A New Way of Beauty Hunt // BonnyBox Unboxing



ဖြိုးပကတော့ ဒီပိုစ်လေးထဲအမှာ မိန်းကလေးတိုင်း “စိတ်ဝင်စားမယ့်” အကြောင်းလေး ပြောပြချင်လို့ပါ။ဘာလဲဆိုတော့ … US နဲ့ Canada မှာ ခေတ်စားလာတာ ကြာပြီဖြစ်တဲ့ Beauty Subscription တွေကို မြန်မာနိုင်ငံမှာလဲ တို့တွေအတူတူ ခံစားရရှိမယ့် အကြောင်းအရာလေးပါ။ လက်တလောကလဲ ဖြိုးပက Nuxe Detor Night Cream လေးအကြောင်းပြောရင်းနဲ့ အရိပ်အမြွက်လေးတော့ ပြောပြပြီးပါပြီ။
ချစ်တို့မသိသေးရင် ပြောပြပေးမယ်နော်။

“ ဖြိုးပက မိတ်ကပ်နဲ့ Skincare တွေကို ကျောင်းသူဘ၀တုန်းက နားမလည်ဘူး။ မသိသေးတော့ Youtube ကြည့်တာပေါ့ ။ 2010 လောက်က Youtube Queen Michelle Phan ကိုတော့ သိကြမှာပေါ့နော်။ Ipsy နဲ့ Em Cosmetics Brand တို့ရဲ့ Founder လေ။ သူက Asian လဲဖြစ်တယ် သူက နှုတ်ခမ်းကထူတော့ ဖြိုးပလဲ ‘ဟ .. ငါလေးသူပြင်သလို ပြင်မယ်ဆိုပြီး Video တွေအမြဲမပြတ် ကြည့်ပါတယ်။ သူမှာ ipsy ဆိုတဲ့ Beauty Community တစ်ခုရှိတယ် ။ ipsy မှာလုပ်သမျှထဲမှာ ipsy glam bag ဆိုတာထုတ်တယ်။ သူက Makeup နဲ့ Skincare အသစ်အသစ် ထွက်တာတွေကို Travel size လေးတွေနဲ့ မိန်းကလေးတွေ လိုအပ်တဲ့ Products 5 မျိုးလောက်ထည့်ပြီး 10USDနဲ့ ရောင်းတာပါ။ ကျောင်းသူလေးတွေ၊ Makeup Store တွေသွားပြီး အသစ်မှန်သမျှ စမ်းမ၀ယ်နိုင်သူတွေ၊ မိခင်နဲ့ အိမ်ထောင်ရှင်မတွေက လစဉ် Subscription နဲ့ online က မှာယူတာမျိုးပေါ့နော်။”

အခုမြန်မာနိုင်ငံမှာ September လမှာစပြီး Launch လုပ်ပြီး စတင်မှာယူလို့ရတဲ့ BonnyBox လေးကလဲ အခုဖြိုးပပြောပြသွားသလို Beauty Subscription Box Service လေးဖြစ်ပါတယ်။ ဖြိုးပကို BonnyBox လေး စမိတ်ဆက်တော့ ချက်ချင်းလိုချင်သွားတာ ဘာလို့လဲဆိုတော့ ဖြိုးပတို့လို တစ်ချိန်လုံး အလှအပနောက်လိုက်နေပြီး ဘာတွေအသစ်ထွက်လဲ ဘယ်လိုတွေ ကောင်းတာလဲဆိုတာ အမြဲတမ်း စမ်းနေကြတာပဲမလား။ တစ်ခါတလေကျတော့ Full size products တွေကို သေချာမသိပဲ ၀ယ်လိုက်ရတာထက် Travel size သို့ Sample size လေးတွေကို လူတိုင်းက ရွေးချယ်သုံးတယ်။ တကယ်ပဲမိမိနဲ့ သင့်တော်တယ် ကိုက်ညီတယ်ဆိုမှ ၀ယ်ယူလာကြတယ်။

အဲ့လို Lifestyle တွေလဲ ပြောင်းလဲလာတော့ အခုလို Products Sample size လေးတွေနဲ့ Beauty Subscription လေးတွေကို ဖြိုးပကလဲ ချစ်တို့ကို တစ်နည်းတစ်ဖုံနဲ့ မိတ်ဆက်ပေးတာပါ။ စိတ်ဝင်စားတယ်ဆိုရင် ဖြိုးပအသေးစိတ်သေချာပြောပြမှာမို့ ဆက်ဖတ်နော် ….

BonnyBox လေးကတော့ Bi-monthly ထွက်တဲ့ Beauty Box လေးပါ။ သူက နှစ်လတစ်ကြိမ် seasonally ရော Beauty Trend တွေအရရော သေချာခြုံငုံမိအောင် အထဲမှာ Products လေးတွေကို စုစည်းထည့်ထားပြီး Skincare, Makeup to Lifestyle Products လေးတွေကို Travel size လေးတွေနဲ့ individual piece လေးတွေထည့်ထားပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသွားတာကတော့ သူကစတင် အော်ဒါ လက်ခံပြီဆိုရင်တော့ Beauty Box လေးရဲ့ Theme လေးကိုပဲ ဖော်ပြထားပြီးတော့ ဘာတွေပါလဲ ပြောမထားဘူးပေါ့နော်။ ဖြိုးပလဲ ဗူးလေးရခါစကတော့ ဘာမှန်းမသိဘူးလေ. ဗူးကိုလှုတ်တာ လှုတ်တာဆိုတာ (ဘာပါလဲသိချင်လို့လေ) ရောင်းဈေးကလဲ ၂၂၀၀၀ ကျပ်ပါ (၁၀% Discount) ပေးပါသေးတယ်။

>> တစ်ချို့တစ်လေက ၂၂၀၀၀ ပေးရတယ် Travel size လေးတွေပဲရတယ် “Not worth it” မတန်ဘူးထင်နေသူတွေကို သင်္ချာညံ့သူ ဒေါ်ဖြိုးပကြီးက တွက်ပြမယ်လေ။ <<

What’s in Bonny Box “Autumn Box”?

သူ့ထဲမှာ Travel Size “Nuxe Products 2ဗူး” , Pearl Skincare က ၁၅၀၀၀ တန် Reviving Face Mask , L’Occitane Verbena Leaf Soap နဲ့ Lotion 2 မျိုး , Gosh Velvet Touch Lipstick တွေပါပြီး အဲ့တာတွေအပြင် Nuxe ရဲ့ Sample Products လေး ၂ မျိုးရယ် Mercedes Eau de Perfume သေးသေးလေးပါ အဆစ်ပါတယ်ဆိုတော့ကာ “၂၂၀၀၀ ကျပ်ဆိုတာ” အရမ်းကို တန်တန်တန် အော်နေတာလေ။
ပါတဲ့ Products တွေကလဲ Quality ကောင်းပြီး နာမည်ရ Skincare နဲ့ Makeup Brand တွေချည်းပဲဖြစ်တယ်။ Skincare နဲ့ Makeup လဲမျှပါတယ်လေ။ ဖြိုးပကတော့ ဗူးထဲမှာပါတဲ့ Product လေးတွေကိုလဲ ပုံလေးတွေနဲ့တော့ Information လေးရော ပြောပြမယ်နော်။ အဲ့တော့ အားလုံးပိုသိပြီး မှာယူမယ်ဆိုရင်လဲ အသုံးဝင်မယ်ထင်ပါတယ်။

1.    NUXE Products 2 မျိုးမှာကတော့ >> NUXE Nuxellence Detoxifying and Youth Revealing Anti-aging Night Cream ရယ် (လက်တလော ဖြိုးပ Review ပေးထားပါတယ်) Brightening BB Cream with SPF 30PA+++ ပါဝင်ပါတယ်။

-       NUXE Night Cream ကတော့ အသားရေပေါ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ညဖတ်လိမ်းထားခြင်းဖြင့် ဖယ်ရှားပေးနိုင်ပြီးတော့ မနက်ပိုင်းမှာ အသားရေနဂိုထက် ကြည်လင်ဖြူစင်စေတဲ့ Cream လေးပါ။ ဖြိုးပရထဲက အခုထိညတိုင်း နဲနဲဆီလိမ်းအိပ်တယ်။ အခုထိမကုန်သေးဘူး။

-       NUXE BB  Cream လေးကတော့ နေလောင်လဲခံတယ် အသားရေကို ဖြူစေပြီးတော့ အမာရွတ်နဲ့အမဲစက်တွေကိုပါ ဖုံးပေးနိုင်တဲ့ BB Cream လေးပါ။

2.    နာမည်ကြီး Pearl Skincare ရဲ့ Reviving Mask ကတော့ ဈေးအကြီးဆုံးဖြစ်ပြီး သူက Collagen ကိုအဓိကထား ထုတ်ထားတာပါ။ Marine Collagen နဲ့ Caviar အဆီအနှစ်တွေကနေ ထုတ်ထားပြီး အသားရေကို တင်းရင်းစေမယ် ပိုမိုနုပျိုစေပါတယ်တဲ့။ ဖြိုးပမသုံးရသေးဘူး။

3.    L’Occitan ကကျတော့ Verbena Leaf (Verbena Flower - ကတော့ ဆောင်တော်ကူးပန်းပါ) ကနေအဆီအနှစ်နဲ့ နှစ်ခုစလုံးကို လုပ်ထားတာပါ။

-       Soap လေးမှာက Scrub လုပ်လို့ရတဲ့ အစေ့လေးတွေပါပြီး အသားပေါ်က Dead Cells တွေကအစ Exfoliate ပါလုပ်ပေးနိုင်ပါတယ်။

-       Lotion လေးကတော့ Verbena Leaf အပြင် စပြစ်စေ့ကနေ အဆီအနှစ်ပါဝင်ပြီး အသားရေကို စိုပြေစေတဲ့ပြင် အနံ့လေးကြောင့် စိတ်ဖိစီးမှုတွေကိုပါ ပျောက်စေတယ်။

4.    Gosh Lipstick လေးကတော့ နာပတ် ၄၃ အရောင်လေးဖြစ်ပြီး ပန်းရောင်အရင့်လေးကို Shimmer လေးနဲနဲပါတယ်။ Gosh က Demark products ဖြစ်ပြီး Vitamin-E ပါလို နှုတ်ခမ်းသားရဲ့ အစိုဓာတ်ကိုလဲ ထိန်းနိုင်ပါတယ်။

5.    ကျန်တဲ့ Sample Products လေးတွေကလဲ NUXE Products လေးတွေလေ။ ဖြိုးပကတော့ NUXE ရဲ့ Fresh Mask Cream လေးကိုသုံးတာ သေးသေးလေး အထုပ်ကို ၃ ခါတိတိသုံးလိုက်ရတယ်။















ကဲ … ဒီတော့ ဖြိုးပအခုပြောပြပြီး မိတ်ဆက်ပေးသွားတဲ့ Beauty Subscription Box လေး BonnyBox လေးကို စိတ်ဝင်စားလို့မှာချင်တယ်ဆိုရင်တော့ Facebook Official Page လေးမှာ Form လေးဖြည့်ပြီးမှာလို့ရတယ်။ 10% Discount ရဖို့ကို “ PHYOPA10” ဆိုတဲ့ ကုဒ်လေးပေးလိုက်နော်။ ဖြိုးပက သေချာရှင်းပြလိုက်တာနော်။ မသိသေးဘူး ထပ်သိချင်တယ်ဆိုရင်လဲ Official Page မှာမေးလို့ရပါတယ်။ 

ဒီလမှာတော့ မ၀ယ်တော့ဘူးဆိုရင်တောင် နောက်လမှာ အသစ်ထွက်မယ် Edition လေးအတွက် အတူတူစောင့်ဝယ်ကြတာပေါ့။ Christmas နဲ့ New Year လက်ဆောင်လဲပေးလို့ကောင်းမှာနော်။ ချစ်တို့ဒေါ်ဖြိုးပတော့ ပိုက်ပိုက်စုနေပြီ။ <3 <3

ချစ်တဲ့ #PhyopapaBlogs



Comments

Popular Posts