How to find perfect Blush Colors and apply for your face shape


ဒီနေ့ပြောပြပေးမယ့် အလှအပ အကြောင်းရာလေးကတော့ ချစ်တို့အများစုတောင်းဆိုနေတဲ့ ကိုယ်နဲ့လိုက်ဖတ်တဲ့ ပါးနီအရောင်လေးတွေကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာလေးနဲ့ မျက်နှာ Shape လေးတွေပုံစံအတိုင်း ဘယ်လိုမှန်မှန်ကန်ကန် လိမ်းရမယ်ဆိုတာလေးတွေကို အကြံပေးသွားမယ်နော်။ ဖြိုးပလဲ ချစ်တို့မေးတော့ ဘယ်လိုအကြံပေးရမလဲ မသိတာနဲ့ လေ့လာလိုက်တယ်။

အရင်ဆုံး အလွယ်ကူဆုံး ကိုက်ညီတဲ့ ပါးနီကို ဘယ်လိုရွေးချယ်မလဲဆိုတာကို ပြောပြပေးပါမယ်။ ဖြိုးပ အသင့်တော်ဆုံး ပုံလေးလဲထည့်ပေးထားပါတယ်။

အသားဖြူသူ >>> Baby Pink, Light Pink, Bubble Pink, Light Coral, Peach >> အသားရောင် ဖြူသူတွေက အရောင်နုတာလေးတွေနဲ့ ပန်းရောင်ဆန်တာလေးတွေနဲ့ လိုက်မှာပါ။ အရောင်မရွေးသုံးလို့ ရပေမယ့် အခြားအရောင်တွေနဲ့ စာရင် ဖြိုးပပြောသွားတဲ့ နာမည်နဲ့ ပါးနီလေးတွေဆိုရင်တော့ သဘာဝအကျဆုံး လိုက်ဖတ်မှာပါ။

အသားလတ်သူ >>> Rich Pink, Dark Pink, Coral, Warm Mauve (မရမ်းရောင်), Deep Peach >> အသားလတ်သူတွေကတော့ ဖြိုးပပြောသွားတဲ့ အရောင်နာမည်လေးမျိုးလေးတွေနဲ့ အလိုက်ဖတ်ဆုံး ဖြစ်မှာပါ။ အသားရောင်က အရောင်မှန်တဲ့ ပါးနီတွေဆိုးပေးရင် သဘာဝကျနေမှာပါ။

အသားညိုသူ >>> deep fuchia, deep peach, warm brown, tangerine, honey >> ဒီနာမယ်ရှိတဲ့ အရောင်လေးတွေကို လေ့လာကြည့်ပါ။ ပြီးတော့ အသားညိုသူတွေက ပန်းရောင် လိမ္မော် (Coral) အရောင်မျိုးတွေ အစားမိမိအသားနဲ့ လိုက်မယ့်အရောင်ရင့်တွေကိုသာ ရွေးချယ်ပါ။ အဲ့ဒါမှသဘာဝကျမှာပါ။

How to apply blush!!

ဖြိုးပ မျက်နှာပုံ ၄ မျိုးနဲ့ ဘယ်လိုမျက်နှာကို အချိုးပြေပြေနဲ့ Balance ဖြစ်အောင် ဘယ်လိုနည်းလေးတွေကို သုံးပြီးမိမိပါးပြင်မှာ သေချာလိမ်းသင့်လည်း ဆိုတာလေး Share ပေးပါရစေနော်။

၁။ ၀ိုင်းတဲ့ မျက်နှာပုံ >> မျက်နှာဝိုင်းစက်နေတာကို သွယ်တဲ့အသွင် ဆောင်သွားစေအောင်လို့ ပါးပြင်ရဲ့ ထိပ်ဆုံးနားလောက်၊ Highlighter လိမ်းတဲ့ နေရာလောက်ကနေ သေချာလေး အောက်ဖတ်ကို ၀ိုက်ပြီး Blush Brush လေးနဲ့ ဖြန့်လိမ်းပေးပါ။ ဒါကအသင့်တော်ဆုံး လိမ်းနည်းလေးပါ။ ပြီးတော့ ဒီလိမ်းနည်းက အခုနောက်ပိုင်း Korea Makeup Trend မှာခေတ်စားနေပါတယ်။

၂။ မျက်နှာကြော ရှည်သူ >> ကိုယ်ကခပ်ရှည်ရျည် သွယ်သွယ် မျက်နှာမျိုးရှိနေရင်တော့ မျက်နှာပြင် အလျှားကို ပိုကျယ်သွားသလို လုပ်ဖို့ Brush ကိုတက်နိုင်သမျှ အလျားလိုက်လေးပဲ ပါးပါးလေး ဆွဲလိမ်းပေးပါနော်။ အထင်းကြောင်းကြီး ဖြစ်မနေအောင်တော့ Brush နဲ့ သေချာဖြန်ပေးနော်။

၃။ သွယ်တဲ့ မျက်နှာပုံ >> ဒီမျက်နှာမျိုးကတော့ ကိုယ်မျက်နှာ သွယ်တာလေးကို ပိုသွယ်ပြီး လှသွားအောင်လို့ ပြုံးလိုက်ရင် ထွက်လာတဲ့ ပါးမို့လေးကနေစပြီး အပေါ်ကိုသွယ်ဝိုက်ပြီး လိမ်းပေးဖို့ပါပဲ။ ပါးရိုးတစ်လျှောက် ပါးနီကို နားထင်နားအထိ သေချာဖြန့်ပေးပါနော်။

၎။ လေးထောင်ဆန်တဲ့ မျက်နှာပုံ >> လေးထောင့်ဆန်တာကို လျှော့ဖို့အတွက် ပါးမို့လေးကို အဓိကထားပြီး ခပ်ဝိုင်းဝိုင်းလေး ဖြန့်လိမ်းပေးပါ။ အာ့မှ ပါးမို့လေးက စကားပြောတိုင်း ပြုံးတိုင်းထင်းနေမှာပေါ့။

ဖြိုးပ Share ပေးချင်တာတော့ ဒီလောက်ပါပဲ။ ဒီအချက်တွေက အခြေခံ မိမိမျက်နှာအတိုင်း ကိုက်ညီအောင် လိမ်းနည်းပဲ ရှိပါသေးတယ်။ မျက်နှာ Shape ကိုပါလုံးဝ ပြောင်းပေးနိုင်တဲ့ ပါးနီဆိုးနည်းတွေလဲ တွေ့ထားလို့ နောက်ပိုင်းကျရင် Share ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။
LIKE & SHARE လုပ်ဖို့ မမေ့နဲ့နော်။


အားလုံးကို ကျေးဇူးတင်ပါတယ်။ 
#PhyopapaBlogs

Comments

Popular Posts