Best Skincare Product for Coffee Lovers


ဒီတစ်ခါမှာတော့ လက်တလော ဖြိုးပ live video လေးမှာ စမ်းပြသွားတဲ့ Coffee Scrub လေးကို အားလုံးကလဲ စိတ်ဝင်စားကြသလို ဖြိုးပလဲသုံးတာ ကုန်ခါနီးပြီဆိုတော့ အားလုံးကို အကုန်ပြောင်မသွားခင် Review လေးလာပြီး sharing လုပ်ပေးချင်လို့ပါ။

ဖြိုးပ Live Video လေးမှာ ရှင်းပြသွားသလိုပဲပေါ့နော်။ အရေပြားဆိုတာက အမှန်တကယ်ကို အလွယ်တကူ ချေးတက်ညစ်ပေပြီး ပျက်ဆီးနိုင်တဲ့အရာပါ။ ဖြိုးပတို့ တစ်ကိုယ်လုံးကို အရေပြားက ကာကွယ်ထားသလို သူ့ကိုလဲ သေချာသန့်စင်ပြီး ကျန်းမာနေအောင် လုပ်ပေးဖို့လိုတယ်လေ။




Live Video လေးကို မကြည့်ရသေးရင်တော့ ဒီလင့်လေးမှာ လေ့လာနော် >> 

Skin ကို Exfoliating လုပ်တဲ့အခါမှာ အလွယ်ကူဆုံးနည်းကတော့ Scrub သုံးတာပါ။ အချို့တွေက အခုထိ Exfoliate လုပ်တယ်ဆိုတာ မသိသေးသူတွေရှိတော့ ဖြိုးပအကျဉ်းချုံးပြောပြမယ်နော်။
-      ဖြိုးပတို့ Face and Body Skin တွေဟာ အပြင်လေထု နေထုအပြင် pollution နဲ့မိတ်ကပ်တွေ ချွေးတွေချေးတွေကြောင့် အပေါ်လွှာဟာ ချွေးပေါက်ပိတ်မယ်၊ အသားရောင်ညစ်နွမ်းလာမယ်၊ ပြီးတော့ ချေးတွေတင်ချွေးပေါက်ပိတ်နေတော့ Skincare တွေဘယ်လောက်ကောင်းတာသုံးသုံး အမှန်တစ်ကယ် ထိရောက်မှု မရှိနိုင်တော့ပဲ ပိုပြီးဆိုးလာတာမျိုးပဲဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အရေပြားပေါ်က ချေးတွေနဲ့ ဆဲလ်သေတွေကို Exfoliating လုပ်ပြီးဖယ်ရှားကြတာပါ။ ဖယ်ရှားပြီးတဲ့အခါ ချွေးပေါက်တွေပွင့်မယ်၊ အသားရေကြည်လင်လာမယ်၊ ဆဲလ်သစ်တွေကိုလဲဖြစ်စေပြီး Moisturizing နဲ့ Skincare လုပ်တဲ့အခါလဲ ထိရောက်မှာဖြစ်ပါတယ်။ အမာရွတ်တွေနဲ့ ဒူးတံတောင်ဆစ်မဲနေတာမျိုးတွေကိုလဲ Scrub နဲ့ exfoliate လုပ်ပေးပြီး အသားရောင်ပြန် ညီလာအောင် လုပ်လို့ရပါတယ်။

Review for Coffee & Me Organic Scrub

Coffee & Me Scrub လေးကို စသုံးဖြစ်တဲ့ အကြောင်းကတော့ ဖြိုးပတက်ခဲ့တဲ့ ကျောင်းက မမတစ်ယောက်က လုပ်လို့စသုံးခဲ့တာပါ။ ဖြိုးပက အရင်ထဲက Coffee Scrub တွေဆိုရင် အရမ်းသဘောကျတာလေ. အခုတော့ ကွက်တိဖြစ်သွားတာပေါ့။

Coffee & Me Scrub ထဲမှာ ပါဝင်ပစ္စည်းတွေကတော့ လုံးဝ Organic Products တွေဖြစ်ပြီး
  • -      Robusta Coffee မှုန့်
  • -      သကြား
  • -      ဆား
  • -      ပျားရည်
  • -      သံလွင်ဆီ
  • -      နနွင်းမှုန့်
  • -      သျှားစောင်းလက်ပပ်အဆီ စတာတွေပါဝင်ပါတယ်။


ဗူးလေးကတော့ Packaing >> အရမ်းကို သေသပ်တယ် ပြီးတော့ 100 ml ပလပ်စတစ်ဗူးလေးကို အဖုံးကို ၂ ထပ်လုပ်ထားတော့ ပိုပြီးလုံခြုံပါတယ်။ ရေချိုးခန်းထဲမှာထားရင်လဲ အစိုပြန်မှာ မဟုတ်ပါဘူးရှင့်။

Products Quality ကိုပြောပြရမယ်ဆိုရင်တော့ အနံ့အရမ်းကောင်းတယ်ဆိုတာကနေ စပါမယ်။ သူ့ကို Face and Body နှစ်ခုလုံး သုံးလို့ရပေမယ့် Body အတွက်က ပိုသင့်တော်ပါတယ်။ ကော်ဖီကြိုက်သူတွေအတွက် အရမ်းကိုသဘောကျမယ့် Scrub လေးပါ။ ပြီးတော့သူ့ကို အသုံးပြုမယ်ဆိုရင် လက်နဲ့အများကြီးကော်စရာမလိုဘူး နဲနဲလေးနဲ့ မိမိလိုအပ်သလို Exfoliate လုပ်လို့ရပါတယ်။ မျက်နှာအတွက်ဆိုရင်လဲ လက်ထိပ်လေးနဲ့ ခပ်သေးသေးလေးယူပြီး သုံးလို့ရတယ်။ ဖြိုးပသူ့ကို စသုံးတဲ့ အချိန်က ခရီးသွားနေချိန်ဆိုတော့ ၃ ရက်ခြားတစ်ခါသုံးတယ်။ ပုံမှန် အိမ်မှာပဲရန်ကုန်မှာပဲ ရှိနေချိန်ဆိုရင်တော့ တစ်ပတ်တစ်ခါပဲသုံးပါတယ်။ ဖြိုးပကတော့ Body အတွက်အဓိကထားသုံးဖြစ်တယ်။

ဒူးနဲ့တံထောင်ဆစ်ကအမဲတွေနဲ့ ခရီးသွားလို့ နေလောင်ထားတဲ့ အသားရေတွေကိုရော အကြောပြတ်နေတဲ့ ပေါင်သားတွေကို အဓိကထားသုံးပါတယ်။ ပုခုံးနဲ့လည်ပင်းလဲပါတော့ပါတယ်။ ဖြိုးပက Shoulder-off လေးတွေ ၀တ်ရတာကြိုက်တော့ အသားလေးဝင်းနေချင်လို့ပါ။

ဖြိုးပအသားရောင်က အလည်အလတ်ထဲမှာပါတယ်။ ရေလဲကူးတော့ တစ်ခါတစ်လေလဲ မဲတူးနေတာပေါ့လေ. ဖြိုးပက ဘယ်တော့မှ အရမ်းအသားဖြူချင်တဲ့သူမဟုတ်တော့ Whitening Products တွေကို စွဲသုံးတယ်ဆိုတာ မရှိဘူး။ ဒီ Scrub လေးထဲမှာက အသားရေကို ကြည်လင်ဖြူစင်စေတဲ့ Coffee အပြင် နနွင်းနဲ့ သျှားစောင်းအနှစ်ကြောင့် ဖြိုးပအသားတွေ သိသိသာသာ ဖြူလာတယ်။ ချစ်တို့လဲ သတိထားမိတယ်ဟုတ်။

Scrub ထဲမှာပါတဲ့ သကြားနဲ့ဆားကတော့ အရမ်းကိုထိရောက်ပါတယ်။ ချေးထူပြီး နေလောင်ထားတဲ့ အသားတွေအတွက် သေချာ Exfoliate လုပ်နိုင်တာကြောင့် အသားရေကို နူးညံ့သွားစေပါတယ်။ ရေလောင်းချလိုက်၇င်တောင် ပြောင်ပြောင်ချောချောလေးနဲ့ Smooth ဖြစ်တာကို တစ်ခါသုံးတာနဲ့ သိသာပါတယ်။ ပျားရည်နဲ့သံလွင်ဆီပါတော့ ခပ်ချောကျိကျိဖြစ်စေပေမယ့် သူတို့က Body Acnes ထွက်တဲ့အသားတွေကို ပိုးသေစေပြီး ကြာဆူး၊ အဆီဖုနဲ့ အသားရေမညီတာတွေတွက် ကောင်းပါတယ်။

How to use
          ဖြိုးပက စိတ်ဝင်စားလို့ ၀ယ်ထားတဲ့ သူတွေအတွက် အသုံးပြုနည်းလေးကိုပါ ပြောပြပေးမယ်နော်။

For Face (တစ်ပတ်တစ်ခါပဲ သုံးပေးပါ)

  • -      Coffee & Me Scrub လေးကို လက်ဖက်ရည်တစ်ဇွန်းစာပဲ ယူပါ
  • -      မိမိမျက်နှာကို မိတ်ကပ်တွေဖျက်ပြီး ရေနဲနဲစွတ်ပြီး Scrub နဲပွတ်ပေးပါ
  • -      တစ်မိနစ်ထက် ပိုမပွတ်မိပါစေနဲ့နော်။ စက်ဝိုင်းပုံစံလေး ကိုမှဖိမပွတ်ပဲ သာသာယာယာလေးပဲ လုပ်ပါ။
  • -      ပြီးရင် သစ်နေကျ မျက်နှာသစ်နဲ့ ပြန်သစ်ချပါ။


For Body (၅ ရက်တစ်ခါ လုပ်ပေးပါ)

  • -      Coffee & Me Scrub လေးကို မိမိလိုသလောက်ယူပါ။
  • -      ရေစိုနေတဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းပေါ်ကို Scrub ပါးပါးတင်ပြီး ညင်သာစွာ ပွတ်ပေးပါ။
  • -      တစ်မိနစ်ကနေ နှစ်မိနစ်လောက် ပွတ်ပြီးရင် ရေနဲလောင်းချပြီး ဆပ်ပြာပြန်တိုက်လို့ရပါပြီ။
  • -      ပြီးရင်တော့ Body Lotion သို့ Moisturizer ကို မမေ့မလျော့လိမ်းပေးပါ။


Rating for Scrub – 4 Stars ပေးချင်ပါတယ်။
ဒီဟာလေးတစ်ဗူးကို - ၇၀၀၀ ကျပ်နဲ့ Coffee & Me Page မှာ online ကနေမှာယူလို့ရပါပြီ။ Page link >> https://web.facebook.com/Coffee-Me-1898218833763897/

ဖြိုးပကတော့ အခုလဲသုံးနေတယ် နောက်လဲဆက်သုံးဖြစ်မှာပါ။ ကော်ဖီကြိုက်သူတွေကတော့ ဘယ်လိုမှ ဒီ Scrub လေးကို အစားထိုးလို့ရမှာ မဟုတ်ဘူးသိလား ။

မေးချင်တာလေးတွေကို ဖြိုးပကိုရော Coffee & Me Scrub Page လေးကိုပါမေးလို့ရပါတယ်။

ချစ်တဲ့
#PhyopapaBlogs

Comments

Popular Posts