Must Try Easy Remedies for Dry Skin


ဖြိုးပဒီပိုစ်လေးမှာတော့ Dry Skin သမားတွေကို ဦးစားပေးပြီး DIY remedies လေးတွေ ပြောပြဖို့ရှိပါတယ်။ အဓိကတော့ ဖြိုးပကတော့ Combination to Oily Skin သမားဖြစ်ပြီးတော့ အမြဲလိုလို Oily skin နဲ့ ၀က်ခြံရှိတဲ့ သူတွေတွက်ပဲ Products လေးတွေ ညွှန်းလေ့ရှိတယ်လေ။

Dry Skin သမားလေးတွေက ခဏခဏမေးပေမယ့် အားနာနာနဲ့ပဲ မသိပါဘူးလို့ ငြင်းလွှတ်ရတာလဲ အကြိမ်ကြိမ်ဆိုတော့ ဒီတစ်ခါတော့ Dry Skin သမားလေးတွေအတွက် အန္တရာယ်လဲမရှိဘူး Products တွေကို မှားညွှန်းမိတယ်ဆိုတာလဲ မရှိအောင် အိမ်တွင်း ပြုပြင်ထိန်းသိမ်း နည်းလေးတွေကို ပြောပြလိုက်ပါတယ်။ လိုက်လုပ်ကြည့်ကြဖို့လဲ တိုက်တွန်းပါတယ်နော်။ အဓိက နယ်က စစ်စတာလေးတွေကို တစ်နည်းမဟုတ် တစ်နည်း လိုက်လုပ်စေချင်တယ်။

အိုခေ …ဘာတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ကြပါဦးနော်။ Share ဖို့လဲမမေ့နဲနော်။


Remedies- 1 နို့(အစိမ်း) နဲ့မျက်နှာသစ်ခြင်း

နို့က အစိုဓာတ်ဖြည့်ပေးမယ်၊ အသားရောင်ညီစေတယ်၊ ပိုးသေစေတယ်၊ ယားယံနီမြန်းနေတာတွေကိုလဲ သက်သာစေတယ်လေ။ ဒီတော့ နို့နဲ့မျက်နှာသစ်တဲ့ နည်းလေးကတော့ Dry Skin သမားတွေအတွက် အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလေးပါ။

How to do - နွားနို့ကိုတော့ အေးအောင်လုပ်ထားပါ။ Bowl လေးထဲကို အနဲငယ်ထည့်ပြီး သဘတ်သေးသေးလေးနဲ့ နှစ်ပြီးစိုအောင်လုပ်လိုက်ပါ. Mask လိုမျိုးဟာလေးတွေရှိတယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ အဲ့လိုနို့နဲ စွတ်ထားတာလေးကို မျက်နှာပေါ် ၁၀ မိနစ်လောက်တင်ထားပါ။ ပြီးတော့ မှ Facial Form နဲ့ပြန်သစ်ချလို့ရပါတယ်။ Facial Form ကိုအနဲငယ်ပဲသုံးပါ။

Remedies-2 ခရမ်းချဉ်သီးအရည်နဲ့ ကုသခြင်း

ဖြိုးပကတော့ဒီနည်းလေးကို အသိအမတစ်ယောက်ပြောလို့သိတာပါ။ သူက အသားအရမ်းခြောက်ပြီး မှဲ့ခြောက်ထွက်တဲ့အခါတိုင်း ခရမ်းချဉ်သီးနဲ့ကုတယ်လို့ပြောတယ်။ အဲ့တာနဲ့ဖြိုးပဒီနည်းလေးကို Internet မှာရှာကြည့်တော့ တကယ်ပဲ အသားခြောက်သူနဲ့ အမဲစက်ထွက်သူတွေတွက် ထိရောက်တာတွေ့လို့ အားလုံးလိုက်လုပ်လို့ရတဲ့ အလွယ်နည်းလေးကို ပြောပြလိုက်ပါတယ်။

How to do – ခရမ်းချဉ်သီး(အနီ)ကို သေချာလေး အခွံတွေရော အနှစ်တွေရော အနှစ်လေးဖြစ်အောင်လုပ်ပါ. အလွယ်ဆုံးကတော့ Blender နဲ့လုပ်တာပေါ့နော်။ (လုပ်ချင်တဲ့နည်းနဲလုပ်လို့လဲရတယ် အနှစ်ဖြစ်ရင်ပြီးရော) ပြီးတော့ သံပရာရည်လေး နဲနဲထည့်ပြီး မိမိရဲ့ အမဲစက် မှဲ့ခြောက်နဲ့ အသားကွဲယားယံနေတဲ့ နေရာလေးတွေမှာ လိမ်းထားပါ။ ၁၀ မိနစ်လောက်ဆို Facial Form နဲ့ပြန်သစ်ချလို့ရပါတယ်။ တစ်ပတ် ၂ ခါလောက်လုပ်ပါ။

Remedies-3 ကြက်ဥအနှစ်နဲ့ သံလွင်ဆီ ပေါင်းတင်နည်း

ဒီနည်းလမ်းလေးကတော့ Oily skin သမားတွေလုပ်နေကြနဲ ပြောင်းပြန် Dry Skin သမားတွေတွက် နည်းလေးပါ။ ကြက်ဥအနှစ်နဲ့ သံလွင်ဆီကို ရောပြီးတော့ ခြောက်သွေ့ကြမ်းတမ်း ယားယံနေတဲ့ အသားပေါ်ကို လိမ်းပေးပြီး ကုနည်းလေးပါ. သူကနဲနဲတော့ ညှိမယ် ဒါပေမယ့် လှမယ်ဆိုရင် လိုက်လုပ်ကြမယ်မလား :P ဒီနည်းလေးက အသားရေကို စိုပြေစေမယ်ဆိုတာ ဖြိုးပအာမခံပါတယ်။

How to do - လိုအပ်တာတွေကတော့ ကြက်ဥအနှစ်လေးတစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ သံပရာရည် သို့ Rose Water တစ်ခုခုကို နဲနဲလေး ထည့်လို့ရပါတယ်။ သူတို့ကို သမအောင်သေချာခေါက်ပြီး လက်နဲ့ပဲဖြစ်ဖြစ် စုတ်တံလေးနဲ့ပဲ ဖြစ်ဖြစ် မိမိမျက်နှာတစ်ပြင်လုံးကို လိမ်းလို့ရပါတယ်။ မိနစ် ၂၀ လောက်နေရင် Facial Form နဲ့ပြန်သစ်ချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်လို့ရပါတယ်။

Remedies-4 ပျားရည်နဲ့ ထောပတ်သီး Face Pack

အသားခြောက်သူတွေရဲ့ အဓိက ပြဿနာတွေထဲက အဆိုးဆုံးကတော့ မတည့်တာတွေသုံးမိရင် အသားကွဲအက်သလို ယားယံတာတွေနဲ့ ခြောက်သွေ့နေပြီး ကုတ်ဖဲ့မိရင်လဲ အသားရောင်မညီတာနဲ့ အချိန်တော်တော်ကြာကို ပြန်ကုရပါတယ်။ မှဲ့ခြောက်ထွက်လွယ်တာလဲ ပါသေးတယ်.။ အဲ့လိုပြသနာတွေကို ကာကွယ်နိုင်တဲ့ Face Pack လေးကတော့ မျက်နှာပေါ်က အနာတွေနဲ့ အမဲစက်တွေကို ပျောက်စေတဲ့ ပျားရည်နဲ့ အစိုဓာတ်အပြည့်အ၀ ပေးနိုင်ပြီး အသားရေကို Smooth ဖြစ်စေတဲ့ ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်မှာဖြစ်ပါတယ်။

How to do - ထောပတ်သီးတစ်ဝက်ကို အနှစ်လေးတွေရအောင် သေချာချေပါ၊ ပျားရေကို ထမင်းစားဇွန်း ၂ ဇွန်းစာလောက်ထည့်ပြီး သမအောင်မွှေပါ။ ပြီးတော့ အသားရေခြောက်နေတဲ့ နေရာတွေကို အနှံလိမ်းပေးပြီးတော့ မိနစ် ၂၀ လောက်ထားပြီး Facial Form နဲ့ရေနွေးနွေးလေးနဲ့ ပြန်သစ်ချလို့ရပါတယ်။ တစ်ပတ် ၂ ကြိမ်အများဆုံးလုပ်လို့ရပါတယ်။

Dry Skin တွေအမြဲလိုလိုသတိထားသင့်တဲ့ Lifestyle Tips ကတော့ -

  1. ရေချိုးရင် ရေနွေးရှောင်ပါ.
  2. သေချာရေသုတ်ပြီး Moisturizer သို့ Body Oil တစ်ခုခုကို သေချာလိမ်းပါ။
  3. ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ပါ။
  4. Facial Mist လေးတွေ Rose Water လေးတွေဆောင်ပါ၊ အသားခြောက်သလိုခံစားရရင် ချက်ချင်းသုံးပါ။
  5. ညဖတ်မအိပ်ခင် Face Oil တစ်မျိုးမျိုး လိမ်းတဲ့ အကျင့်လုပ်ပါ။ (ဥပမာ - NNO night oil, Olive Oil, Caster Oil, နဲ့ Coconut Oil တစ်ခုခုသုံးပါ)

“ဘယ်အသားရေပြသနာမှ ကုမရဘူးဆိုတာ မရှိပါဘူး၊ သေချာလေး အချိန်ပေးလုပ်ပေးဖို့ပဲလိုတာပါ”

ဖြိုးပရဲ့ ချစ်ရသူတွေတွက် ဖြိုးပကတော့ သေချာဝေမျှပြီးသွားပြီဆိုတော့ လိုက်လုပ်ဖို့ကတော့ ယူတို့တာဝန်နော်။ LIKE & SHARE လေးလုပ်ပေးပြီးတော့ အချင်းချင်းမျှဝေလိုက်ဦးနော်။

ချစ်တဲ့ #PhyopapaBlogs


Comments

Popular Posts