Amazingly Effective Whitening Cream for Acnes Prone Skin









အဆီထိန်းပြီး ၀က်ခြံပါကာကွယ်နိုင်တဲ့ Quality Whitening Cream အသစ်တစ်မျိုး

Hello Hello …. အားလုံးပဲ မင်္ဂလာပါရှင့်
ဖြိုးပရဲ့ Follower လေးတွေကို Skincare Product လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ ပြီးရင်တော့ အဲ့ Skin care လေးရဲ့ အသုံးဝင်ပုံနဲ့ ထိရောက်မှု လေးတွေကို Review ပေးသွားမယ်နော်

ဖြိုးပ လွန်ခဲ့တဲ့ February လထဲက Skincare Products လေးတွေကို စနစ်တကျနဲ့ မိမိနဲ့တည့်တာကို ရွေးချယ်သုံးခဲ့တယ်။ ဖြိုးပက အရင်ကလို ၀က်ခြံတွေ တစ်စေပေါက်နေတဲ့ Skin တော့ မဟုတ်တော့ပေမယ့် ရံဖန်ရံခါ အခပ်မသင့်ရင်တော့ အဆီဖုတွေနဲ့ ၀က်ခြံလေးတွေကတော့ တစ်လုံးစ နှစ်လုံးစ ထွက်လေ့ရှိပါတယ်။
ပြီးတော့ ဖြိုးပက Anti-aging Product လေးတွေလဲ သုံးတဲ့သူဖြစ်တော့ အသားရေတင်းရင်းစိုပြေဖို့ အတွက် Skincare Product အသစ်လေးတွေ ရှာဖွေသုံးဖြစ်တယ်ပေါ့နော်။
အခု Young As Skincare လေးကကျတော့ Australia Skincare Brand တစ်ခုဖြစ်ပြီးတော့ သူက User တွေ Recommend ပေးတဲ့နှုန်းရော Online Review တွေကြောင့်ရော ဖြိုးပစတင်သုံးခဲ့ပါတယ်။ ဘာလိုလဲဆိုတော့ သူက အသားဖြူစေမယ်၊ စိုပြေတင်းရင်းစေမယ်၊ ၀က်ခြံတွေကို ကာကွယ်နိုင်တဲ့ Anti-acnes Cream တစ်ခုလဲ ဖြစ်တယ်ဆိုတာကြောင့်ပါ။

ဖြိုးပရဲ့ Skincare Steps လေးတွေကို သိချင်တယ်ဆိုရင်တော့ လက်တလောကမှ တင်ထားတဲ့ update skincare routine လေးကို ၀င်ကြည့်နိုင်ပါတယ်။ Link လေးကတော့ ဒီမှာပါ https://www.youtube.com/watch?v=OIX-wI9GfWE
အဲ့ Video လေးထဲမှာလဲ Young As Cream လေးကို ဘယ်အဆင့်မှာ သုံးထားလဲ လေ့လာနိုင်ပါတယ်နော်။

အဲ့တော့ အရင်ဆုံး Young As ရဲ့ Intensive Whitening, Anti-acnes Cream လေးကို မိတ်ဆက်ပေးမယ်နော် ..
Young As Brand မှာက အသားရေအတွက် Skincare Line တွေအများကြီးရှိပါတယ် .. အဲ့ထဲကမှ နာမည်ကြီးတဲ့ အမျိုးအစားတွေကတော့ - Young As ရဲ့ Whitening Series နဲ့ တင်းတိတ်အတွက် Skincare Series တွေပဲလို့ သိရပါတယ်။

ဖြိုးပ ပုံလေးထည့်ထားပေးမယ့် သူတို့ရဲ့ Skincare Products လေးတွေကို လေ့လာနိုင်ပါတယ်။
ဖြိုးပကတော့ အကုန်လဲ မသုံးဖူးဘူး တစ်မျိုးသာပဲ သုံးတော့ သုံးတဲ့ဟာထဲကပဲ ပြောပြမယ်နော်။
အခု ဖြိုးပ မနက်ရော ညရော လိုလို moisturizer မလိမ်းခင် လိမ်းဖြစ်နေတာကတော့ Young As ရဲ့ အသားဖြူ Cream လေးပေါ့နော်.။ သူက - မျက်နှာအသားရေကို ၃ ပတ်အတွင်း ပိုချောမွေ့ ပိုဖြူ ပိုပြီးတင်းရင်လာစေပါတယ်။
သူရဲ့ ဖော်ပြချက်ထဲမှာ Anti-aging Skincare Ingredients တွေပါဝင်ပြီးတော့ အရေပြားကို ချောမွေ့စေတာကြောင့် အရေးကြောင်းပါးပါးလေးတွေကိုက အစ ဖယ်ရှာပေးနိုင်ပါတယ်။ ပြီးတော့ ၀က်ခြံထွက်တက်တဲ့ Skin တွေပါသုံးနိုင်အောင် Anti-acnes formula လဲပါဝင်ပါတယ်။

မသိသေးတဲ့ သူလေးတွေကိုလဲ ပြောပြချင်တာကတော့ Intensive Whitening Cream တွေက မျက်နှာ အသားရေ တစ်ပြင်လုံးကို အမြဲလိမ်းပေးရင် သိသိသာသာဖြူလာရုံမက မျက်နှာပေါ်က အမဲစက်နဲ့ အမာရွတ်သေးသေးလေးတွေ နေလောင်လို့ အသားရောင်မညီတာ စတဲ့ပြသနာလေးတွေကိုက အစဖြေရှင်းနိုင်ပါတယ်။ ဖြိုးပမှာက ပါးရိုးပေါ်မှာ အမဲစက်သေးသေးလေးတွေ ထွက်နေတာလေ . အဲ့တော့ ဖြိုးပသုံးပြီးတော့ Review & Result လေးကို ပြောပြမယ်နော် ..

Packing >> ကတော့ 30g ရွေရောင်ဖန်ဗူးလေးနဲ့မှာ Packaging ကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး. သေသပ်ပြီးတော့ အဖွင့်အပိတ်လဲ အဆင်ပြေပြီး အထဲက Products တွေကို လဲ သေချာကလော်လို့ လွယ်ပါတယ်။
Product Cream Type လေးကတော့ အရမ်းလဲ အပစ်မကျဲလေးနဲ့ လိမ်းတဲ့အခါလဲ ဖြန့်ရလွယ်ပါတယ်။ Water ရေဓာတ်အများကြီးပါလို့ စိုစိုပြေပြေရှိပါတယ်။ အနံ့သင်းသင်းလေးလဲရတယ်။ Skincare မှာ အနံ့ပါရင် မကြိုက်ပေမယ့် Fragrance ထဲ့ထားတဲ့ အနံ့ပြင်းတွေမဟုတ်တော့ တော်သေးတယ်။

ဖြိုးပကတော့ သုံးလာတာ ၃ ပတ်ကျော်ပြီ တစ်ခါတစ်လေကျ မနက်ရော ညရော သူံးတယ်။ အပြင်သွားမယ် Makeup လိမ်းရမယ့် နေ့တွေဆိုရင်တော့ မနက်ပိုင်းမလိမ်းဖြစ်ဘူး. ဖြစ်နိုင်ရင်တော့ ညဖက်လိမ်းတာကတော့ အကောင်းဆုံးဖြစ်မှာပါ.
ဖြိုးပကတော့ ညတိုင်းလိမ်းဖြစ်တယ်။ တစ်ခါလိမ်းရင် လက်ထဲကို လက်မ လက်သည်းခွံအရွယ်လောက် ထည့်ပြီး လက်ပေါ်မှာ အရင်ပွတ်တယ်။ ပြီးမှ မျက်နှာပေါ်ကို အသာအယာလေး လိမ်းပေးပါတယ်။
အဲ့လိုလိမ်းတဲ့ နည်းက အသားရေကို ပိုချောမွေ့စေပြီး အသားရေကို ခဏခဏပွတ်လို့ အရေပြားလျော့တာတွေကနေ ရှောင်နိုင်ပါတယ်။

Young As Intensive Whitening Cream ရဲ့ ကောင်းတာလေးတွေကတော့
  • လိမ်းတဲ့အခါ အသားရေရဲ့ အစိုဓာတ်ကို သေချာထိန်းထားပေးနိုင်တယ်
  • အပေါ်ကနေ အခြား Skincare တွေထပ်လိမ်းရင်တောင် အဆီပြန်တာမျိုး မရှိဘူး။
  • အရေပြားထဲကို သေချာစိပ်ဝင်နိုင်လို့ ထိရောက်မှု ပိုရှိပါတယ်။
  • ဖြိုးပသုံးပြီး တစ်ပတ်လောက်မှာတော့ အသားရေကို သိသိသာသာ ဖြူဝင်းလာစေတယ်. အမာရွတ်လေးတွေကို မှိန်လာစေတယ်။
  • Anti- acnes လို့ သူပြောထားတဲ့ အတိုင်းပဲ Skincare ပြောင်းသုံးလို့ ထွက်တက်တဲ့ Break out လေးတွေတောင် မဖြစ်ပါဘူး.
  • လိမ်းပြီးချိန်မှာလဲ အသားရေကို စိုပြေစေပြီးတော့ ချွေးပေါက် ပိတ်တာမျိုးတွေ ယားယံ့တာနဲ့ ပူစပ်တာမျိုး လုံးဝလုံးဝ မရှိပါဘူး
  • All skin type သုံးနိုင်တဲ့ Cream အမျိုးစားလေးနဲ့ ထုတ်ထားပြီးတော့ အဆီပြန်ပြီးဝက်ခြံထွက်တက်သူတွေလဲ့ အထူးသင့်တော်ပါတယ်။

ဖြိုးပ မကြိုက်တဲ့ အချက်လေးကတော့ မနက်ပိုင်း လိမ်းတဲ့ အခါ မပေါ်ကနေ မိတ်ကပ်ထပ်လိမ်းတဲ့ အခါတွေမှာ အဆီနဲနဲပြန်သလိုဖြစ်စေပါတယ်။ အဲ့လိုဖြစ်တာကတော့ oily skin သမားတွေပဲ ဖြစ်တာမို့လို့ ကျန်တဲ့ Skin type တွေကတော့ အဆီပြန်မှာ စိတ်ပူစရာမလိုပါဘူး ။
အဲ့ဒီ အချက်ကြောင့်လဲ ဖြိုးပက ညဖက်မှာပဲ အသားပေးလိမ်းဖြစ်တာဖြစ်ပါတယ်။

ဒီ Young As Skincare လေးကိုတော့ သူက မြန်မာဈေးကွက်ထဲ အခုမှ အသစ်ဝင်တာလဲ ဖြစ်သလို Quality Product တစ်ခုဖြစ်လို့ Whitening Cream လဲရှာနေတယ် ဒီနိုင်ငံရာသီနဲ့ အဆီပြန်ပြီးဖုထွက်မှာ ကြောက်တဲ့သူတွေဆိုရင်တော့ ရွေးချယ်စမ်းသုံးစေချင်ပါတယ်ရှင့် ။ သူက စွဲသုံးလို့ရတဲ့ Prodcuts တစ်မျိုးဖြစ်တဲ့ အပြင် မလိမ်းတော့တဲ့ အခါမျိုးမှာလဲ Skin ပြသနာတွေ ပေးမှာ မဟုတ်ပါဘူး ။ စိတ်ချ …. ဖြိုးပသေချာစမ်းထားတယ် (Y)

ဒီတော့ Young As ရဲ့ Intensive Whitening Cream လေးကို စမ်းချင်တယ်ဆိုရင်တော့ သူတို့ပေ့ခ်ျကနေလဲ ဈေးနှုန်း ၆၅၀၀၀ ကျပ်နဲ့ရောင်းပေးသလို - BFF Cosmetics, Rose Lady, Amara Beauty Collection, Celebrity Cosmetics ဆိုင်တွေမှာလဲ ၀ယ်လို့ရပါတယ်။

ဖြိုးပကို ယုံကြည်တဲ့ သူတွေအတွက် ဖြိုးပကတော့ Review လေးပေးလိုက်ပြီနော်
တစ်ခုခုမေးချင်တာဖြစ်ဖြစ် ၀ယ်ချင်လို့ ဘယ်လိုမှာရမှန်းမသိရင် ဖြစ်ဖြစ် ဖြိုးပကို Chat Box မှာလာမေးလို့ရပါတယ်။

ချစ်တဲ့
#PhyopapaBlogs  

Comments

Popular Posts