Timeless Beauty Tips


Hello … အားလုံးပဲ မင်္ဂလာပါ. လက်တလော ဖြိုးပ Bloglovin လေးဖတ်ရင်း Article လေးတစ်ခုတွေ့လို့ အားလုံးအတွက် အရမ်းကို အသုံးဝင်တဲ့ Skincare & Makeup Tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဆက်ဖတ်ပေးသွားနော် .. #PhyopapBlogs

·         မိတ်ကပ်လိမ်းချယ်တဲ့အခါ အဆင်ပြေချောမွေ့တဲ့ အသားရေနဲ့ လိမ်းချယ်ရလွယ်ကူအောင် မျက်နှာမှာ Moisturizer တစ်မျိုးမျိုးကို အမြဲလိမ်းပေးပါ။
·         အရမ်းပူတဲ့ ရာသီဆိုရင် Foundation ထူထူမလိမ်းသင့်ပါဘူး။ ခပ်ပါးပါးနဲ့ အနာအစာဖုံးပေးနိုင်တဲ့ BB Cream သို့ Concealer လေးတွေကိုပဲ လိုအပ်တဲ့နေရာမှာ လိမ်းပေးပါ။
·         BB cream သို့ Tinted Moisturizer မရှိရင်တောင် အိမ်မှာတင် ကိုယ့်မှာရှိတဲ့ Foundation နဲ့ moisturizer cream ကိုရောပြီးလိမ်းလို့ရပါတယ်။
·         မိတ်ကပ် Brush နဲ့ Sponge တွေကို တစ်ပတ်တစ်ခါ ဆေးပါ. သို့မဟုတ်ရင် ၀က်ခြံနဲ့ အရေပြားရောဂါဖြစ်စေပါတယ်။
·         Sponge မိတ်ကပ်လိမ်းတဲ့ Beauty Blender တို့ကို မသုံးခင် စိုထိုင်းထိုင်းလေး ဖြစ်အောင် ရေစွတ်ထားရင် Foundation နဲ့ concealer ဖြန့်တဲ့အခါ အရမ်းကောင်းပါတယ်။
·         ၀က်ခြံဖုထွက်ချင်သလို ဖြစ်လာရင် သွားတိုက်ဆေး သို့ ပျားရည်ကို အဖုမထွက်ခင် ကြိုပြီးလိမ်းပေးပါ. ခနခနလိမ်းပေးပါ။ မြန်မြန်ပြန်ပြီး ပါးသွားပါလေ့မယ်။
·         ပါးနီလိမ်းချယ်တဲ့အခါတိုင်း နှာခေါင်းကနေ လက်နှစ်ချောင်းခွာပြီး ချယ်သပေးပါ။
·         Bronzer သို့မဟုတ် Foundation အညိုရောင်ကိုယူပြီး မေးရိုးတစ်လျှောက်လိမ်းချယ်ပြီး     မျက်နှာသွယ်အောင် Contouring လုပ်လို့ရပါတယ်။
·         Nude Color Pencil Liner သို့ အသားရောင် အဖြူရောင် pencil liner လေးတွေကို အောက်   မျက်ခမ်းမှာ ချယ်ပေးရင် မျက်လုံးကို ပေါ်စေပြီး ပိုပြီးဝိုင်းစက်ကျယ်ဝန်းသယောင် ဖြစ်စေပါတယ်။
·         မျက်ခုံးမွှေး ထူပြီး မညီသူနဲ့ ရှုတ်နေတက်  သူတွေက Mascara အကြည်ရောင်လေးတွေကို မျက်ခုံးပေါ် ဖီးပြီးပုံသွင်းပေးပါ။
·         ဆံသားထိန်းသိမ်းမယ်ဆိုရင် နေ့တိုင်းသန့်အောင် လျှော်နေတာထက် ၃ ၄ ရက်မှ တစ်ခါလျှော်ပေးပါ။ ပိုပြီးသန်စွမ်းစေပါတယ်။
·         နှုတ်ခမ်းနီဆိုးတိုင်း ဖူးဖူးလေးနဲ့ နှုတ်ခမ်းလေးပိုင်ဆိုင်ချင်ရင် Shimmer ပါတဲ့ lip Gloss သို့ shimmer ပါတဲ့ eye shadow powder လေးကို နှုတ်ခမ်းအလယ်မှာ ဆိုးပေးပါ။ #PhyopapaBlogs
·         Eye Shadow Primer မရှိလို့ စိတ်မညစ်ပါနဲ့ Foundation သို့ concealer ကို အစားထိုးလို့ရပါတယ်။
·         နှုတ်ခမ်းကို အရမ်းခြောက်တဲ့အချိန် Matte Lipstick မဆိုးပါနဲ့ .. Lip exfoliate လုပ်ပေးပါ ။
·         ချွေးပေါက်တွေသန့်စင်ပြီး ကျဉ်းစေဖို့နဲ့ အဆီပိုတွေသန့်အောင် Toner ကို မျက်နှာ    သစ်ပြီးတိုင်း ပြန်သုံးပေးပါ။
·         အကယ်လို့ မျက်ခွံကအရမ်းအဆီပြန်ပြီး eye shadow မခံဘူးဆိုရင် Eye shadow primer မဆိုးခင် အောက်ကနေ အဆီစုတ်စက္ကူသို့ ပေါင်ဒါကို အရင်ပါးပါးလေး လုပ်ပေးပါ ပြီးမှ Primer ချယ်ပါ။
·         ခေါင်းလျှော်တဲ့အခါတိုင်းသတိထားရမှာက Shampoo ဆိုတာကိုသုံးတဲ့ အခါ ဦးရေပြားကို အဓိကသုံးလျှော်ရမှာ ဖြစ်ပြီး Conditioner ကတော့ ဆံသားရဲ့ အဖျားပိုင်းအတွက်ပဲ ဖြစ်ပါတယ်. မှားလုပ်ရင် ထိရောက်မှု မရှိသလို ဗောက်ထစေပါတယ်။
·         တစ်ပတ်တစ်ခါ Clarifying Shampoo ကိုသုံးပေးသင့်ပါတယ်။ ပုံမှန်ခေါင်းလျှော်ရည်တွေက   ဖုန်နဲ့ချေးတွေကို ထိရောက်အောင် မဖယ်နိုင်ပါဘူး။
·         Skincare အသစ်တခုခု စမ်းသုံးရင် ပူစပ်ပူလောင် ဖြစ်တာ Allergic ဖြစ်တာတွေဖြစ်ရင် အ၀တ်စကို နွားနို့နဲနဲစွတ်ပြီး မျက်နှာကို အုပ်ထားပါ. သက်သာစေပါတယ်။

LIKE & SHARE for Part II #PhyopapaBlogs 

Comments

Popular Posts