New Liquid Lipstick of SAI Cosmetix you need this summer






SAI ရဲ့ Kissproof Ultra Matte Series က New Shades အရောင်သစ်လေးတွေအကြောင်း

ပြီးခဲ့တဲ့ April ၁ ရက်နေ့က တော့ Junction Square မှာတော့ ဘစိုင်း Fan တွေကြောင့် ၀က်ဝက်ကွဲ ရောင်းခဲ့ရ အရမ်းကိုလူကြိုက်များခဲ့တဲ့ အရောင် အသစ်လေးတွေပေါ့နော် ..

Ultra Matte Series ကတော့ အရင်ကတော့ အရောင် ၄ ရောင်ထွက်ပြီးသား အခုကတော့ အရောင်သစ် ၃ ရောင်ကိုလဲ ပိုလန်းအောင် Formula Upgrade လုပ်ပြီး ထပ်ထုတ်ထားတာပါ။ SAI Team ကတော့ Blogger Review တွေ User Review တွေကို အရေးထားတယ်ဆိုတာတော့ သိသာတယ်။

ဖြိုးပ အရင်တစ်ခေါက်မှာတုန်းက Weak Point တွေအနေနဲ့ ဖော်ပြခဲ့တဲ့ အချက်လေးတွေတောင် အခုအသစ် Formula မှာ မရှိတော့သလိုပဲ ..
ဒီတော့ Review ကို အရှည်ကြီးမဟုတ်ပဲ Brief လေးထပ်ပြောပြလိုက်မယ်လေ။

  1. SAI Ultra Matte Series က အရောင်က အခုဆို ၇ ရောင်ရှိပြီ။ အသစ်ထည့်လိုက်တဲ့ အရောင်လေးတွေက ပိုပြီး မိန်းကလေးဆန်သလို All Skin Tone နဲ့ လိုက်ဖက်မှု ရှိတာကို တွေ့မိတယ်။
  2. အသားရောင် မရွေးဆိုးလို့ရတယ်။ အမြင်ရိုင်းတယ်ဆိုတာမျိုး ရှိမှာ မဟုတ်ပါဘူး <3
  3. ပိုပြီးတော့ အရောင်ထွက်အား ကောင်းလာတယ်။ အရင်တစ်ခါထွက်တာက Liquid Lipstick အရည်နဲနဲကျဲတော့ ၂ ထပ်ဆိုးရတယ်မလား။ အခုအသစ် ၃ ရောင်ကတော့ ဖြိုးပ ပုံထဲမှာ တစ်ထပ်ဆီပဲဆိုးထားတာပါ။
  4. ပထမ Formula ထက် ပိုမိုက်လာတာကတော့ စေးကပ်ကပ် မရှိတော့တာပဲ ။ ဆိုးလိုက်တာနဲ့ စေးကပ်မှု မရှိ အရောင်ထွက်လှပြီးတော့ ခြောက်သွားရင်လဲ နှုတ်ခမ်းသားတင်းနေတာတွေတော့ မရှိတော့ပါဘူး ။
  1. Kiss proof တော့ဖြစ်ပေမယ့် Food-proof တော့ မဖြစ်သေးပါဘူးလို့ :P (အစာစားရင် မပျက်တာလေး ထပ်ထုတ်ပေးပါ :P)

OK အရောင်လေးတွေ အကြောင်း ဆက်ပြောပြမယ်

XOXO - သူကတော့ နီညိုလေးကို အရမ်းငြိမ်တယ် ဖြိုးပကတော့ အကြိုက်ဆုံး အရောင်လေးလို့ ပြောလို့ရတယ်။ သူက Warm Tone ဖက်လဲ သွားတော့ ဖြိုးပတို့ မြန်မာအသားရေတိုင်းလိုလို နဲ့လိုက်ဖက်တယ်။ Makeup Look တိုင်းနဲ့ လိုက်ဖက်မှာဖြစ်ပြီးတော့ No makeup ဆိုရင်တောင် ပေါ်လွင်လှပစေမယ့် အရောင်လေးပါ။ Office နဲ့ ကျောင်းတက်သူလေးတွေလဲ ရွေးချယ်နိုင်ပါတယ်။

Crush On you - သူကတော့ အညိုဖက်သွားတဲ့ အရောင်လေးပါ။ အရမ်းလဲ Nude လိုဖြစ်မနေတော့ ဆိုးပြီးလဲေ၇ာဂါသည်လိုဖြစ်နေမှာ မဟုတ်ပါဘူး။ ဖြိုးပ ဒီအရောင်လေးကိုလဲ စွန်းကြွေတယ်. Sexy makeup look လို ခပ်ပြင်းပြင်း Smokey Eyes တွေနဲ့လဲ လိုက်ဖက်မှာဖြစ်ပြီးတော့ night out တာဖြစ်ဖြစ် Day Time မှာပါ ရွေးချယ်လို့ရပါတယ်။ အသားညိုလဲ လှ အသားဖြူလဲ လှမှာပါ။

Marry Me - ဒီအရောင်လေးကတော့ လိမ္မော်ခြောက်ရောင်လေးပါ။ အရင်က Honeymoon ဆိုတဲ့ အရောင်လေးနဲ့ဆင်ပါတယ်။ ဒါပေမယ့် Marry Me က အရောင်ကိ ပိုလင်းတယ်.. မိန်းကလေးအရမ်းဆန်တဲ့ အရောင်လေးဖြစ်ပြီးတော့ အသက်ရွယ်တိုင်းရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ဖြိုးပကတော့ အရမ်းကြိုက်တဲ့ အထဲမပါပါဘူး. ဒီလိုအရောင်တွေကလဲ ဈေးကွက်ထဲ ရှာရလွယ်တာကြောင့်ပါ။ အသားအရမ်းညိုတဲ့သူနဲ့ နှုတ်ခမ်းသား မဲသူလေးတွေနဲ့တော့ လိုက်ဖက်မယ်မထင်ပါဘူး ။ Girly Girl လေးတွေ အကြိုက်တွေ့မယ့် အရောင်လေးပါ။

ကဲ .. ဒီတော့ ဒေါ်ဖြိုးပကြီးရဲ့ အထင်နဲ့အမြင်နဲ့ ဆိုးထားတဲ့ ပုံလေးတွေကို ပြလိုက်ပြီနော်။ ဘစိုင်း Fan လေးတွေကတော့ မ၀ယ်မဖြစ် တစ်ရောင်တော့ အားပေးမယ်ဆိုရင်တော့ ဘာရွေးရမလဲ သိလောက်ပြီပေါ့ <3
ဈေးရောင်းပွဲနေ့ကရော သွားအားပေးလိုက်သေးလား .. ဘာလေးတွေ ၀ယ်ခဲ့လဲ ဝေမျှပေးပါဦး ။

အော် .. Mascara #Loveisintheair ကတော့ မစမ်းရသေးဘူး စမ်းပြီးရင်တော့ Review ပေးမှာပေါ့
ချစ်တဲ့ ..
#PhyopapaBlogs #PhyopapaReviews #SAICosmetix





Comments

Popular Posts