Benefits of Cosmetics Diet

Hello … အားလုံးပဲ မင်္ဂလာပါရှင့် 

ဖြိုးပက ဒီပိုစ်လေးထဲမှာတော့ ပုံမှန်ပြောပြနေတဲ့ မိတ်ကပ်တွေကို ဘယ်လိုလိမ်းချယ်ရမယ် အသားရေအတွက် ဘာလေးတွေ သုံးရမယ်ဆိုတာမျိုးတွေ ထိုင်ပြောပြနေမှာမဟုတ်ပဲ ဗဟုသုတလဲ ရစေမယ်၊ ဖြိုးပတို့အသားရေတွေအတွက် ရေရှည်ကျန်းမာလှပစေမယ့် အကြောင်းလေး ဆွေးနွေးပေးသွားမှာပါ။

အဲ့ဒီအချက်ကတော့ “မိတ်ကပ်နေ့စဉ်မလိမ်းခြင်းကြောင့် ဖြိုးပတို့ရရှိမည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်”။ ဖြိုးပကိုယ်တိုင်လဲ မိတ်ကပ် Crazy ဖြစ်ပေမယ့် မိတ်ကပ်ကို နေ့တိုင်းလိမ်းတာကနေ ရှောင်ပြီး ပွဲရှိမှ တကယ်လိမ်းဖို့လိုမှ လိမ်းဖြစ်ပါတယ်။ ဒီလိုလုပ်လို့လဲ ဖြိုးပအသားရေ သိသိသာသာ ကောင်းလာတာ ချစ်တို့လဲသိမှာပါနော် … မိတ်ကပ်လိမ်းတာက ကိုယ့်ရုပ်သွင်ကိုပိုလှပစေတာ မှန်ပေမယ့် တကယ်လို့များ လုံးဝမိတ်ကပ်မလိမ်းဘဲ နေချင်တယ်ဆိုရင်လည်း ဒီအပေါ်မှာ အကျိုးရလဒ်တွေရှိတယ်လို့ ပြောပါရစေ။ 

ဒါတွေက ဘာတွေလဲဆိုတော.

စိတ်လက်ပေါ့ပါးစေတယ်

မိတ်ကပ်မလိမ်းဘဲနေတာက ကိုယ့်မျက်နှာပြင်လေး ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းရုံတင် မကဘူး စိတ်လည်းပေါ့ပါးစေတယ်။ စိတ်ထဲမှာ ငါမလှတော့ဘူးလားလို့ တွေးမိတာမျိုးရှိနိုင်ပေမယ့် မျက်နှာပြောင်လေးက တစ်မျိုးချစ်စရာ ကောင်းတာကိုလည်း လက်ခံမိလာမှာဖြစ်ပါတယ်။ ပိုနုပျိုတယ်လို့တောင် မှတ်ချက်ပေးခံရနိုင်ပါတယ်။ ဖြိုးပကိုဆိုရင် အလုပ်ကမမတွေက မိတ်ကပ်မလိမ်းတဲ့ နေ့တွေဆို ကလေးလေးလိုပဲ ပိုလဲနုတယ် ချစ်ဖို့လဲကောင်းတယ်တဲ့။ 

အသားအရေသန့်ပြီးပိုကောင်းလာမယ်

ဖြိုးပတို့က မိတ်ကပ်က ချေးတင်တာလုံးမ၀မရှိတဲ့အခါ Skin problem အသစ်တွေမလာတော့ဘူး။ ပြီးတော့ Makeup မသုံးဘဲ Skincare ကိုသေသေချာချာ သုံးမိလာတဲ့အတွက် အသားအရေက သဘာဝအတိုင်း ကြည်လင်လှပ လာနိုင်ပါတယ်။ သဘာဝအလှဆိုတာလေးကို ခံစားမိလာပါလိမ့်မယ်။

အိုမင်းရင့်ရော်မှုကို တားဆီးနိုင်မယ်

ဖြိုးပတို့ မိတ်ကပ်တွေက Chemical တွေနဲ့ ထိတွေမှုနဲတဲ့အခါ အသားရေကောင်းလာမှာတော့ အမှန်ပဲလေ။ တကယ်တော့ ဘယ်မိတ်ကပ်ပစ္စည်းတွေပဲဖြစ်ဖြစ် ဓာတုပစ္စည်းတွေပါတာချည်းပဲမို့ သနပ်ခါးပဲစွဲလိမ်းလာတဲ့ သူနဲ့ ယှဉ်ရင်တောင် ကြမ်းတမ်းရင့်ရော်တဲ့ အသားအရေရှိနေ တတ်ပါတယ်။ မိတ်ကပ်လိမ်းတာ လျှော့လိုက်တာနဲ့အမျှ အရေပြားက ချွေးပေါက်လေးတွေ အသက်ရှူခွင့်ပိုရလာပြီး ပိုကျန်းမာလာတာ တွေ့ရပါလိမ့်မယ်။

ချေးပိတ်တာ အဖုနဲ့ ဓာတ်မတည့်တာမျိုးတွေ မရှိတော့ဘူး

Full makeup လိမ်းလို့တစ်နေ့တစ်ခါမှ Deep Cleansing မလုပ်ရင် အဖုတွေဖြစ်တက်ပေမယ့် Cosmetic တွေနေ့တိုင်းမသုံးတဲ့အတွက် ကိုယ့်အရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး အဖုအပိမ့်ထွက်တာတွေ၊ နီရဲယားယံတာတွေကနေ ကင်းဝေးပါလိမ့်မယ်။ အလာဂျီဖြစ်လို့ Facial Clinic တွေမှာ ငွေကုန်ရတာမျိုး မရှိတော့ဘူးပေါ့နော်။ 

မိတ်ကပ်ကို နေ့စဉ်လိုလို စွဲစွဲမြဲမြဲ လိမ်းဖြစ်နေသူတွေ အနေနဲ့ သတိထားဖို့အတွက်ရော၊ မိတ်ကပ်မလိမ်းတတ်တဲ့ ညလေးတွေ အနေနဲ့ရော ဒီအကြောင်းအရာလေးတွေ သိထားတော့ ဖြိုးပတို့အသားရေလေးတွေတွက် ပိုကောင်းတာပေါ့နော်။ 

ချစ်တဲ့ #PhyopapaBlogs

Comments

Popular Posts