Side Effects of Oilve Oil
သံလွင်ဆီသုံးရာကနေ
ဖြစ်တက်သော ဘေးဥပါဒ်များ
ဟုတ်ပါတယ်. ဖြိုးပတို့သိထားသလောက် သံလွင်ဆီဆိုတာ ကောင်းကျိုးတွေချည်းပေးနိုင်တဲ့ သဘာဝပစ္စည်း တခုပါပဲ။အခုနောက်ပိုင်း သံလွင်ဆီ Olive oil ဆိုတာတွေကို ဈေးကွက်ထဲမှာ တံဆိပ်ပေါင်းစုံ ထုတ်ပိုးမှု ပုံစံမျိုးစုံနဲ့ ရှာဖွေဝယ်ယူနိုင်ပြီး price အနေနဲ့လဲ သင့်တော်ပြီး တက်နိုင်တဲ့ဈေးကနေ လက်ဖျားခါလို့ရလောက်တဲ့ ထိလဲ တွေ့ကြမယ်ထင်ပါတယ်။ဖြိုးပကိုယ်တိုင်လဲ ပျိုမေတို့ကို olive oil ကို Beauty n Skincare အတွက်အရမ်းကောင်းကြောင်း ဘယ်မှာဖြစ်ဖြစ် အသုံးပြုနိုင်ကြောင်းပြောပြဖူးပါတယ်.ဒီတခေါက်ပြောပြမှာကတော့ ဘယ်သူမှ ထင်မထားတဲ့ သံလွင်ဆီကို အရေပြားပေါ် အသုံးပြုခြင်းကနေ ဖြစ်တက်တဲ့ လန့်စရာ Side effect လေးတွေကြောင်းပါ။
ဖြိုးပအရင်ဆုံး သတိပေးချင်တာကတော့ အခုပြောပြမယ့်
အချက်တွေအကုန်က လူတိုင်းဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပဲ သုံးနေရင်း အခက်မသင့်ပဲ
ဖြစ်တက်တဲ့ပြသနာလေးတွေ ဖြစ်ပြီး ဖြိုးပကိုယ်တိုင်လဲ သံလွင်ဆီကို ဆံပင်ပေါ်ကလွဲလို့
အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မသုံးတော့တဲ့ အကြောင်းလေးတွေပါ။ဆက်ဖတ်ပေးကြပါအုန်း
...
- ဖြိုးပတို့ သိထားတဲ့ pure olive oil ဆိုတာက ယုံကြည်စိတ်ချစွာ သုံးလို့ရပေမယ့် အခုနောက်ပိုင်း ဈေးကွက်ထဲမှာ ပေါပေါပဲပဲနဲ့ ရရှိလာပြီးဖြစ်တဲ့ သံလွင်ဆီဗူးတိုင်းထဲမှာ Chemical တွေပါတယ်ဆိုတာ ငြင်းလို့မရပါဘူးရှင့်. Mass Manufacturing လုပ်တဲ့အခါ စက်ရုံတွေက လူတွေကို ထိခိုက်မှုနဲတဲ့ Chemical တွေပါတယ်ဆိုပေမယ် sensitive skin သမားတွေနဲ့ သံလွင်ဆီအလွန်အကျွံသုံးမိရင်တော့ အသားရေ ယားယံပြီး ပြဲတာမျိုးဖြစ်ပါလေ့မယ်.့ ဖြိုးပဆို အခုနောက်ပိုင်း ဘာသံလွင်ဆီကို အသားပေါ်တင်လိုက်ပြီဆို အသားထဲအဆီဝင်သွားပြီ ဆိုတာနဲ့ ယားလာပါတယ်.။ ဒါက သံလွင်ဆီကို အသားပေါ် တိုက်ရိုက်လိမ်းတာကနေ အရင်ဆုံးဖြစ်တက်တဲ့ Side effect လေးပါ။ အသားရေ ယားယံမာကျောပြီး ကြမ်းလာနိုင်ပါတယ်။
- မျက်နှာပေါ်ကို သံလွင်ဆီ တိုက်ရိုက် လိမ်းခြင်းက ဝက်ခြံနဲ့ အဆီဖုတွေကို ဖြစ်စေပါတယ်။ သံလွင်ဆီက သာမာန်ဆီတွေထက် နဲနဲပိုပြစ်ပြီး body skin ပေါ်မှာ လိမ်းတဲ့အခါ အဆင်ပြေပေမယ့် နူးညံ့တဲ့ မျက်နာအသားရေပေါ်ကို ဒီတိုင်းလိမ်းရင်တော့ ချွေးပေါက်မှာ စို့တဲပြသနာဖြစ်နိုင်ပြီး ကောင်းလာ ရမယ့် အသားရေလေးက ဝက်ခြံနဲ့အဆီပြင်တွေ ဖြစ်လာနိုင်ပါတယ်။ သူကမျက်နှာပေါ် စိမ့်ဝင်တာလဲ နှေးတော့ layer တခုဖြစ်နေပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ပိုမိုကပ်ညှိနိုင်စေပါတယ်။
- ကိုယ်က oily skin မဟုတ်လို့ အဆီဖု အဆီပြင်တွေ မဟုတ်ဘူးဆိုရင်တောင် Combination နဲ့ Dry skin သမားတွေ သံလွင်ဆီကို Day time မှာ လိမ်းပေးပါက ဆားဝက်ခြံနဲ့ ချွေးပေါက်ပိတ်ဆို့တာတွေ ခံစားရမှာပါ။ အဆီတွေက ချွေးပေါက်ထဲ စုနေနိုင်ပြီး ဖုန်တွေနဲ့လုံးပြီး Black head တွေဖြစ်စေနိုင်ပါတယ်။
- သံလွင်ဆီစစ်စစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး နှိမ်နယ်ရင် အသားရေ လင်းလက်စိုပြေတယ် ဆိုပေမယ့် အဆီပြင်တွေ ဖြစိစေတာမမေ့ပါနဲ့။ ဒါကြောင့် ပြန်ရေဆေးချတဲ့ အလေ့အကျင့်ကို လုပ်ပေးပါ သို့မဟုတ်ရင်တော့ အသားရေ အက်ကွဲလာတာ ၊ နီပြီး စပ်ဖြဉ်းဖြဉ်းဖြစ်လာတာ ၊ ယားယံပြီး အသားတွေ လှန်ထွက်တာမျိုး ဖြစ်တက်ပါတယ်။
- သူများတွေ ကောင်းတယ်ပြောတိုင်းလဲ မယုံစားပါနဲ့ ကိုယ်က အဆီတွေကို သံလွင်ဆီကို Allergic ဖြစ်သူဖြစ်နေတက်လို့ပါ . ဒီလိုလူတွေကတော့ စားသုံးမိ လိမ်းမိ ထိမိပြီဆိုတာနဲ့ side effect တမျိုးမျိုးဖြစ်ပြီး သိနိုင်ပါတယ်။
- ကိုယ်မှာ ကလေး မွေးပြီးချင်းကနေ ၁ နှစ်လောက်ထိရှိရင်တော့ သတိထားသင့်ပါတယ်။ သံလွင်ဆီကို သူတို့ကို လိမ်းမပေးပါနဲ့ ကလေးငယ်တွေရဲ့ အရေပြားက အာ့လောက်ပစ်တဲ့ အဆီမျိုးကို လက်ခံနိုင်ခြင်း မရှိသေးတဲ့အပြင် Chemical ပါတဲ့ သံလွင်ဆီမျိုးနဲ့သာ တွေ့မယ်ဆိုရင်တော့ အရေပြား ပြသနာ မျိုးစုံဖြစ်လာနိုင်ပါတယ်။
- Oily skin သမားတွေသာ သံလွင်ဆီကို အရမ်းသုံးမိမယ်ဆိုရင်တော့ ပိုအဆီများ အဆီဖုနဲ့ ဝက်ခြံထွက်လာနိုင်ပြီး Dry skin နဲ့ sensitive skin တွေသာ နေ့စဉ် သုံးမယ်ဆိုရင် အသားရေရဲ့ အစိုဓာတ်ယူနိုင်စွမ်းကို ဖျက်ဆီးနေရာ ယူလိုက်တယ်လို့ စာတွေထဲမှာ ဖတ်ဖူးပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးမို့ သေချာလေး ဂရုစိုက်သုံးပါ။
Comments
Post a Comment