New Lips Crayon you need right now // Pantra Beauty
ချစ်တို့ကို ဒီတစ်ခါ ဖြိုးပကတော့ Lipstick Brand
အသစ်လေးတစ်မျိုးကို
ဖြိုးပ စမ်းဆိုးပြထားပါတယ်။
ဒီ Lipstick Brand လေးကတော့ မကြာခင်ကမှ Official Launch လုပ်ခဲ့တဲ့
မြန်မာဆန်တဲ့ နာမည်လေးနဲ့ Pantra Beauty
ရဲ့ Lips Crayon လေးပါ ..
ပန်ထွာဘုရင်မလို လှပနေမယ်လို့တောင် ခံစားစေရမယ့် အရောင်ရွေးချယ်မှု
ပုံစံနဲ့ ကိုရီးယားနိုင်ငံရဲ့ထုတ်ကုန်ဖြစ်ပါတယ်။ ...
ဖြိုးပကတော့ PR Gift အဖြစ် လက်ဆောင်ရကထဲက စသုံးဖြစ်ပေမယ့်
အားလုံးကို Update လုပ်မပေးရသေးတာကြောင့် အခုတစ်ခါထဲ Lipstick အရောင်ထွက်လေးတွေကို
သေချာဆိုးပြထားပါတယ်။
Pantra ရဲ့ ပွဲဦးထွက် ကာလာလေးတွေကတော့ -
- 01 (FAME) Nude ရောင်လေး အသားရောင်တိုင်းနဲ့ လိုက်မယ်
- 02 (Sweet Soul) Bright Pink (Cherry) ရောင်လေးမျိုးပါ
အသားဖြူသူနဲ့ လတ်သူတွေနဲ့ လိုက်ဖက်မယ်
- 03 (She Rules) Bright Pink (ပန်းခရမ်းဆန်ဆန်လေး)
အသားရောင်တိုင်းနဲ့လိုက်ဖက်သလို ထင်ပေါ်ရတာ ကြိုက်သူတွေတွက်ပါ
- 04 (Fearless) Dark Lipstick Color လေးဖြစ်ပြီး ဘိုဆန်တဲ့
ကာလာလေးဖြစ်တော့ အသားရောင်တိုင်းရွေးချယ်လို့ရတယ်
- 05 (CHARM) ကကျတော့ ပန်းရောင်နုနုလေး Pinky Nude လေးဆိုတော့
အရမ်းလှတယ်။ အသားဖြူသူ လတ်သူတို့ရွေးချယ်လို့ရမယ်။ ညိုသူနဲ့ပေါ်မှာမဟုတ်ပါ။
ဆိုတဲ့ ရောင်လေးတွေ ဖြစ်ပါတယ်။
ဖြိုးပသဘောကျတဲ့ Pantra ရဲ့ အားသာကချက်တွေကတော့
- packaging ကတော့ သေသပ်ပြီး Travel Friendly ဖြစ်တယ်
- Lip Crayon texture ကတော့ soft အရမ်းဖြစ်ပြီးတော့ ပေါ့ပါးတယ်
- ဆိုးထားတဲ့ အခါ Moisture ထိန်းထားလို့ နှုတ်ခမ်းသားစိုပြေစေတယ်
- ဆိုးထားလို့ ထားမှန်းမသိအောင် ပေါ့ပါးပါတယ်
- အရောင် Color Payoff ကတော့ ထွက်သင့်သလောက်ထွက်ပါတယ်
သူကတော့ အရမ်းကိုတော့ long lasting မဖြစ်သလိုပဲ Food Proof လဲ
မဖြစ်လို့ ထပ်ခါထပ်ခါတော့ ဆိုးရပါတယ် ခ်ခ် (ဖြိုးပကတော့ အရမ်းကို အစားသရမ်းတာကြောင့်ပါလဲ)
ဖြိုးပ ပုံတွေထဲမှာ Lipstick ကို အရောင် သေချာလှပြီး ညီညာအောင် 2
ထပ်စီလောက် ဆိုးထားပါတယ်။ ဈေးနှုန်းကလဲ 7800 ကျပ်နဲ့တော့ ဈေးကွက်ထဲမှာ
ဝယ်လို့ရနေပြီနော် ..
ဖြိုးပ အကြိုက်ဆုံး ကာလာလေးတွေကတော့ - SHE RULES နဲ့ FEARLESS
ဆိုတဲ့
အရောင်လေးတွေပါရှင့်
ချစ်တဲ့ ..
#PhyopapaBlogs
Comments
Post a Comment