Easiest Way to Detox your Skin (Review)


Hello …. အားလုံးပဲ မင်္ဂလာပါ။
အခုတော့ ဖြိုးပ မကွေးကနေ ရန်ကုန်ပြန်ရောက်လာပြီ။ ၂၉ ရက်နေ့မနက်က ထွက်တယ်၊ ၂ ရက်နေ့ညပြန်ရောက်တယ်။ ၄ ရက်လောက်လမ်းပေါ်မှာပဲ ချစ်စစ်တို့ရေ။

မကွေးမှာ နေရာဒေသ အပြောင်းအလဲဖြစ်တော့ ပျော်ဖို့အရမ်းကောင်းပေမယ့် ဆိုးတာကတော့ သိတဲ့အတိုင်း ပူအိုက်ခြောက်သွေ့ဒေသ တစ်ခုဆိုတော့ ဒေါ်ဖြိုးပကြီး မဲတူးစုတ်ပြတ်နေတာပေါ့။ အရင်တစ်ခေါက် ပုဂံသွားထဲက သိသွားတာက နေပူမခံပေမယ့် အပူပိုင်းဒေသက လေနဲ့ ဖုန်တွေကလေ အသားရေကို အရမ်းထိခိုက်တယ်။ ဖြိုးပကတော့ ရန်ကုန်နေသူ Air-Con ခန်းထဲ အလုပ်လုပ်သူ ဆိုတော့ အဲ့လိုဒဏ်တွေကျတော့ အသစ်လိုဖြစ်ပြီး အသားရေက ပြသနာ စတက်ပါလေရော။

ပုဂံကပြန်ရောက်ထဲက မျက်နှာအသား နဲနဲချေးကပ်ပြီး အရောင် မညီတာရယ် အသားရောင် ညစ်တာရယ်၊ ချွေးပေါက်ပိတ်တာရယ် ဖြစ်ပြီးပြန်လာပါတယ်။ ဖြိုးပလဲ မနည်းကို ပြန်ကုထားရတာပေါ့နော်။ ဟော .. မကွေးကို ထပ်သွားဖို့ဖြစ်လာတော့ နောက်တစ်ခေါက်တော့ အပျက်စီး မခံနိုင်တော့ဘူးလေ။ အဲ့တော့ လက်တလော ဖြိုးပရထားတဲ့ BonnyBox (Beauty Subscription Box) လေးထဲက ပါလာတဲ့ NUXE ရဲ့ Nuxellence Skincare line ထဲက Night Cream လေးကို သုံးဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ သူက Detox ဆိုပြီးရေးထားလို့ပါ။ ဖြိုးပက Skin detoxing အကြောင်းကို တစ်ချက်လေ့လာနေတာ အဲ့အချိန်မှာ NUXE က Detox လုပ်ပေးနိုင်တဲ့ Night cream လေးကို ရတော့ စမ်းသုံးဖြစ်ခဲ့တာပေါ့နော်။ သူက Travel size လေးလဲဖြစ်တော့ မကွေးမြို့ သွားချိန် သယ်သွားဖို့ ကံပါလာတယ်ပဲ ပြောရမှာပေါ့လေ။ ဖြိုးပ ဒီ NUXE Detox night cream လေးကို သုံးပြီး အရမ်းကောင်းတာကြောင့် ပြန်ရောက်ရောက်ခြင်း အမြန် Review လာပေးတာပါ။

NUXE ရဲ့ Nuxellence Detoxifying and Youth Revealing Anti-aging Care Night လို့ခေါ်တာပေါ့နော်။ နာမည်ကတော့ အတိအကျပြောရင် အရှည်ကြီးပဲ ဒါပေမယ့် သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ “အသားရေအတွင်းရော အပြင်က အဆိပ်အတောက်တွေကို ညပိုင်းလိမ်းထားရင်း ဖယ်ရှားပေးနိုင်ပြီးတော့ မနက်ရောက်ရင် ချောမွေ့ပြီး ကြည်လင်ပြီး နုပျိုတဲ့ အသားရေကို ပြန်လည်ရရှိအောင် လုပ်ပေးနိုင်ပါတယ်”။
ဖြိုးပအမြင် Review လေးကို ပြောပြချင်ပါတယ်။ ဖြိုးပက အခုဆို Skincare တွေကို စမသုံးခင် Review တွေဖတ်ဖြစ်တယ်။ ကိုယ်နဲ့တည့်ပါ့မလား၊ Reaction တွေက ဘယ်လိုရှိလဲ ဘယ်လိုအသားရေတွေနဲ့ သင့်တော်လဲ စသည်ဖြင့်လေ့လာပါတယ်။ သူတို့ Website မှာတော့ Nuxellence series မှာက Day and Night Product နှစ်မျိုးလာတာပေါ့နော်။ ဖြိုးပကတော့ ညပိုင်းလိမ်းတဲ့ဟာလေးဆိုတော့ ညဖက်မှာ Skincare steps ထဲရောလိမ်းဖြစ်တယ်။ ဖြိုးပက Moisturizer လိမ်းပြီး နောက်ဆုံးဆင့်မှာ လိမ်းတယ် ပြီးတော့မှ Eye Cream လိမ်းဖြစ်ပါတယ်။





  • Travel Size လေးဆိုတော့ 15ML ပဲပါပြီး Tube ပုံစံလေးပါ။ ခရမ်းရောင် tube ဗူးလေးပါ။ သူ့ရဲ့ Full size ကိုတော့ ဖြိုးပသူတို့ Website ကနေကူးယူပြထားပါတယ်။
  • Product information လေးကို ဗူးပေါ်မှာသေချာဖော်ပြထားပါတယ်။ Ingredients တွေလဲရေးပေးထားလို့ သေချာလေ့လာလို့ရပါတယ်။ သူ့ထဲမှာ natural ingredients တွေပဲပါဝင်ပြီး passionflower, poppy and silk tree စတာတွေပါဝင်ပါတယ်။

Review 

>> ဒီ NUXE Detox night cream က အသားရေတိုင်း အသက်ရွယ်မရွေး သုံးနိုင်ပါတယ်။ Anti-aging ဆိုပြီး ၃၅ နှစ်လောက်မှ သုံးရတာမျိုးမဟုတ်ပဲ ကြိုတင်ကာကွယ်ချင်ရင် ဖြိုးပတို့လို့ ၂၃ ကျော်လောက်ထဲက စသုံးသင့်ပါတယ်။ ဖြိုးပကတော့ မျက်လုံးအောက်လေးတွေမှာ အမဲစက် သေးသေးလေးတွေနဲ့ အရေးအကြောင်းတွေ Smile line တွေထွက်နေပါပြီ။ ဒီလို အသားရေတွေတွက်ဆိုရင် Nuxe Detox night cream ကို စသုံးလို့ရပါပြီ။ ဖြိုးပသုံးပြီး ၃ ရက်လောက်မှာ သိသိသာသာ Foundation ထူထူလိမ်းမိလို့ အကြောင်းတွေပေါ်တာ လျော့သွားပါတယ်။

>> NUXE Detox Night Cream က ဆဲလ်သေတွေကို ဖယ်ရှားပြီး အသစ်ဖြစ်အောင် လှုံဆော်ပေးတာပါ။ ဖြိုးပညဆို လက်ထဲကို ပဲစေ့လောက်ပဲထည့်ပြီး မျက်နှာပေါ်အစက်ချပြီး နှိပ်နယ်လိမ်းပေးပါတယ်။ သူ့မှာ ပန်းလိုလိုအနံ့လေးရတယ် အခြား Detox cream တွေလိုဆေးနံ့နဲ့ မဟုတ်ပါဘူး။ အဲ့အချက်လေးကလဲ အရမ်းကိုကြိုက်ပါတယ်။ သူက လိမ်းတဲ့အခါလဲ အသားရေကို စိုစိုပြေပြေ လေးဖြစ်စေပြီးတော့ အေးမြစေပါတယ်။

>> NUXE ကိုစသုံးပြီး ၃ ရက်မြောက်နေမှာ ဖြိုးပမိုးလင်းလို့ မျက်နှာသစ်ရင်လဲ မျက်နှာအသားရေလေးကိ ချောမွေ့ပြီး ပွတ်လို့ကောင်းတယ်။ ပိုပြီးလဲ ဖြူစင်လာပါတယ်။ အားလုံးလဲ တွေ့တဲ့တိုင်းပဲပေါ့လေ ဖြိုးပလက်ရှိ မကွေးက ပြန်လာတဲ့ Skin အခြေအနေလေးက အရင်ကထက်တောင် တိုးတက်လာတယ်မလား။ ဖြူဖွေးပြီးတော့ နဂိုရှိတဲ့ အမာရွတ်တွေတောင် မှိန်သွားပါတယ်။

>> Review တွေမှာ လေ့လာရတာတော့ NUXE Detox Night Cream ကတော့ ဖြိုးပတို့ရဲ့ အသားရေကို Purification (သန့်စင်ပေးနိုင်ခြင်းနဲ့) Renewing (အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်း) တွေအတွက် အဓိကလုပ်ဆောင်ပါတယ်။ အသားရေက တော်တော်လေးကို နူးညံဖြူလာတော့ Makeup လိမ်းတဲ့အခါတွေမှာလဲ အဆင်ပြေချောမွေ့နေပါတယ်။

>> Cream Type လေးနဲ့လိမ်းတဲ့အခါ အသားရေစိုပြေသွားတဲ့ အချက်ကို ပုံလေးမှာလဲ ကြည့်လို့ရပါတယ်။ ဖြိုးပအခုဆို သုံးတာ ၁ ပတ်ကျော်ပြီ အခုထိအများကြီးသုံးလို့ရသေးတယ်။ Travel size လေးပြောင်ရင်တော့ အသားလဲ တစ်ကယ် Glow ဖြစ်ရင် ဈေးကြီးပေမယ့် နဲနဲ invest လုပ်ပြီး ဗူးကြီးဝယ်မယ်စိတ်ကူးတယ်။

ဖြိုးပကို Rating ပေးပါဆိုရင်တော့ 4 Stars ပေးပါတယ်။ တစ်ခုမကြိုက်တာလေးကတော့ မနက်ပိုင်းမှာ ဖြိုးပမျက်နှာ အဆီလေးတွေ နဲနဲပြန်တယ်။ ဒါပေမယ့် သူက၀က်ခြံထွက်တဲ့ အဆီပြင်တွေမဟုတ်ပဲ Detox Cream ကြောင့်လို့ခပ်မှန်းရတယ်။ ကျန်တဲ့ Allergy ပြသနာ၊ လိမ်းပြီးမှ Skin Breakout ဖြစ်တာ စတဲ့ပြသနာတွေတော့ လုံးဝမဖြစ်ပါဘူးရှင်။

ဒီတော့ Skin ကို တစ်ကူးတစ်ကနဲ့ detoxifying treatments တွေဈေးကြီးပေး သွားမလုပ်နိုင်သူတွေ အတွက် တစ်နေ့တစ်ခါ နဲနဲဆီထိန်းသိမ်းပြီး Skin detox ကို အိမ်မှာတင် side effect ကင်းကင်း လုပ်ချင်သူတွေ ရွေးချယ်ဖို့ recommend ပေးလိုက်ပါတယ်။

NUXE ရဲ့ Official Myanmar Page လေးမှာ သတင်းကျွတ် Promotion တွေလဲရှိလို့ တစ်ချက်လောက် သွားဝင်ကြည်နော်. ဒီ Cream လေးရဲ့ Full size ဗူးကြီးကတော့ ဈေးနှုန်း-၆၄၀၀၀ ကျပ်နဲ့ Nuxe Counter တွေမှာ ၀ယ်လို့ရပြီနော်။


ဖြိုးပကတော့ ပိုက်ပိုက်စုနေပြီ။
ချစ်တဲ့ #PhyopapaBlogs

Comments

Popular Posts