SENZ Aloe Vera 98% Gel Review


ဖြိုးပပြီးခဲ့တဲ့ အပတ်ထဲက Aloe Vera Gel လေးကို ဘယ်လိုမျိုး အလှအပအတွက် Treatments လေးတွေကို ဘယ်လိုမျိုး DIY လုပ်ပြီး အသုံးပြုလို့ရလဲဆိုတဲ့ အကြောင်းအရာလေးနဲ့ DIY video လေးလုပ်ပေးပြီးပြီဆိုတော့ အားလုံးကလဲ SENZ လေးရဲ့ Review တွေကိုမေးနေကြလို့ တင်ပေးလိုက်ပါတယ်။ 


အခုဆိုရင် SENZ Aloe Gel လေးတွေကို မြန်မာနိုင်ငံအနှံအပြားမှာရောင်းနေပြီ SOLA Cosmetics Counter တွေနဲ့အတူတူထားတာကို တွေ့ရပါတယ်။ Beauty Diary လိုမျိုးဆိုင်ကြီးတွေနဲ့ အလှကုန်ဆိုင်တိုင်း လိုလိုမှာ ၆၅၀၀ ကျပ်နဲ့ရောင်းပေးနေပါတယ်။

What is SENZ Aloe Vera?

SENZ ကလဲ Korea ထုတ် Aloe Gel အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဖြိုးပတို့အရင်သိပြီးသား NR တို့လိုမျိုးပါပဲ။ SENZ ရဲ့ ထူးခြားချက်ကတော့ သူမှာ သျှားစောင်းရဲ့ အဆီအနှစ် ၉၈% ပါဝင်ပြီး ရေဓတ်ဖြည့်ပြီးထုတ်လုပ်ထားတာပါ။ သူ့ရဲ့ အထဲမှာ အဓိကပါဝင်တဲ့ Ingredient လေးတွေကတော့ - Water, Glycerin, Hydrogenated Castor Oil, Methyl Paraben, Aloe Barbadensis Leaf Extract, Camellia Leaf Extract, နဲ့ အနံ့လေးနဲနဲထည့်ထားပါတယ်။ ဖြိုးပအားလုံးကို Review လေးသေချာပြောပြပေးပါမယ်။


Design and Packaging

  • Aloe Vera Gel ဗူးဆိုတော့လဲ အစိမ်းရောင် Theme လေးနဲ့ ဗူးအ၀ိုင်းလေးပေါ့နော်။ သူကအစိမ်းနုရောင် ဗူးအ၀ိုင်းလေးနဲ့ပဲ ရိုးရိုးလေး ထုတ်ပိုးထားပါတယ်။ သူ့ရဲ့အထဲမှာ Aloe Vera Gel တွေ 300 ML ပါဝင်ပြီးတော့ ဗူးရဲ့အပြည့်ကိုပါတာပါ။ အဲ့တော့ တော်တော်ကိုလေးပါတယ်။ အထဲမှာလဲ Aloe Vera Gel တွေကို သေချာလေး ပိတ်ထားတဲ့ အဖုံးလေးတစ်ထပ်ပါပါသေးတယ်။ သူ့ကို ပြောင်းပြန်ဇောက်ထိုးထားတယ်ဆိုရင်တောင် အဖုံးကြားက အရည်စီးကျတယ်ဆိုတာ ဖြစ်မှာမဟုတ်ပါဘူး။
  • ဗူးအဖုံးရော ဗူးဖင်မှာရော Product Name, နဲ့ Ingredients တွေကိုသေချာဖော်ပြထားပါတယ်။ Expired Date လဲပါဝင်ပါတယ်။ စာတွေအများစုကတော့ ကိုရီးယားလိုရေးထားတာကို တွေ့မှာပါ. ဖြိုးပကတော့ Korea လိုနဲနဲလေးမှ မတက်တာကြောင့် ပြန်မပြောပြတက်ပေမယ့် အသုံးပြုနည်းကို ရေးထားမယ်လို့ ခန့်မှန်းရပါတယ်။ Packing အရတော့ သေသပ်တာကြောင့် ထွေထွေထူးထူး ပြသနာမရှိပါဘူး။

SENZ Aloe Vera Gel Product Quality

အရင်ဆုံး Gel လေးရဲ့ Texture,နဲ့ ဖြိုးပအသုံးပြုတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာလေးတွေကို အရင်ပြောပြချင်ပါတယ်။
  • Gel အရည်ကတော့ အကြည်ပဲ။ အခြား Aloe Vera Gel တွေနဲ့အတူတူလောက်ပဲ။ ထူးခြားတာက စေးကပ်မှုတစ်စိမှမရှိတာပါ။ ဖြိုးပအရင်သုံးဖူးတဲ့ Aloe Gel တွေက Body Skin ပေါ်သုံးရင် အရမ်းကို စေးကပ်လို့ ပွတ်တိုက်တဲ့ အခါလဲ အဆင်ပြေမှု မရှိပါဘူး။ ဒီ SENZ လေးကျတော့ အသားရေပေါ်လိမ်းတဲ့ အခါ Gel Moisturizer လေးလိုသုံးလို့ရတယ်။ စေးကပ်တာ မရှိလို့ ဖြိုးပတို့လိမ်းတဲ့ အချိန်ရော လိမ်းပြီးချိန်ပါ နေလို့အဆင်ပြေပါတယ်။ ပြီးတော့ သူကလိမ်းပြီး အသားထဲကို စိပ့်ဝင်သွားလို့ အသားရေကို အေးပြီးအစိုဓာတ်ကို အပြည့်အ၀ ထိန်းသိမ်းပေးပါတယ်။
  • SENZ Gel လေးက အနံ့လေးနဲနဲပါတယ်။ သူ့ရဲ့အနံ့လေးကတော့ စိတ်ကိုအေးစေတဲ့ သစ်ရွက်နံ့ပါ။ အပြင်က သျှားစောင်းနံ့လိုမျိုး နံစော်နေတာ မဟုတ်လို့စိတ်မပူပါနဲ့။
  • SENZ Gel က ကိုယ်ခန္ဒာအသားရေ နေရာပေါင်းစုံနဲ့ ဆံပင်တွေကို သုံးလို့ရသလို ဖြိုးပလဲ Body Lotion အနေနဲ့ သုံးဖြစ်ပါတယ်. အဓိကတော့ ဖြိုးပရေကူးပြီးလို့ အသားရေယားယံနေတာမျိုး ပူနေတာမျိုးဆိုရင် Aloe Vera Gel လေးကို လိမ်းတဲ့အခါ အသားရေက ရေကူးကန်ရေကြောင့် ယားနေတာတွေ ပျောက်ကင်းစေပြီး အသားအေးစေပါတယ်။ အဲ့အချက်ကြောင့် ဖြိုးပ ညအိပ်ခါနီးတိုင်း Lotion အစားထိုးလိမ်းဖြစ်နေပါတယ်။



SENZ Gel လေးကို နေ့စဉ်အသုံးပြုလို့ရတဲ့ နည်းလေးတွေလဲ တစ်ချက်ပြောပြပေးပါမယ်
  • Body Lotion လိုမျိုးအသားရေ စိုပြေနူးညံ့အောင် လိမ်းလို့ရတယ်
  • ၀က်ခြံထွက်တက်သူတွေအနေနဲ့ အဖုလေးတွေ အမာရွတ်လေးတွေပေါ်မှာ တို့ပြီး အဖုတွေကိုပြားအောင်လုပ်လို့ရတယ်။
  • မျက်နှာအသားရေ နေလောင်တာ၊ အသားရောင်မညီတာနဲ့ ခြောက်သွေ့နေရင် Face Mask လိုမျိုး သို့ Moisturizer လိုမျိုးသုံးလို့ရပါတယ်။
  • ဆံပင်သားကိုလိမ်းပေးပြီး Hair Coat လိုလဲသုံးလို့ရတယ်။ ဦးရေပြားကိုလိမ်းရင် အေးမြစေပြီး ဆံပင်သန်စေပါတယ်။
  • မျက်အိတ်ရောင်နေတာတွေကို ခပ်ပါးပါးလေး လိမ်းပြီး ကပ်ထားလို့ရတယ်။
  • Makeup Base အနေနဲ့ သုံးရင် Glossy Makeup looks လေး ခပ်ပြောင်ပြောင်လေးဖြစ်ပါတယ်။
  • မိန်းကလေးတွေ Waxing လုပ်တဲ့အခါနဲ့ ကောင်လေးတွေ Shaving လုပ်ပြီးရင် အသားရေ စိုပြေအောင် လိမ်းပေးလို့ရပါတယ်။
  • ခြေကြားလက်ကြားတွေ ယားယံတာနဲ့ ခြောက်သွေ့နေတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
  • အနာသေးသေးလေးတွေ ရှိခဲ့ရင်လဲ အပေါ်ကနေ လိမ်းပေးရင် အသားအေးပြီး ပိုးသေစေပါတယ်။

အခုပြောပြခဲ့တာကတော့ ဖြိုးပ SENZ Gel လေးကို အသုံးပြုဖြစ်တဲ့ နည်းလမ်းလေးတွေပါ။

ဖြိုးပတော့ Rating 4.5 Stars ပေးချင်ပါတယ်။ ဒီတော့ ဒီလိုမျိုး အရမ်းကို အသုံးဝင်တဲ့ သဘာဝပစ္စည်းလေတစ်မျိုးကို ၆၅၀၀ ကျပ်ထဲနဲ့ Beauty Diary တို့လိုအလှကုန်ဆိုင်တွေမှာ မေးဝယ်လို့လဲရပြီး ဒီပေးထားတဲ့ 
link မှာလဲ မိမိနေတဲ့ မြို့နဲ့အနီးစပ်ဆုံးနေရာကို စုံစမ်းဝယ်ယူလို့ ရပါတယ်။

OK, ဒီ Review လေးကို အပြီးထိ ဖတ်ပေးတဲ့ သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်နော်။

ချစ်တဲ့

#PhyopapaBlogs #PhyopapaBlogs #PhyopapaReviews

Comments

Popular Posts