Why morning water consuming is the best habit

အားလုံးပဲ မင်္ဂလာရှိတဲ့ အချိန်လေးပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖြိုးပဒီနေ့တင်ပေးမယ့် ဗဟုသုတပိုစ်လေးကတော့ မနက်စောစော ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူး (8) ချက်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုနေ့တိုင်းရေသောက်ဖို့ကိုတော့ နေ့တိုင်းလိုလိုပြောနေပေမယ့် ဖြိုးပတို့ အမြဲလိုလိုကော်ဖီနဲ့ ကိုလာသောက်ဖို့ သတိရပေမယ့် ရေသောက်ဖို့ကိုတော့ မနဲကိုသတိရအောင် လုပ်နေရတယ်မဟုတ်လား။ တစ်နေ့တာမှာ ဖြိုးပဆို ရေသောက်တာထက် ရေမဟုတ်တဲ့ အရည်တွေသောက်တဲ့ အချိုးကပိုများပါတယ်။ 

ရေသောက်နဲတဲ့ လူတစ်ယောက်က ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရရော အားနည်းပြီး ရောဂါဝင်နိုင်ခြေများပြီး ရေသောက်များသူလောက် လန်းဆန်းကျန်းမာနေမှာမဟုတ်ပါဘူး။ ဖြိုးပတို့ရဲ့ ခန္ဓာကိုယ်ရဲ့ 70% ကို ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေပါတယ်။

ဒီစာလေးထဲမှာတော့ ရေသောက်ခြင်းထဲမှာမှ မနက်ခင်း အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းကြောင့် အကျိုးကျေးဇူးတွေ ဘယ်လိုမျိုးအများကြီး ရနိုင်တယ်ဆိုတာကို ပြောပြပေးပါမယ်။ ဒီပိုစ်လေးကို မနက်ပိုင်းမှာ ဖတ်မယ်ဆိုရင် အခုချက်ချင်းပဲ ရေသန့်လေးတစ်ခွက်သောက်လိုက်ပါ။

ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ရှင်းထုတ်ပေးတယ်


ညဘက်သင်အိပ်နေစဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အဆိပ်တွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပေးနေပါတယ်။ မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းကြောင့် စွန့်ထုတ်ပစ်ထားတဲ့ အဆိပ်တွေကို လျှော့ကျစေမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အားပေးပါတယ်


ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုအားပေးတဲ့အတွက် အစာကြေညက်မှု မြန်စေတဲ့အပြင် အစာဆီက အာဟာရစုပ်ယူမှုကိုလဲ တွန်းအားပေးပါတယ်။

ဝိတ်ကျစေတယ်


နံနက်စောစော အစာမစားရသေးမီ ရေသောက်ခြင်းအားဖြင့် ဝိတ်ချနေတဲ့သူတွေအတွက် အထောက်အကူပေးပါတယ်။

အစာအိမ်အတွင်းမှ အက်ဆစ်များကို ငြိမ်သက်စေတယ်


ကိုယ်တွင်းအင်္ဂါများဟာ လူအိပ်နေပေမယ့် အလုပ်လုပ်နေတာဖြစ်တဲ့အတွက် မနက်လင်းတဲ့အခါ အစာအိမ်ထဲမှာ အက်ဆစ်တွေ ထကြွနေပါတယ်။ ရေသောက်ခြင်းဖြင့် အက်ဆစ်တွေကို အထိုင်ကျစေပြီး အစာအိမ်ကိုလဲ မကြာခင်ရောက်လာတော့မယ့် နံနက်စာအတွက် ပြင်ဆင်ပြီး ဖြစ်စေပါတယ်။

အသားအရည်လှစေတယ်


လေ့လာမှုအရ နံနက်ခင်းမှာ ရေ 500ml လောက် ပုံမှန်သောက်တဲ့သူများဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့အတွက် အသားအရည် စိုပြည်လှပါစေတယ်လို့ ဆိုပါတယ်။ နံနက်ခင်းသာမက နေ့စဉ် ရေများများသောက်သူများဟာ အသားအရည် ပိုမိုစိုပြည်လှပတာကို တွေ့ရပါတယ်။


ဆံကေသာကောင်းမွန်လှပစေတယ်


ရေသောက်နည်းခြင်းကြောင့် ဆံကေသာပျက်စီးမှု ပါးလွှာမှု ဖြစ်စေနိုင်ပါတယ်။ နံနက်ခင်းရေသောက်ခြင်းကြောင့် ဆံသားထူခြင်း၊ ပိုမိုနက်မှောင်လာစေခြင်း စတဲ့ အကျိုး ကျေးဇူးတွေလဲ ရရှိပါတယ်။

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ရောဂါတွေကို ကာကွယ်ပေးပါတယ်


အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းဟာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ရေများများသောက်ခြင်းကြောင့် ကျောက်ကပ်ကို သန့်ရှင်းစေပြီး အဆိပ်များ စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။


ခန္ဓာကိုယ် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်


နံနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အဆိပ်တွေကို စွန့်ထုတ်ပေးစေနိုင်ခြင်း၊ ခန္ဓာကိုယ်ရဲ့ System ကို သန့်ရှင်းပေးနိုင်ခြင်းကြောင့် ကိုယ်ခံအားကိုလဲ မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါကြီးကြီးမားမားဖြစ်ခြင်းမှ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

ဖြိုးပကတော့ မေ့နေမှာစိုးလို့ကို မနက်ပိုင်း Alert မြည်တာနဲ့ရေသောက်ဖို့ကို တစ်ခါထဲ Alert ထည့်ထားပြီး အိပ်ယာဘေးမှာထားတဲ့ ရေဗူးထဲက ရေကို ဗိုက်နဲ့ဆန့်သလောက် သောက်ပစ်လိုက်ပါတယ်။

တစ်ခုအကြံပေးချင်တာက ကိုယ်တက်နိုင်သလောက်ပဲ သောက်ပါ။ တစ်လုပ်စာပဲဆို စစခြင်း တစ်လုပ်ပဲသောက်ပါ. ဖြိုးပတို့တဖြည်းဖြည်းနဲ့ လုပ်ယူလို့ရပါတယ်။ နေ့တိုင်းသာသောက်ဖြစ်အောင် မမေ့အောင်ကြိုးစားပါ.

အိုခေပါချစ်တို့ရေ … ဖြိုးပကတော့ ဖြိုးပကိုယ်တိုင်လိုက်နာနေတဲ့ နည်းလေးနဲ့ ကောင်းကြိုးလေးတွေကို ရှင်းပြပြီးပြီဆိုတော့ လိုက်လုပ်ဖို့ကတော့ အားလုံးမှာတာဝန်ရှိတယ်နော်။ အားလုံးလိုက်လုပ်ဖြစ်မယ်လို့လဲ မျှော်လင့်ပါတယ်။

ချစ်တဲ့
#PhyopapaBlogs










Comments

Popular Posts