Tips for effective money saving

“ပိုက်ဆံ ပိုက်ဆံ အားလုံးလိုအပ်တယ်၊ ပိုက်ဆံ ပိုက်ဆံ ရှာရန်မလွယ်ဘူးကွယ်” 

အဲ့ဒီသီချင်းစားသားလေးကို သိတဲ့သူလဲ သိမှာပေါ့နော်။ ပြောသလိုပဲ ရှာရမလွယ်တဲ့ ပိုက်ဆံဟာလဲ စုဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ်၊ လက်ထဲပိုက်ဆံရောက်တာနဲ့ တစ်ရက်တွင်း ပြောင်အောင်သာ သုံးနိုင်ကြတာ အချိန်ကြာကြာ သေချာတွက်ချက်သုံးတယ်ဆိုတာ မရှိသလောက်ပါပဲ။

ပိုဆိုးတာက အခုခတ်လူငယ်တွေပေါ့ ဖြိုးနဲ့ရှိုးလဲ အတူတူပါပဲ။ မဖြိုးပကြိုးစားပြီး တစ်လလုံး နေ့ရောညပါ ကြိုးစားပြီးအလုပ်လုပ်လို့ရလာတာလေးကို မုန့်ဝယ်စားတာနဲ့ကို တစ်ဝက်က ကုန်ချင်နေပြီ။ မိဘဆီကလဲ မတောင်းဖြစ်တာကြောင့် တို့ညီအမတွေက ကိုယ်ပိုင်ငွေနဲ့ရန်ကုန်မြို့ကြီးမှာ ကြိုးစားရှင်သန်နေရတာပါလေ။
လူတိုင်းကတော့ ကိုယ့်ရဲ့ လစာကို အဖတ်တင်ချင်သူတွေ ချည်းပါ။ ရရ စားစား ဘ၀ချည်းကိုတော့ ဘယ်သူကမှ မလိုချင်ပါဘူး။ ငွေစုမိချင်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ငွေမစုနိုင်တာမျိုး.”ဒီလစာနဲ့ ဘယ်လိုလုပ် ပိုက်ဆံစုမိမှာလဲ.? ဆိုတဲ့ ညည်းညူသံတွေကို ပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးကြမှာပါ။ တစ်နေ့ပြီးတစ်နေ့ တက်နေတဲ့ ကုန်ဈေးနှုန်းတွေနောက်ကို လစာက အမီလိုက်ဖို့ဆိုတာ ခက်ခဲမှန်းသိပါတယ်။ ဒါပေမယ့် အရေးပေါ် ငွေထုတ်စရာ ကိစ္စကြုံလာမယ်၊ ကျန်းမာရေးကိစ္စ ပေါ်လာမယ်ဆိုရင် လက်ထဲမှာ ငွေအဆင့်သင့် ရှိနေမှ အဆင်ပြေမှာပါ။ နည်းနည်းလေးပဲဖြစ်ပါစေ မရရအောင် ငွေစုမယ်လို့ ဆုံးဖြတိထားပြီ ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။


ပစ္စည်းတစ်ခုခုကို မ၀ယ်ခင် Need နဲ့ Want ကို အရင်စဉ်းစား

ဒီနေရာမှာတော့ ကိုယ့်အတွက် လိုအပ်တာ (Need)နဲ့ လိုချင်တဲ့ (Want) ဆိုတာကို သေချာခွဲခြားနိုင်ရမှာပါ။ကိုယ့်အတွက် ဒီပစ္စည်းက မရှိမဖြစ် လိုအပ်နေတာလား (ဒါမှမဟုတ်) လှလို့ သဘောကျလို့ လိုချင်ရုံ သက်သက်နဲ့ ၀ယ်ချင်တာလားဆိုတာကို မ၀ယ်ခင် အရင်စဉ်းစားပါ။ တကယ်လို့ လိုအပ်တယ်(Need)ဆိုရင်တော့ ၀ယ်လိုက်ပါ။ အဲ့ဒီလိုမဟုတ်ပဲ လိုချင်တာ (Want) ဆိုရင်တော့ မ၀ယ်ပါနဲ့။ မိမိစိတ်ကို ထိန်းပါ။

ဝင်ငွေနဲ့အသုံးစရိတ်ကို အမြဲတွက်ချက်ပါ


ဒါကလည်း အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ လစာ၊တစ်လ ၀င်ငွေက ဘယ်လောက်လဲ.? တစ်လအသုံးစရိတ်က ဘယ်လောက်လဲ ဆိုတာကို အမြဲယှဉ် တွေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ တစ်ရက်လုပ်အားခနဲ့ ကိုယ့်ရဲ့တစ်ရက် အသုံးစရိတ်ကိုပါ ယှဉ်ကြည့်ပါ။ ကိုယ်စုမယ်လို့ ဆုံးဖြတ်ထားတဲ့ ပမာဏကို သပ်သပ်ဖယ်ထားပြီး ကျန်တဲ့ ပိုက်ဆံကိုပဲ တစ်နေ့ဘယ်လောက်နဲ့ လောက်အောင် ကြိုးစား သုံးမယ်ဆိုပြီး Plan ချကြည့်ပါ။

 ကိုယ့်ရဲ့ အကျင့်ကိုပြင်ပါ


ငွေစုမယ်လို့ ဆုံးဖြတ်ထားရင်တော့ ကိုယ့်ရဲ့ အကျင့်တွေကိုလည်း ပြင်ဖို့လိုပါ တယ်။ ကိုယ့်ရဲ့ ပိုက်ဆံသုံးစွဲမှုပုံစံတွေကို လုံးဝ ပြောင်းလဲပစ်မှ ရမှာပါ။သူငယ်ချင်းတွေနဲ့ အမြဲဆိုင်ထိုင်တတ်တဲ့ အကျင့်ရှိရင် တတ်နိုင်သမျှလျှော့ပါ။ တစ်ပတ်နှစ် ခါလောက် ထိုင်ဖြစ်ရင် တစ်ခါလောက်ပဲ ထိုင်တော့တာမျိုး ။ရုပ်ရှင်ရုံမှာ တင်သမျှ ဇာတ်ကားအကုန် ကြည့်နေတာထက် ကိုယ်တကယ်ကြိုက်တဲ့ ဇာတ်ကားလောက်ကိုပဲ ရွေးကြည့်တာမျိုး။ အရေးကြီးဆုံး အချက်ကတော့ ပိုက်ဆံစုမယ်ဆိုတဲ့ စိတ်ကို အမြဲခေါင်းထဲမှာ ထည့်ထားပါ။

 အသုံးစရိတ်တွေကို စာရင်းမှတ်ပါ


ငွေစုမယ်လို့  ဆုံးဖြတ်ထားရင် ကိုယ်သုံးစွဲခဲ့တဲ့ အသုံးစရိတ်တွေကို စာရင်းမှတ် တဲ့ အကျင့်ကိုပါ မွေးပါ။ အသုံးစရိတ်တွေကို စာရင်းမှတ်မှ ဘာတွေကို ထပ်ပြီး ချွေတာလို့ ရအုံးမလဲဆိုတာကို ပြန်ကြည့်လို့ရမှာပါ။ တစ်နေ့စာ အသုံးစရိတ်ကို တစ်နေ့မှတ်တာ အကောင်းဆုံးပါ။ အရင်တုန်းကလို စာအုပ်နဲ့ ဘောလ်ပင်ကို ထုတ်ပြီး စာရင်းထိုင်ရေးဖို့ မလိုပါဘူး။ လူတိုင်းလိုလို စမတ်ဖုန်းသုံးနေကြပြီ ဖြစ်တဲ့ အတွက် ဖုန်းထဲမှာ Note ရေးပြီး ကိုယ်သုံးလိုက်တဲ့ အသုံးစရိတ်ကို ကော က်ရေးလိုက်ရုံပါပဲ။ အဲ့ဒီလို Note နဲ့မမှတ်ချင်ရင်လည်း Google Play မှာ Expenses Record ဆိုတဲ့ Apps တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ ကိုယ်နဲ့ အဆင်ပြေတဲ့ app ကို ရွေးပြီး download လုပ်ယူလို့ရပါတယ်။ အဲ့ဒီလို app ထဲမှာ မှတ်တာကတော့ ပိုပြီးစနစ်ကျပါတယ်။

အပိုအသုံးစရိတ်တွေကို လျှော့


အပေါ်မှာပြောထားတဲ့ အတိုင်းအသုံးစရိတ်တွေကို သေချာစာရင်းမှတ်ပြီး ရင်တော့ ဘယ်လိုအသုံးစရိတ်တွေကို လျှော့လို့ရမလဲ ဆိုတာကို အမြဲတွေးပါ လျှော့လို့ရနိုင်တဲ့ အသုံးစရိတ်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ ယာဉ်စီးခစရိတ်တွေ .အရမ်းကြီးမဝေးရင် လမ်းလျှောက်သွားလိုက်တာမျိုး လုပ်ပါ။ ရုံးနောက်ကျလို့ တက္ကစီစီး နေရတာမျိုးဆိုရင် နောက်နေ့ အိပ်ယာစောစောထတာမျိုး လုပ်ကြည့်ပါ။ အပေါ်မှာ ပြောထားသလိုပဲ ဆိုင်ထိုင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အပြင်ကို အပေါင်းအသင်းတွေနဲ့ လျှောက်လည်တာမျိုးတွေကို အရင်က (၁၀) ခါလောက် ဆိုရင် (၅)ခါလောက် လျှော့ကြည့်လိုက်ပါ။ နောက်ဆုံးတစ်ခုကတော့ ဖုန်းသုံးတာပါ။ facebook တို့လို ဆိုရှယ်နက်ဝါ့ခ်က လူမှုဆက်ဆံရေးနဲ့ သတင်းအချက်အလက်တွေ အရေးပါနေတဲ့ အတွက် လုံးဝမသုံးပဲ နေလိုက်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အချိန်သက်မှတ်ပြီး ဘယ်လောက်သုံးမယ်ဆိုတာမျိုးထားပါ။ ဒါမှဖုန်းဘေတွေကို Save နိုင်မှာပါ။ Package တွေဝယ်ပြီးသုံးဖြစ်ပါတယ်။

ဒီနည်းလေးတွေနဲ့ မိမိရဲ့ နေ့စဉ်ဘ၀ကို သတိနဲ့ဖြတ်သန်းဖြစ်တယ်ဆိုရင်တော့ တို့ဘ၀တွေက အသက် ၂၀ ကျော်နဲ့တင် မိမိရဲ့ငွေကို သေချာသုံးချ စုဆောင်းနိုင်ပြီး ရှေ့ရှောက်အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။
အခုပြောသွားတဲ့ Tips တွေကို သဘောကျတယ်ဆိုရင် LIKE and SHARE လုပ်ပေးရင် တို့ညီအမကို အားပေးပါဦးနော်။


Love you all #PhyoandShio 

Comments

Popular Posts