Ways to use Baby Powder for better lifestyle



လူအများစုဟာ ကလေးလိမ်းတဲ့ပေါင်ဒါ (baby powder) တွေဟာ ကလေး တွေအတွက် သီးသန့်သာထင်ပြီး baby powder တို့ရဲ့ အစွမ်းထက်ပုံနဲ့ အသုံးဝင်ပုံတွေကို မသိရှိကြသေးတဲ့အတွက် ဖြိုးနဲ့ရှိုးက Powder ကို အသုံးပြုပြီး နေ့စဉ်ဘ၀ထဲက အခက်အခဲလေး တွေကို ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်တောင်ထူထူရရှိရန် အသုံးပြုနိုင်ခြင်း။

မျက်တောင်ကို မျက်တောင်ကော့ဆေး (mascara) ပထမတစ်ထပ် တင်ပြီးတဲ့အခါ baby powder အနည်းငယ်ကို ဂွမ်းတုတ် သို့မဟုတ် ဘရပ်ရှ်အသေးစားလေး အသုံးပြုပြီး မျက်တောင် တွေပေါ်မှာ သုတ်လိမ်းလိုက်ပြီး အပေါ်က mascara နောက်တစ်ထပ် ထပ်အုပ်လိုက်ြ်ခင်းအားဖြင့် မျက်တောင် တွေကို ပိုမိုကော့ညွတ်ရှည်လျားပြီး ထူထူကလေး ဖြစ်နေစေပါလိမ့်မယ်။

၂။ ဆွဲကြိုးထုံးခြင်း၊ ရှုပ်ထွေးခြင်းအတွက် အသုံးပြုနိုင်ခြင်း။

ဆွဲကြိုးတွေ အထုံးထုံးသွားခြင်း၊ သို့မဟုတ် အချင်းချင်း လိမ်ယှက်ပြီး ရှုပ်ထွေးခြင်းအတွက် ပေါင်ဒါမှုန့်အနည်းငယ်ကို ဖြူးပြီး လက်ချောင်းတွေနဲ့ အသာလေး ပွတ်တိုက်ပေးခြင်းဖြင့် အလွယ်တကူ ဖြေလို့ရနိုင်ပါတယ်။

၃။ Dry Shampoo အဖြစ် အသုံးပြုနိုင်ခြင်း။

ဆံသားတွေ စေးကပ်ညစ်ပေနေပြီး ခေါင်းလျှော်ရန် အချိန်မရှိတဲ့အခါ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ခေါင်းပေါ်ကို baby powder အနည်းငယ် ဖြူးပေးပြီး ဆံသားအရင်းပိုင်းတွေနဲ့ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးကာ ပေါင်ဒါမှုန့် များ မမြင်ရတော့တဲ့အထိ ခေါင်းဖြီးချလိုက်ခြင်းအားဖြင့် ခေါင်းလျှော်ပြီးစ ဆံနွယ်အလား သန့်ရှင်းတဲ့ဆံနွယ်တွေကို အချိန် အနည်းငယ်အတွင်း ရရှိနိုင်ပါလိမ့်မယ်။ မဖြိုးပအမြဲလိုလို လုပ်​​နေ​လေ့ရှိတဲ့ နည်း​လေးပါ။

၎။ အ၀တ်အထည်များမှ ဆီကွက်အစွန်းများကို ပျောက်စေခြင်း။

အ၀တ်အထည်တွေပေါ်ကို မတော်တဆ ဆီကွက်တွေ စွန်းထင်းသွားပါက အစွန်းကွက်နေရာရဲ့ အပြင်ဘက်နဲ့ အတွင်းဘက် နှစ်ဘက်စလုံးကို baby powder အနည်းငယ် ဖြူးပေးပြီး လက်နဲ့ အသာအယာ ပုတ်ပေးပါ။ အဆီတွေကို စုပ်ယူစေနိုင်ဖို့ တစ်နာရီခန့် ထားပြီးရင်တော့ လျှော်ဖွတ်ပြီး နေရိပ်ထဲမှာ အခြောက်လှမ်းထားလိုက်ပါ။ ရုပ်ဆိုးတဲ့ ဆီကွက် တွေကို ဖယ်ရှားပြီးသား ဖြစ်သွားစေပါလိမ့်မယ်။

၅။ ဖိနပ်နဲ့ ခြေထောက်မှာ ကပ်ငြိနေတဲ့ သဲတွေကို ဖယ်ရှားပေးခြင်း။

ကမ်းခြေတွေ အလည်သွားတဲ့အခါ ခြေထောက်တွေနဲ့ သင့်ရဲ့ ရှုးတွေမှာ သဲတွေ ပေကျံကုန်ပါက ရေနဲ့ဆေးချစရာမလိုဘဲ baby powder ကို အသုံးပြုနိုင်ပါတယ်။ ခြေထောက်ပေါ်ကို ပေါင်ဒါအနည်းငယ် ဖြူးချလိုက်ခြင်းအားဖြင့် အရေပြားက အစိုဓာတ်ကို စုပ်ယူသွားတဲ့အခါ သဲတွေ အလိုလျောက် ခါချပြီးသား ဖြစ်သွားစေပါလိမ့်မယ်။ ဒါ့အပြင် ရှုးတွေမှာ သဲတွေ ကပ်နေတဲ့အခါ ရေနဲ့ဆေးချပါက ရှုးကို ပျက်စီးထိခိုက်စေနိုင်တဲ့အတွက် သဲပေနေတဲ့နေရာတွေကို ပေါင်ဒါဖြူးချလိုက်ပြီး ခါချလိုက်ခြင်းအားဖြင့် သဲများ ပြောင်စင်သွားပါလိမ့်မယ်။ ဒီနည်းလမ်းကို ကားတွေမှာ သဲတွေ ကပ်နေရင်လည်း အသုံးပြု နိုင်ပါသေးတယ်။

၆။ အိပ်ရာခင်းတွေကို သင်းပျံ့စေခြင်း။

အိပ်ရာခင်းတွေကြားမှာ baby powder အနည်းငယ်စီ ဖြူးပေးခြင်းဖြင့် သင်းပျံ့လန်းဆတ်တဲ့ရနံ့ကြောင့် အလွယ်တကူ အိပ်ပျော်စေနိုင်ပါလိမ့်မယ်။ အဲ့နည်း​လေးက အရမ်းကို အသုံးဝင်​ပါတယ်​ ။ ဂွမ်းကတ်​​တွေကို အမြဲလိုမ​လျှော်​နိုင်​တဲ့အခါ ဖြိုးနဲ့ရှိုးက​တော့ ​ပေါင်​ဒါ​လေးကို ဖြူးပြီး အနံ့ဆိုး​တွေကို ဖယ်​ရှားပါတယ်​။

၇။ လည်သာအ၀တ်အထည်တွေကို သစ်လွင်တောက်ပစေခြင်း။

လည်သာ အ၀တ်အထည်တွေဟာ တောက်ပပြောင်လက်နေပါမှ ကြည့်ရ အဆင်ပြေစေပါတယ်။ ဒါ့အတွက် နည်းလမ်း တစ်ခုကတော့ baby powder အနည်းငယ်ကို ၄င်းအပါ် ဖြူးပေးပြီး နူးညံ့တဲ့ ချည်သားအ၀တ်တစ်ခုနဲ့ ပွတ်တိုက်ပေး ခြင်းပါပဲ။

၈။ အိမ်မွေးတိရစ္ဆာန်များအတွက် အသုံးပြုနိုင်ခြင်း။

သင့် အိမ် က အိမ်မွေးတိရစ္ဆာန် တွေကို ခဏခဏ ရေချိုးပေးဖို့ အချိန်မရတဲ့အခါ ၄င်းတို့ရဲ့ အမွှေးပေါ် baby powder ဖြူးပေးပြီး အသားထဲစိမ့်ဝင်တဲ့အထိ ပွတ်သပ်ပေးခြင်းအားဖြင့် သင့်အချစ်တော်လေးတွေကို မွှေးပျံ့လန်းဆန်းပြီး သန့်ရှင်း နေစေပါလိမ့်မယ်။ သို့သော် မျက်လုံးနဲ့ နှာခေါင်းတွေထဲ မ၀င်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အိမ်​ကက​လေး​တွေကို Baby mild နဲ့လိမ်းတယ်​​လေ။

၉။ waxing (ဖယောင်းဖြင့် အမွှေးနုတ်ခြင်း) လုပ်တဲ့အခါ အဆင်ပြေစေခြင်း။

waxing လုပ်မယ့်နေရာကို baby powder အနည်းငယ် လိမ်းပေးထားခြင်းအားဖြင့် wax တွေကို အသားနဲ့ ပိုမိုကပ်စေးသွားစေပြီး ပြန်ခွာတဲ့အခါမှာလည်း နာကျင်မှုကို သက်သာစေနိုင်ကာ သင့်အသားအရေကို ချောမွေ့နူးညံ့စေပြီး waxing လုပ်ပြီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ စပ်ဖျင်းဖျင်းဖြစ်ခြင်းနဲ့ နီရဲခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

၁၀။ အိမ်မွေးတိရစ္ဆာန် များရဲ့ ကျင်ငယ်အနံ့ကို ဖျောက်ဖျက်နိုင်ခြင်း။

သင့် အိမ် က အချစ်တော် ခွေးလေး ၊ကြောင်လေးတွေ ဈေးကြီးတဲ့ ကော်ဇောပေါ်နဲ့ ပရိဘောဂတွေမှာ ကျင်ငယ်စွန့်လိုက်တဲ့ အခါ အနံ့ဖျောက်ဖျက်နိုင်အောင် baby powder ကို အသုံးပြုနိုင်ပါတယ်။ ကျင်ငယ် စွန့်လိုက်တဲ့နေရာမှာ baby powder အနည်းငယ် ဖြူးချလိုက်ပြီး တစ်နာရီခန့် ကြာတဲ့အခါ ထိုနေရာကို ဖုန်စုပ်စက်နဲ့ ရှင်းလင်းလိုက်ပါ။ ကျင်ငယ် အနံ့များ စွဲထင်ကျန်နေခြင်းက ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ကဲ ... ဒီ​တော့ Baby powder သို့ ကိုယ်​လိမ်း​ပေါင်​ဒါ​တွေနဲ့ ကိုယ့်​​နေ့စဉ်​ဘဝကို ဘယ်​လိုအဆင်​​ပြေ​အောင်​ လုပ်​လို့ကလဲ ဆိုတာသိသွားပြီဆို​တော့ လိုက်​လုပ်​ကြဖို့လဲ တိုက်​တွန်းလိုက်​ပါတယ်​။

Like and Share ​လေးလုပ်​ပြီး အား​ပေးခဲ့​နော်
Love you all #PhyoandShio

Comments

Popular Posts