Beauty Cottage Radiant Face Primer // Review


Hello … အားလုံးပဲ မင်္ဂလာပါရှင် ဖြိုးပကဒီပိုစ်လေးထဲမှာတော့ အားလုံးကို ကတိပေးထားတဲ့ အတိုင်း Product Review လေးတွေ တင်ပေဖို့ရောက်လာတာပါ။



ဒီတစ်ခေါက် Review လေးမှာတော့ ဒီနိုင်ငံနဲ့ရင်းနှီးပြီးသားလဲ ဖြစ်တဲ့ Thai Brand လေးတစ်မျိုးပါ။ သူကတော့ Beauty Cottage ပဲဖြစ်ပါတယ်.။ Manufactured by Beauty Community ဖြစ်ပြီး World Wide Market ရှိပြီး Beauty Plaza Online ပျေခ်နဲ့ Website ကနေရောင်းချနေတာပါ။ သူတို့ဆီက Beauty Buffet ကတော့ တို့ဆီမှာ ကိုယ်စားလှယ်ရှိနေပြီလေ။ ဖြိုးပဆီမှာ ဒီ Products တွေရောက်လို့သုံးနေတာ ၁ လကျော်ပြီပေါ့နော်။ >> Review Time <<

Beauty Lovers တစ်ချို့တစ်လေကတော့ Beauty Cottage Brand ကိုသိပြီးသားဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အချို့ online Shopping တွေမှာ သူတို့ရဲ့ Lipstick လေးတွေကို ရောင်းချနေတာတွေပါတယ်။ စိတ်ဝင်တစ်စားနဲ့ ၀ယ်တဲ့သူလဲ များတယ် အဲတော့ ဖြိုးပကလဲ သူတို့ရဲ့အခြားနာမည်ကြီး Products လေးတွေကို Review လေးပေးဖို့တင်ပေးလိုက်ပါတယ်။ Lipstick လေးကိုလဲ ဖြိုးပသုံးနေပါတယ်။ Lipstick ကိုတော့ နောက်မှတင်ပေးမယ်နော်။

Beauty Cottage Radiant Face Primer {Review}

ဒီ Product လေးကတော့ perfect makeup ရအောင်လုပ်နိုင်တဲ့ primer ပါ။ Radiant Face Primer လေးပါ။ သူကိုတော့ နာမည်လှလှလေးပေးထားပါတယ်။ {Sweet Lolita} တဲ့လေ။ Lolita ဇာတ်ကားကြည့်ဖူးတဲ့သူဆို နားလည်မှာပါ။ Lolita ဆိုတာ ငယ်ရွယ်သွက်လက်လန်းဆန်းနေတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ နာမည်လေ။
အိုခေ ဖြိုးပ Review လေးပေးပါမယ်။

Packaging & Design //
ထုတ်ပိုးမှုပုံစံလေးကတော့ အရမ်းချစ်ဖို့ကောင်းတယ် Vintage Design လေးဆိုတော့ Retro နဲ့ ရှေးဟောင်းဒီဇိုင်းလေးတွေ နှစ်သက်သူတိုင်းဝယ်ချင်စရာလေးပါ။ ဗူးခွံက စက္ကူထူလေးနဲ့ကို ပန်းရောင်အစင်းလေးတွေအပြင် Laces, Pink Bows, Perfume, Flowers and Butterfly ပုံလေးတွေနဲ့ အရမ်းလှပါတယ်။ ဖြိုးပကတော့ ဗူးခွံတွေကိုတောင် သိမ်းတဲ့သူဆိုတော့ ဒါလေးကိုလဲ သိမ်းထားဖြစ်မှာပါ။ အထဲက Product ဗူးလေးကလဲ ထောင်ထားလို့ရပြီးတော့ ဗူးခွံလေးကလဲ ဖွင့်ပိတ်လို့လဲလွယ်သလို Product တွေလဲ လုံလုံခြုံခြုံရှိပါတယ်။ ဗူးခွံရော Tube ဗူးလေးပေါ်မှာ Product Information & Ingredient တွေပါပါတယ်။ သူတို့ရဲ့ Cruelty Free Logo နဲ့ Natural Product ဖြစ်ကြောင်း Registered Logo တွေလဲပါပါတယ်။ အတုတွေထွက်နိုင်တယ်ဆိုတော့ ဒါလေးတွေကို စစ်ပြီးဝယ်လို့ရပါတယ်။

Product Quality // 
အဓိကဖြစ်တဲ့ Product Quality လေးကို ပြောပြပါမယ်. သူက အထဲက Cream ပြစ်ပြစ်အဖြူလေးတွေပါ။ သူက Catrice က Primer & Fine ထဲက Cream မျိုးလေးပါ။ အရမ်းကောင်းတာက အနံ့သက်ထည့်မထားဘူး Vitamin E နဲ့ Gardenia ပန်း {ဇီဇ၀ါပန်း} တွေရဲ့အဆီအနှစ်တွေအဓိကပါဝင်ပါတယ်။ သူကအဓိကတော့ အသားရေပေါ်က အနာအစာတွေ၊ ချွေးပေါက်ကျယ်တွေကို ဖြည့်ပေးပြီး Blurring လုပ်ပေးပါတယ်။ အဆီလဲထိန်းနိုင်ပြီး အသားရေကို Smooth ဖြစ်စေလို့ Foundation လိမ်းရင်နဲ့ 2 Ways Powder တွေသုံးရင် ဆွဲရအဆင်ပြေပါတယ်။ Vitamin E ပါတာကြောင့်လဲ နဂိုထက်အသားကို ပိုဖြူစေတယ်။ ဖြိုးပသုံးတဲ့ ပုံစံလေးလဲ ပြောပြချင်ပါတယ်။

How I use //
ဖြိုးပကတော့ သူ့ရဲ့အဆီထိန်းနိုင်စွမ်းနဲ့ ချွေးပေါက်ကျဉ်းနိုင်စွမ်းကို အရမ်းကြိုက်တော့ မျက်နှာရဲ့ T zone နေရာမှာပဲအဓိက သုံးဖြစ်တယ်။ တစ်ပြင်လုံးလိမ်းနေစရာတောင် မလိုပါဘူး။ ဖြိုးပကတော့ ဒီ Product လေးကို Favorite Primer List ထဲကိုထည့်လိုက်ပါပြီ။ 


Good Points of Beauty Cottage Primer 

  1. အနံ့မရှိဘူး
  2. အဆီထိန်းတယ်
  3. ချွေးပေါက်ကျဉ်းစေတယ်
  4. မိတ်ကပ်ကြာကြာခံတယ်
  5. အသားကိုပိုဖြူစေတယ်။


Price ကတော့ ထိုင်းဘတ်ငွေနဲ့ဆို Website မှာ Baht 295 ဖြစ်ပြီး မြန်မာငွေဆို ၁၂၀၀၀ ကျပ်ကျော်ကျမှာပါ. ဒီတော့ ဈေးကလဲတန်ပြီး 30ml ဆိုတော့ သုံးပျော်ပါတယ်။ ဒီလင့်မှာ ၀ယ်လို့ရတယ်။
ချစ်တို့အတွက် ဖြိုးပလက်တလော သုံးဖြစ်နေတဲ့ Products လေးတွေကို Review ပေးပြီးပြီနော်။ သိချင်တာလေးတွေ မေးလို့ရတယ်နော်။

ချစ်တဲ့ #PhyopapaBlogs

Comments

Popular Posts