Loose Powder Makeup Hacks


ၿဖိဳးပဒီေန႕ေတာ့ ကိုယ့္မွာရွိတဲ့ Loose Powder ေလးေတြနဲ႕ လိုက္လုပ္လို႕ရတဲ့ Makeup Hacks ေလးေတြကုိ ဗဟုသုတအေနနဲ႕ ေျပာျပခ်င္လို႕ပါ. ဒီလို Makeup Tips ေလးေတြ တင္မေပးျဖစ္တာလဲ ၾကာၿပီဆိုေတာ့ အားလံုးပဲ စိတ္၀င္စားၾကမယ္လို႕ ထင္ပါတယ္။အရင္ကေတာ႔ LoosePowder ဆိုရင္ ၿဖိဳးပတို႕က မိတ္ကပ္ျပင္ဆင္ျပီးခ်ိန္ သဘာဝဆန္တဲ႔ အသြင္အျပင္ကိုရေအာင္၊အဆီေတြကို ၾကာရွည္ထိန္းေအာင္နဲ႕ ႏႈတ္ခမ္းနီေတြ တာရွည္စြဲျမဲေစခ်င္တဲ႔အခါ အသံုးျပဳဖို႔ဆိုတာေလာက္ပဲ သိခဲ႔ၾကပါတယ္။

တကယ္ေတာ႔ LoosePowder မွာဒီထက္ပိုမိုတဲ႔ အရည္အခ်င္းေတြ ရွိေနပါေသးတယ္ေနာ္။
သဘာဝဆန္တဲ႔အသြင္အျပင္Loose Powder ေတြက မိတ္ကပ္ျပင္ဆင္မႈမ်ားသြားလို႔ျပန္ေလ်ွာ႔ခ်င္တဲ႔အခါ အရမ္းအသံုးဝင္ပါတယ္။ သူက သဘာဝဆန္တဲ႔ အသြင္အျပင္ကိုေပးစြမ္းပါတယ္။

ပါးနီမ်ားသြားလို႔ပဲျဖစ္ျဖစ္ Bronzer မ်ားေနလို႔ပဲျဖစ္ျဖစ္ ျပန္ျဖည္ခ်င္တဲ႔အခါLoose Powder ကိုသံုးေပးပါ။ အေပၚကေန နဲနဲေလာက္ Brush ႀကီးႀကီးနဲ႕ လိုက္ျဖန္႕ေပးရင္အေရာင္အရမ္းမ်ားေနတဲ့ Makeup ကို သဘာ၀ဆန္ႏိုင္ေစပါတယ္။

သိပ္သည္းတဲ႔မိတ္ကပ္သား(Baking Technique)မိတ္ကပ္ျပင္ဆင္တဲ႔အခါFoundationနဲ႔Concealer ေပၚကေန Loose Powder လိမ္းေပးျပီး ဆယ္မိနစ္ထားၾကည္႔ပါ။ ဒီအခ်ိန္ကာဟာခႏၶာကိုယ္က အပူထြက္တဲ႔အခ်ိန္နဲ႔ မ်က္ႏွာျပင္ေပၚကအဆီပိုေတြကို ေပါင္ဒါကစုပ္ယူသြားမယ္႔အခ်ိန္ပါပဲ။ ဆယ္မိနစ္ေက်ာ္ရင္ လိမ္းထားတဲ႔ ေပါင္ဒါေတြကို ခပ္ဖြဖြဖယ္ရွားေပးပါ။ ခါတိုင္းထက္ပိုအျပစ္အနာအဆာကင္းျပီး တစ္ေနကုန္ မိတ္ကပ္တာရွည္ခံတာကိုေတြ႔ရမွာပါ။ ၿဖိဳးပေန႔တိုင္း မိတ္ကပ္လိမ္တိုင္းလိုက္လုပ္ျဖစ္တဲ့ နည္းေလးပါ။

စြဲျမဲတဲ႔ႏႈတ္ခမ္းနီကိုယ္ဆိုးတဲ ႔ႏႈတ္ခမ္းနီတာရွည္စြဲျမဲေနေစခ်င္တယ္ ဆိုရင္ Loose Powder သံုးႏိုင္ပါတယ္။ ႏႈတ္ခမ္းနီတစ္ထပ္ဆိုးျပီးရင္Loose Powder ေလးထပ္တို႔ေပးပါ။ ျပီးမွ တစ္ထပ္ ထပ္ဆိုးေပးပါ။ ဒီလို အသံုးခ်သြားရင္ ကိုယ္ဆိုးထားတဲ႔ႏႈတ္ခမ္းနီတာရွည္ခံ တာေတြ႔ရပါလိမ္႔မယ္။ ဒီနည္းကေတာ့ Matte Lipstick ေတြမွာ လုပ္စရာမလိုပါဘူး။ရိုးရိုး Lipstick ဆိုးလို႕ စြဲၿမဲေစခ်င္သူေတြလုပ္ဖို႕ပါ။

မ်က္ဝန္းျခယ္သမႈEye Shadow သံုးတဲ႔အခါမွာလည္းPrimer သေဘာမ်ိဳး Loose Powder ကိုသံုးႏိုင္ပါတယ္။ Eye Shadow မျခယ္ခင္ Loose Powder ေလးအရင္လိမ္းေပးရင္ ပိုတာရွည္ခံတာေတြ႔ရပါလိမ္႔မယ္။ မ်က္ခြံေပၚမွာ တိုက္ရိုက္ႀကီးEye Shadow ခ်ယ္ရင္ အေရာင္ထြက္ မမွန္တာမ်ိုးျဖစ္တက္လို႕ Primer မရွိရင္ေတာင္ Loose Powder လိမ္းေပးလိုရတယ္ေလ။

မ်က္ေတာင္ထူေအာင္လုပ္မယ္Mascara ခ်ယ္တဲ့အခါ သံုးတဲ့နည္းေလးပါ။မ်က္ေတာင္က ပါးေနတာ စင္းက်ေနတာဆိုရင္ Mascara ခ်ယ္လဲ အဆင္မေျပဘဲ ျဖစ္တဲ့အခါ မ်က္ေတာင္ေလးေတြမွာLoose Powder ခပ္ပါးပါးလိမ္းေပးမယ္ဆိုရင္ mascara ခ်ယ္တဲ့အခါ မိမိရဲ႕ နဂိုမ်က္ေတာင္ထက္သိသိသာသာ ထူထဲၿပီး ၾကာရွည္ခံေစပါတယ္။

Highlightingတခ်ိဳ႕ Loose Powderေတြမွာ Shimmer ပါတဲ႔အတြက္ သူ႔ကို Highlighter သေဘာမ်ိဳး သံုးႏိုင္ပါေသးတယ္။ လက္တေလာၿဖိဳးပအသဲစြဲေနတဲ့ Bella ရဲ႕ loose Powder ေလးထဲမွာ Shimmer ေလးေတြပါတယ္ေလ။ အဲ့လိုloose powder ေလးကိုပဲ သံုးေပးရင္ေတာင္ Highlighter ေတြဘာေတြ အသစ္၀ယ္ေနစ၇ာမလိုပဲHighlighting လုပ္ႏိုင္ပါတယ္။ နဖူးအလယ္၊ ေမးရိုး နဲ႔ ႏွာေခါင္းရိုးေပၚကို ျခယ္သႏိုင္ပါတယ္။
Highlighter မရွိတဲ႔အခ်ိန္က်ရင္ Loose Powder ကိုအစားထိုး သံုးေပးပါ။

ကဲ ... Loose Powderတစ္မ်ိဳးထဲနဲ႕ လိုက္လုပ္ျပင္ဆင္ခ်ယ္သလို႕ရတဲ့ Makeup Tips/ Hacks ေလးေတြကို ေျပာျပၿပီးၿပီဆုိေတာ့အားလံုးအတြက္ အသံုး၀င္မယ္လို႕ ေမွ်ာ္လင့္ပါတယ္။ ၿဖိဳးပကိုယ္တိုင္ဒီနည္းေလးေတြ လိုက္လုပ္ျဖစ္ပါတယ္။

အခုေျပာျပသြားတဲ့ နည္းေလးေတြအျပင္ အျခားသိတဲ့ နည္းေလးေတြရွိရင္ ေျပာျပခဲ့ေနာ္။Sharing is caring ေလ။

ခ်စ္တဲ့#PhyopapaBlogs

Unicode Version

ဖြိုးပဒီနေ့တော့ ကိုယ့်မှာရှိတဲ့ Loose Powder လေးတွေနဲ့ လိုက်လုပ်လို့ရတဲ့ Makeup Hacks လေးတွေကို ဗဟုသုတအနေနဲ့ ပြောပြချင်လို့ပါ. ဒီလို Makeup Tips လေးတွေ တင်မပေးဖြစ်တာလဲ ကြာပြီဆိုတော့ အားလုံးပဲ စိတ်၀င်စားကြမယ်လို့ ထင်ပါတယ်။အရင်ကတော့ LoosePowder ဆိုရင် ဖြိုးပတို့က မိတ်ကပ်ပြင်ဆင်ပြီးချိန် သဘာဝဆန်တဲ့ အသွင်အပြင်ကိုရအောင်၊အဆီတွေကို ကြာရှည်ထိန်းအောင်နဲ့ နှုတ်ခမ်းနီတွေ တာရှည်စွဲမြဲစေချင်တဲ့အခါ အသုံးပြုဖို့ဆိုတာလောက်ပဲ သိခဲ့ကြပါတယ်။

တကယ်တော့ LoosePowder မှာဒီထက်ပိုမိုတဲ့ အရည်အချင်းတွေ ရှိနေပါသေးတယ်နော်။သဘာဝဆန်တဲ့အသွင်အပြင်Loose Powder တွေက မိတ်ကပ်ပြင်ဆင်မှုများသွားလို့ပြန်လျှော့ချင်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။ သူက သဘာဝဆန်တဲ့ အသွင်အပြင်ကိုပေးစွမ်းပါတယ်။
ပါးနီများသွားလို့ပဲဖြစ်ဖြစ် Bronzer များနေလို့ပဲဖြစ်ဖြစ် ပြန်ဖြည်ချင်တဲ့အခါLoose Powder ကိုသုံးပေးပါ။
အပေါ်ကနေ နဲနဲလောက် Brush ကြီးကြီးနဲ့ လိုက်ဖြန့်ပေးရင်အရောင်အရမ်းများနေတဲ့ Makeup ကို သဘာ၀ဆန်နိုင်စေပါတယ်။သိပ်သည်းတဲ့မိတ်ကပ်သား(Baking Technique)မိတ်ကပ်ပြင်ဆင်တဲ့အခါFoundationနဲ့Concealer ပေါ်ကနေ Loose Powder လိမ်းပေးပြီး ဆယ်မိနစ်ထားကြည့်ပါ။

ဒီအချိန်ကာဟာခန္ဓာကိုယ်က အပူထွက်တဲ့အချိန်နဲ့ မျက်နှာပြင်ပေါ်ကအဆီပိုတွေကို ပေါင်ဒါကစုပ်ယူသွားမယ့်အချိန်ပါပဲ။ ဆယ်မိနစ်ကျော်ရင် လိမ်းထားတဲ့ ပေါင်ဒါတွေကို ခပ်ဖွဖွဖယ်ရှားပေးပါ။ ခါတိုင်းထက်ပိုအပြစ်အနာအဆာကင်းပြီး တစ်နေကုန် မိတ်ကပ်တာရှည်ခံတာကိုတွေ့ရမှာပါ။ ဖြိုးပနေ့တိုင်း မိတ်ကပ်လိမ်တိုင်းလိုက်လုပ်ဖြစ်တဲ့ နည်းလေးပါ။

စွဲမြဲတဲ့နှုတ်ခမ်းနီကိုယ်ဆိုးတဲ ့နှုတ်ခမ်းနီတာရှည်စွဲမြဲနေစေချင်တယ် ဆိုရင် Loose Powder သုံးနိုင်ပါတယ်။ နှုတ်ခမ်းနီတစ်ထပ်ဆိုးပြီးရင်Loose Powder လေးထပ်တို့ပေးပါ။ ပြီးမှ တစ်ထပ် ထပ်ဆိုးပေးပါ။ ဒီလို အသုံးချသွားရင် ကိုယ်ဆိုးထားတဲ့နှုတ်ခမ်းနီတာရှည်ခံ တာတွေ့ရပါလိမ့်မယ်။ ဒီနည်းကတော့ Matte Lipstick တွေမှာ လုပ်စရာမလိုပါဘူး။ရိုးရိုး Lipstick ဆိုးလို့ စွဲမြဲစေချင်သူတွေလုပ်ဖို့ပါ။မျက်ဝန်းခြယ်သမှုEye Shadow သုံးတဲ့အခါမှာလည်းPrimer သဘောမျိုး Loose Powder ကိုသုံးနိုင်ပါတယ်။

Eye Shadow မခြယ်ခင် Loose Powder လေးအရင်လိမ်းပေးရင် ပိုတာရှည်ခံတာတွေ့ရပါလိမ့်မယ်။ မျက်ခွံပေါ်မှာ တိုက်ရိုက်ကြီးEye Shadow ချယ်ရင် အရောင်ထွက် မမှန်တာမျိုးဖြစ်တက်လို့ Primer မရှိရင်တောင် Loose Powder လိမ်းပေးလိုရတယ်လေ။မျက်တောင်ထူအောင်လုပ်မယ်Mascara ချယ်တဲ့အခါ သုံးတဲ့နည်းလေးပါ။

မျက်တောင်က ပါးနေတာ စင်းကျနေတာဆိုရင် Mascara ချယ်လဲ အဆင်မပြေဘဲ ဖြစ်တဲ့အခါ မျက်တောင်လေးတွေမှာLoose Powder ခပ်ပါးပါးလိမ်းပေးမယ်ဆိုရင် mascara ချယ်တဲ့အခါ မိမိရဲ့ နဂိုမျက်တောင်ထက်သိသိသာသာ ထူထဲပြီး ကြာရှည်ခံစေပါတယ်။

Highlightingတချို့ Loose Powderတွေမှာ Shimmer ပါတဲ့အတွက် သူ့ကို Highlighter သဘောမျိုး သုံးနိုင်ပါသေးတယ်။ လက်တလောဖြိုးပအသဲစွဲနေတဲ့ Bella ရဲ့ loose Powder လေးထဲမှာ Shimmer လေးတွေပါတယ်လေ။ အဲ့လိုloose powder လေးကိုပဲ သုံးပေးရင်တောင် Highlighter တွေဘာတွေ အသစ်၀ယ်နေစ၇ာမလိုပဲHighlighting လုပ်နိုင်ပါတယ်။ နဖူးအလယ်၊ မေးရိုး နဲ့ နှာခေါင်းရိုးပေါ်ကို ခြယ်သနိုင်ပါတယ်။

Highlighter မရှိတဲ့အချိန်ကျရင် Loose Powder ကိုအစားထိုး သုံးပေးပါ။ကဲ ... Loose Powderတစ်မျိုးထဲနဲ့ လိုက်လုပ်ပြင်ဆင်ချယ်သလို့ရတဲ့ Makeup Tips/ Hacks လေးတွေကို ပြောပြပြီးပြီဆိုတော့အားလုံးအတွက် အသုံး၀င်မယ်လို့ မျှော်လင့်ပါတယ်။ ဖြိုးပကိုယ်တိုင်ဒီနည်းလေးတွေ လိုက်လုပ်ဖြစ်ပါတယ်။
အခုပြောပြသွားတဲ့ နည်းလေးတွေအပြင် အခြားသိတဲ့ နည်းလေးတွေရှိရင် ပြောပြခဲ့နော်။Sharing is caring လေ။
ချစ်တဲ့#PhyopapaBlogs



Comments

Popular Posts