Beauty Cottage Rose Water Drop Essence 99% // Review


Hello … အားလုံးပဲ မင်္ဂလာပါရှင် ဖြိုးပကဒီပိုစ်လေးထဲမှာတော့ အားလုံးကို ကတိပေးထားတဲ့ အတိုင်း Product Review လေးတွေ တင်ပေဖို့ရောက်လာတာပါ။

ဒီတစ်ခေါက် Review လေးမှာတော့ ဒီနိုင်ငံနဲ့ရင်းနှီးပြီးသားလဲ ဖြစ်တဲ့ Thai Brand လေးတစ်မျိုးပါ။ သူကတော့ Beauty Cottage ပဲဖြစ်ပါတယ်.။ Manufactured by Beauty Community ဖြစ်ပြီး World Wide Market ရှိပြီး Beauty Plaza Online ပျေခ်နဲ့ Website ကနေရောင်းချနေတာပါ။ သူတို့ဆီက Beauty Buffet ကတော့ တို့ဆီမှာ ကိုယ်စားလှယ်ရှိနေပြီလေ။ ဖြိုးပဆီမှာ ဒီ Products တွေရောက်လို့သုံးနေတာ ၁ လကျော်ပြီပေါ့နော်။ 



Beauty Lovers တစ်ချို့တစ်လေကတော့ Beauty Cottage Brand ကိုသိပြီးသားဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အချို့ Online Shopping တွေမှာ သူတို့ရဲ့ Lipstick လေးတွေကို ရောင်းချနေတာတွေပါတယ်။ စိတ်ဝင်တစ်စားနဲ့ ၀ယ်တဲ့သူလဲ များတယ် အဲတော့ ဖြိုးပကလဲ သူတို့ရဲ့အခြားနာမည်ကြီး Products လေးတွေကို Review လေးပေးဖို့တင်ပေးလိုက်ပါတယ်။ Lipstick လေးကိုလဲ ဖြိုးပသုံးနေပါတယ်။


Beauty Cottage Water Drop Essence {Review}

#pinkrose #waterdrop #beautycottage #beautycottageclub

ဒီ နှင်းဆီပန်းကနေထုတ်ထားတဲ့ Water Essence လေးကတော့ Gel Type လေးနဲ့လာတာပါ. သူကအဓိက အသားရေ စိုပြေပြီး ပျော့ပျောင်းချောမွေ့ရေဓာတ်ပြည့်ဝဖို့ သုံးတဲ့ Product ပါ။ ဖြိုးပတို့ဆီက Rose Water လိုပဲလေ။ သူရဲ့ပိုကောင်းတာက Rose wster ထက်ကို အရည်ထက်ပြည့်ဝပြီး နှင်းဆီအဆီအနှစ်များတာပါ။ သူထဲမှာ “Rose Water 99%” ပါဝင်ပြီး Organic Product ဖြစ်ပါတယ်။

Packaging & Design // 
သူကတော့ ဗူးအကြီးကြီးနဲ့ လာတာပါ။ 240ml ရှိပါတယ်. ဖြိုးပတို့သုံးနေက သျှားစောင်းဗူးတွေထက်ကို ၂ ဆလောက်ပိုပါတယ်။ ဗူးလေးကတော့ ပန်းရောင်လေးဖြစ်ပြီး နှင်းဆီပန်းလေးတွေပေါ့နော်. ဗူးအဖွင့်အပိတ်လွယ်ပြီး လေလဲလုံပါတယ်။ Product Information နဲ့ ingredients ရော အသုံးပြုပုံလေးတွေပါ ရေးသားဖော်ပြထားပါတယ်။

Product Quality // 
သူရဲ့ကောင်းတာလေးကို အဓိကထားပြောချင်ပါတယ်။ ဖြိုးပတို့ကပုံမှန်ဆို Aloe Vera Gel တွေကိုပဲ သုံးလာတာဆိုတော့ ဒီလိုမျိုးလေးကို ပြောင်းသုံးချင်သူမိန်းကလးတွေအတွက် သေချာလေးပြောပြပေးမယ်နော်။ အသားရေရဲ့ Moisturizing နဲ့ Hydrating ကိုအဓိက အထောက်အကူပြုပါတယ်။ သူ့ထဲမှာ Pink Rose ရဲ့အဆီအနှစ် 99% ပါဝင်ပြီး ဖြိုးပတို့အရေပြားစိုပြေမှု၊ ပိုးမွှားတားဆီးမှု၊ အေးပြီးတော့ ယားယံတာတွေလဲ ပျောက်ကင်းစေပါတယ်။ နေလောင်ဒဏ်နဲ့ အဆီတွေကြောင့် အဖုတွေဖြစ်တာက အစကုစားနိုင်ပါတယ်။ Rose Water Essence က ချွေးပေါက်ကျဉ်းနိုင်စေသလိုပဲ သူလဲအတူတူပါပဲ။ အသားရေနဲ့အစိုဓာတ်ကို သေချာထိန်းပေးနိုင်လို့ အရေးအကြောင်းတွေနဲ့ အသားမာတက်တာတွေကို ကာကွယ်နိုင်တယ်။ အသားရေကိုလဲ သိသိသာသာ ဖြူစင်ကြည်လင်လာမှာပါ။




ဖြိုးပကတော့ သူကို lotion အနေနဲသုံးဖြစ်တယ်။ သူက လုံးဝ (လုံးဝ) စေးကပ်မှုမရှိဘူး။ အသားရေပေါ်တင်လိုက်တာနဲ့ အေးနေပြီး နေလို့ကောင်းတယ်။ တံတောင်ဆစ်နဲ့ ဒူးတွေမှာလိမ်းရင် သိသိသာသာ Soft ဖြစ်လာပါတယ်။ ဖြိုးပက တစ်ခါ Skin Allergic ဖြစ်လို့ ဒါလေးကို ၂ ရက်ဆက်တိုက် lotion အစားလိမ်းတာ သိသိသာသာနဲ့ ယားယံတာတွေလဲ ပျောက်တယ်။ နေလို့လဲကောင်းတယ်။ နှင်းဆီနံ့လေး သင်းနေတာကြောင့် ညဖက်လိမ်းတဲ့အခါတိုင်း အေးအေးချမ်းချမ်း အိပ်ပျော်စေတယ်။

ဖြိုးပနောက်ပိုင်းကျတော့ အရမ်းပျင်းတဲ့ နေ့တွေမှာဆို မျက်နှာအတွက် Skincare မလုပ်နိုင်ရင်တော့ moisturizer အနေနဲ့ရော Makeup Primer အနေနဲ့ရောလိမ်းဖြစ်ပါတယ်။ အရမ်းပြစ်တဲ့ Bella Foundation နဲ့ရောလိမ်းပြီး ခပ်စိုစိုမိတ်ကပ်လေးဖြစ်စေပါတယ်။

Good Point about Beauty Cottage Pink Rose Essence 

  1. အနံ့လေးအရမ်းကောင်းတယ်
  2. Watery ဖြစ်ပြီး 99% Rose Water
  3. အများကြီးပါတယ်
  4. Moisturize ဖြစ်တယ်
  5. ယားယံတာကအစ ပျောက်စေပြီး 
  6. အသားဖြူစေတယ်


ဈေးနှုန်းကတော့ Thai Baht ဆို 295 ဖြစ်ပြီး မြန်မာငွေနဲ့ ၁၂၀၀၀ ကျော်ပဲလေ. အရမ်းတန်ပြီး ထူးခြားတဲ့ Quality Product လေးမို့ ညွှန်းပေးလိုက်ပါတယ်. မှာမယ်ဆို Buy Here လေးမှာဝင်မှာလို့ရပြီး သူတို့က  မြန်မာနိုင်ငံထိ DHL နဲ့ပို့ပေးပါလေ့မယ်။
ချစ်တို့အတွက် ဖြိုးပလက်တလော သုံးဖြစ်နေတဲ့ Products လေးတွေကို Review ပေးပြီးပြီနော်။ သိချင်တာလေးတွေ မေးလို့ရတယ်နော်။

ချစ်တဲ့ #PhyopapaBlogs

Comments

Popular Posts