Sweet Savior for Healthy Body and Skin
ဖြိုးပ
မှီဝဲဖြစ်နေတဲ့ Vitamin C ဆေးပြားလေးအကြောင်း
ပြောပြချင်လို့ပါလေ။
ဖြိုးပကို
တော်တော်များများကလဲ Beauty Supplements တွေ သောက်လား ဘာညာမေးလေ့ရှိကြတယ်။ တစ်ကယ်တော့ ဖြိုးပကတော့
ဆေးဝါးထွေထွေထူးထူးတွေ အသားရေအတွက် Collagen တွေ စားသုံးတာမျိုးတော့ မရှိပေမယ့် ၂၀၁၇ နှစ်လည်ထဲက သောက်လာတဲ့ Vitamin C ဆေးပြားလေးတွေတော့ ရှိတယ်။
ဖြိုးပကို အသိသူငယ်ချင်းတစ်ယောက်ကနေ Taiwan မှာ နာမည်ကြီးတယ်ဆိုပြီး မကြာခန ပို့ပေးလေ့ရှိလို့ သောက်ဖြစ်တယ်ပေါ့နော်။
ဖြိုးပကို အသိသူငယ်ချင်းတစ်ယောက်ကနေ Taiwan မှာ နာမည်ကြီးတယ်ဆိုပြီး မကြာခန ပို့ပေးလေ့ရှိလို့ သောက်ဖြစ်တယ်ပေါ့နော်။
ပထမဆုံးတော့
အလကားရလို့ သောက်သုံးရင်းကနေ ၃ ထုပ်လောက်မှာတော့ ဖြိုးပအရမ်းသဘောကျတာကြောင့်
များများ စာစားမှာယူ သောက်သုံးခဲ့ပါတယ် ။
ဒီ Vitamin C လေးအကြောင်းလေးကို လဲ တစ်ချက်လောက်
ပြောပြချင်ပါတယ်။
What is Vitamin
C?
အားလုံးသိပြီးသား အချက်လဲဖြစ်တယ် ဖြိုးပတို့တွေ Vitamin C (Ascorbic Acid) ဓာတ်ကို ကိုယ်ခန္ဒာရဲ့ ကျန်းမာရေးအရရော
အလှအပ ရေးရာရော အမှန်အကန်လိုအပ်ပါတယ်။ Vitamin C ကို
အသီးအနှံ အစားအသောက်တော်တော်များများကနေလဲ ရနိုင်သလိုပဲ အခုလို့မျိုး
ဆေးဝါးတွေကနေလဲ အားဖြည့်လေ့ရှိကြတယ်မလား ။ လိုအပ်တဲ့ Vitamin C mg က ဖြိုးပတို့အတွက်
နေ့စဉ်ထောက်ပံ့ပေးနိုင်တဲ့ Vitamin လေ။ တို့တွေ သိထားတဲ့ အတိုင်းပဲ အစားအသောက်ထဲမှာလည်း Vitamin C တွေ
များစွာရှိတယ်။ (ဥပမာ-သံပုရာသီး၊
လိမ္မော်သီး၊ Kiwi သီး၊ သရက်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီ၊
ခရမ်းချဉ်သီး၊ မုန်ညင်းဖြူနှင့် ကြက်ဟင်းခါးသီးတွေ စတဲ့ အသီးနှံတွေမှာက Vitamin C ဓာတ် ကောင်းစွာပါသောကြောင့် အမြဲစားပေးပါ။)
ဖြိုးပကတော့
Vitamin C ကို တစ်ရက်ကို ၂၅၀ mg မှီဝဲလေ့ရှိတယ်.
အဓိကကတော့
လန်းလန်းဆန်းဆန်းဖြစ်အောင်ရယ် ကျန်းမာရေး အတွက်ရယ်ပါ။
Vitamin
C ရဲ့ ကောင်းကျိုးလေးတွေကိုလဲ ချုံပြောပြပါမယ်။ ချဲပြောနေရင်
ပြီးတော့မယ်မထင် -
- သွားကိုကျန်းမာစေပြီး သွားဖုံးအတွက် အဟာရဓာတ်တွေ ဖြည့်ဆည်းပေးတယ်။ Vitamin C တွေအရမ်းချို့ဓာတ်နေရင် သွားဖုံးရောင်ခြင်း၊ သွေးထွက်ခြင်း၊ သွားကျဲတာ မျိုးတွေဖြစ်တတ်တာလေ။
- အနာကိုလည်း မြန်စွာကျက်ပြီး သွေးကြောတွေရဲ့ လည်ပတ်မှုနှင့် အရိုးအဆစ်အတွက်လဲ သန်မာစေလို့ ကိုယ်ခန္ဒာ ကျန်းမာရေးးအတွက်လဲ ကောင်းတယ်။
- ခုခံအားကောင်းစေပြီး၊ ရောဂါကူးစက်မှုကိုလည်း ကာကွယ်စေတယ်။ ။
- ဆံပင်ရှည်မြန်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်တွေ မှိုတွေ ဖြစ်ပေါ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။Vitamin C က ဆံသားကို ပိုပြီးတော့ သန်စွမ်းလာစေတယ်၊ ဆံပင်ပါးတာလှီတာတွေ မဖြစ်ဘူးပေါ့နော်။ဆံပင်တွေ မရွယ်မတိုင်ခင် ဖြူလာတာမျိုးတွေကိုလဲ တားဆီပေးပါတယ်။ ဆံသားတောက်ပမှုနဲ့ ချောမွေ့အောင်လဲ လုပ်ပေးနိုင်ပါတယ်။
- လူရဲ့အသက် တဖြည်းဖြည်းကြီးလာလေ ခန္ဓာကိုယ်ထဲက ဗီတာမင် C က တဖြည်းဖြည်းနဲ့ လျော့လာတယ်။ ဒါကြောင့် နေ့တိုင်း ဗီတာမင်တွေ ဓာတ်ဖြည့်ပေးရမယ်။ ဗီတာမင် C ကို အမြဲသောက်ပေးရင် သို့ Vitamin C ပါတဲ့ အသီးအနှံတွေ စားပေးခြင်းဖြင့်လဲ ကင်ဆာကို ကာကွယ်ပေးနိုင်တယ်။
- ၃။ ကိုယ်ဝန်ဆောင်ချိန် ကာလတွင်းမှာ ဗီတာမင် C ဓာတ်က ခါတိုင်းကိုပြီး လျော့နည်းသည့် အတွက် အလွယ်တကူ အားနည်းတာ၊ ဖျားနာတာတွေ ဖြစ်တတ်တယ်။ အဖျားပျောက်ဆေးတွေ သောက်တော့လည်း ကိုယ်ဝန်ရှိသူအတွက် မကောင်းဘူးလေ။
- အသားရေတွက်ကတော့ ဖြိုးပတို့ရဲ့ အသားရေအပေါ်လွှာကနေ ကြည်လင်လှပဖို့ကို အတွင်းထဲကနေ ပြုပြင်ပေးတယ်။
အမဲစက်တွေနဲ့ အသားရောင် မညီတာတွေရော၊ အသားရေ ရောရဲနေတာတွေကအစ
အထောက်အပံ့ပေးနိုင်တာကြောင့် မိန်းကလေးတွေရော အမျိုးသားတွေရော မှီဝဲနိုင်ပါတယ်။
ဖြိုးပရဲ့
ဒီ Vitamin C ဆေးပြားလေးနဲ့
ပတ်သက်ပြီး အရမ်းကြိုက်ရတဲ့ အချက်လေးတွေ ပြောပြမယ်လေ။
- ဒီ Vitamin C ဆေးပြားလေးက Daily အတွက်လိုအပ်တဲ့ ၂၅၀ mg ပါတယ် ။ (မိမိက ဘယ်လောက်လိုတယ်ဆိုတာ သိအောင် ဆရာဝန်နဲ့တိုင်ပင်ပါ)
- သူက Sugarless ဖြစ်ပြီး Artificial Colors တွေလဲ မပါဘူးပေါ့နော်။ ချောင်းဆိုးမှာ စိတ်ပူစရာမလိုပါ။
- အရသာကတော့ ချိုချဉ်လေးဖြစ်ပြီး ငုံထားလို့ရတဲ့ ဆေးပြားစတိုင်လေးပါ။
ဖြိုးပကတော့
သောက်လာတာ ၅ လရှိပြီဆိုတော့ သိသိသာသာကို ထူးခြားတာကတော့
- ဖြိုးပ ဖျားနာမှု နှုန်းကျတယ်။ သာမာန်အားနည်းရုံလောက်နဲ့ ရာသီအကူအပြောင်း ကာလတွေကအစ ဖြိုးပရဲ့ ကိုယ်ခုခံအားကကောင်းနေတာပေါ့နော်။
- မိန်းကလေးတွေ သိချင်ဆုံးဖြစ်နေတယ် အသားရေရဲ့ ကောင်းကျိုးရှိလားဆိုတော့ အသားရေလေးကို ၀င်းနေစေတယ်။
- ဖြိုးပက အပြင်မှာ အရမ်းကြီး အသားမဖြူပါဘူး ဒါပေမယ့် အသားရေ စိုစိုပြေပြေရှိတယ်။
- အရောင်ညီညာပြီးတော့ UV Rays တွေကနေ ထိခိုက်မှုနှုန်းကိုလဲ ကာကွယ်ပေးတယ်။
- Anti-oxidant အနေနဲ့လဲ သုံးနိုင်တယ်။
- ဖြိုးပသွားတွေရော အသားရေအတွက်ရော အတည်ကောင်းတာပါ။
ဆေးဝါး
တစ်မျိုးဖြစ်နေတော့ အများကြီးတော့ မရှင်းတက်ပေမယ့် Vitamin
C Supplements ကိုတော့ လူတိုင်းကို သောက်သုံးဖို့
သတိပေးချင်ပါတယ်။ အခုခေတ် အစားအသောက်တွေကနေ Vitamin ဓာတ်တွေက ရနိုင်တာလဲ မဟုတ်ဘူးလေ။
ဒီ Vitamin C ဆေးပြားလေးတွေကို အခုအောက်မှာပေးထားတဲ့
လင့်ကနေ ၀ယ်လို့ရပါတယ်။ အခုသူတို့က Promotion ရှိနေတယ်။
ကျန်းမာရေးနဲ့
ဆေးဝါးကွတ်ကဲမှုကလဲ ထောက်ခံထားလို့ စိတ်မပူပါနဲ့နော်။
ဆေးပြား
၁၀ ပြားပါတဲ့ အထုပ်သေး တစ်ထုတ်ကို ၂၂၀၀ ပဲတဲ့ …
OK
… ချစ်တို့ သိချင်နေတဲ့ Vitamin C လေးအကြောင်း ပြောပြီးဘီဆိုတော့
Good
Night နော်
#PhyopapaBlogs
Comments
Post a Comment