Two Shades to Welcome Autumn // Review


Beauty Cottage Semi-Matte Lipsticks Swatches
Hello … အားလုံးပဲ မင်္ဂလာပါရှင့်
ဖြိုးပတော့ Lipstick ကြိုက်လွန်းသူဆိုတော့လဲ Lipstick အသစ်လေးကြောင်း ဖောက်သည်ချပေးဖို့ ပြန်လာခဲ့ပါပြီ။ 
ဖြိုးပအခုပြောပြမယ့် Lipstick လေးကတော့ Liquid Lipstick တွေလိုမဟုတ်ပဲ နှုတ်ခမ်းရဲ့ အစိုဓာတ်ကိုလဲ ထိန်းထားနိုင်ပြီး နှုတ်ခမ်းသားပေါ်မှာ ကြာရှည်ခံတဲ့ Long lasting effect ရှိတဲ့ Beauty Cottage ရဲ့ Semi-matte Lipstick လေးတွေဖြစ်ပါတယ်။



သူဆီမှာ အရောင်က အရောင်စုံရှိပေမယ့် ဖြိုးပဆီမှာတော့ နာမည်ကြီး အရောင်လေး နှစ်ရောင်ပဲရှိပါတယ်။ အဲ့ဒီ ၂ ရောင်ကိုလဲ တော်တော်ကို သဘောကျပါတယ်။ အခုချိန်ကလဲ September ဖြစ်နေပြီ Fall and Autumn Theme လေးတွေကို လိုက်ရှာနေကြမယ်ဆိုတော့ ဖြိုးပက ဒီအရောင်လေးတွေကို စမ်းပြလိုက်ပါတယ်။


Review အတိုချုံးပဲ ပြောပြလိုက်မယ်နော်

  • -      အရောင်ထွက်မှန်တယ်
  • -      Creamy ဖြစ်ပြီး ဆိုးတဲ့အခါလဲ soft ဖြစ်လို့ဆိုးရလွယ်ပါတယ်
  • -      Moisturizer ပါနဲ့ Vitamin E ပါလို့ နှုတ်ခမ်းအစိုဓာတ်ကို ထိန်းပေးတယ်
  • -      အထပ်ထပ်ဆိုးဖြစ်ရင်လဲ နှုတ်ခမ်းပေါ် အစင်းတွေမဖြစ်ပါဘူး
  • -      အရောင်ကြာကြာခံပါတယ်။ အရမ်းကြီးခြောက်မသွားပါဘူး။
  • -      ရေသောက်တာကို ခံနိုင်ပါတယ်။
  • -      အဆီပါတာတွေစားတဲ့အခါတော့ ကွက်နိုင်ပါတယ်။
  • -      အနံ့မရှိဘူး၊ Packaging ကလဲလှပြီး ထိန်းသိမ်းရလွယ်ကူပါတယ်။

ဖြိုးပတွေ့မိသလောက် ဒီမှာတော့ facebook ပေါ်က online shopping တွေက ရောင်းနေပေမယ့် အစစ်ဟုတ်မဟုတ် အာမ မခံနိုင်ပါဘူး။ Beauty Cottage Lipstick တွေက အတုထွက်လို့ သတိထားသင့်ပါတယ်။ ဖြိုးပကတော့ Beauty Plaza Online Thailand Shopping Website ကနေမှာစေချင်ပါတယ်။ စိတ်ချရတယ်. အစစ်အမှန်ဖြစ်ပြီး ဈေးတန်ပါတယ်။



Link ကတော့ ဒီမှာပါ >> Buy Here  

ဖြိုးပကတော့ ၂ ရောင်စလုံးကို ကြိုက်တာ …. ဒီ Lipstick လေးနဲ့ Makeup Tutorial လေးလုပ်ဖြစ်မှာ သေချာပါတယ်။

ချစ်တဲ့

#PhyopapaBlogs 

Comments

Popular Posts