ အ​ပေါ်က​နေ ထပ်​လိမ်းရတဲ့ Face Gel ​လေးကိုပါ ဆက်​ Review ​ပေးပါရ​စေ။ 
အဲ့တာက​တော့ Bee Kiwi - Royal Jelly Face Gel ​လေးပဲဖြစ်​ပါတယ်​ရှင့်​ .. သူက​တော့ gel type ​လေးဖြစ်​​တာ​ကြောင့်​လဲ အရမ်းကို သ​ဘောကျရတာပါ။ 






Nature's Beauty ရဲ့ Bee Kiwi Face gel ​လေးက​တော့ New Zeland က Manuka Honey ပျားရည်​ရယ်​၊ Royal Jelly, ပြီး​တော့ Marine Collagen နဲ့ ​ရေတို့ပါဝင်​ပါတယ်​။ 

သူက​တော့ Face Moisturizer အတွက်​ ထုတ်​ထားတာ​ပေါ့​နော်​၊  သူက သာမာန်​​တွေထက်​ ထူးခြား​တာက​တော့ Manuka Honey နဲ့အတူတူ Waiwea Water လဲပါဝင်​တဲ့အတွက်​ အသား​ရေအစိုဓာတ်​ကို ထိန်း​ပေးထားနိုင်​ရုံမကပဲ Anti-aging လဲဖြစ်​ပါတယ်​။ သူက အ​ရေပြားရဲ့ အစိုဓာတ်​ကို ဖြည့်​​ပေးနိုင်​ပြီး​တော့ အဆီပြင်​​တွေကို ​လျော့ချနိုင်​တယ်​။ ဖြိုးအအကြိုက်​ဆုံးအချက်​က​တော့ သူက အသား​ရေကို ​အေးမြလန်းဆန်း​စေတာရယ်​၊ ဆဲလ်​သစ်​ဖြစ်​​စေတဲ့အတွက်​ အသားဖြူဝင်းလာပါတယ်​။

Packaging က​တော့ ရိုးရှင်းတဲ့ ဗူး​လေးနဲ့ပဲဖြစ်​ပြီး​တော့ အထဲမှာ​တော့ Gel အကြည်​ပုံစံ​လေးနဲ့လာပါတယ်​။ ဖြိုးပက​တော့ တစ်​ရက်​ကို နှစ်​ကြိမ်​၊ မနက်​တစ်​ကြိမ်​ ညတစ်​ကြိမ်​ Mositurizer အ​နေနဲ့သုံးပါတယ်​။ သူ့ကို ခုန Thermal Mud Mask သုံးပြီးချိန်​မှာလဲ အသား​ရေ​ခြောက်​တာ ကာကွယ်​ဖို့နဲ့ စို​ပြေနူးညံ့ဖို့အတွက်​ Soothing gel အ​နေနဲ့လဲ သုံးပါတယ်​။ 

Good Points
  1. All skin type သုံးနိုင်​တယ်​။ sensitive skin နဲ့ ဝက်​ခြံထွက်​တက်​သူ​တွေနဲ့လဲ သင့်​​တော်​ပါတယ်​။
  2. လိမ်းတဲ့အခါ အသား​ရေ​အေးမြခြင်းနဲ့ ​ချော့​မွေ့ခြင်းကို ​ပေးပါတယ်​။ 
  3. အနံ့မရှိပဲ no Allergic ပါ။
  4. သူ့ကို တစ်​မျက်​နှာလုံးကို Skincare အ​နေနဲ့သုံးနိုင်​ပြီး လည်​ပင်းကိုပါလိမ်း​ပေးရင်​ အ​ရေး​ကြောင်း​တွေကို ကာကွယ်​နိုင်​ပါတယ်​။
  5. Collagen ပါဝင်​လို့ အသား​ရေကို တင်းရင်း​စေတယ်​၊ အရွယ်​ကျမှုကို ကာကွယ်​​ပေးပါတယ်​။ 
  6. လိမ်းတဲ့အခါ ​စေးကပ်​မှု လုံးဝလုံးဝကို မရှိပဲ အသား​ရေ​ပေါ် စိတ်​ဝင်​နှုန်းမြန်​တယ်​။
  7. အခြား Skincare များနဲ့ ​ရောသုံးလဲ ပြသနာမရှိပါ။
  8. မျက်​ဝန်းတစ်​ဝိုက်​ကိုလဲ စိုးရိပ်​စရာမရှိ့ သုံးနိုင်​ပါတယ်​။
  9. သူက natural products ​တွေနဲ့ပဲ ထုတ်​ထားလို့ အသား​ရေကို ထိခိုက်​မှု မရှိပါဘူးတဲ့ .. 

ဖြိုးပက​တော့ အရင်​ထဲက Moisturizer ဆို Gel type crazy ဆို​တော့ ဒီ Manuka Honey Face gel ​လေးကို အသဲစွဲ​နေတာပါ။ 
ဒီ​တော့ အခု​ပြောပြခဲ့တဲ့ Products ​လေး ၂ မျိုးထဲက ကိုယ်​အတွက်​ လိုအပ်​​နေတာ ဘာ​လေး​တွေလဲ ပြီး​တော့ ကိုယ်​အသား​ရေအတွက်​ ဘယ်​လို​တွေ ​ကောင်းတာလဲဆိုတာ​တော့ သိသွား​လောက်​ပြီလို့ ထင်​ပါတယ်​။ 
ဒီ Review ​လေးက အားလုံးအတွက်​ အသုံးဝင်​မယ်​လို့ ​မျှော်​လင်​ပါတယ်​။ 
Like and Share ​လေးလုပ်​​ပေး​နော်​.အဆုံးထိဖတ်​​ပေးလို့ ​ကျေးဇူးအများကြီး တင်​ပါတယ်​။

#PhyopapaBlogs 

Comments

Popular Posts