Read this if you are no longer getting taller


အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ ခံစားချက်နဲ့အတွေးများ 

            ရှိုးက ပိစိပုပုသေးသေးလေး ဆိုတော့ ဒီလိုအခက်အခဲလေးတွေနဲ့မလွတ်ပါဘူး။ အခုလို Models ခေတ် လောရှည်တို့ခေတ်မှာ ပုတုလေးဖြစ်ရတာ ဂွမ်းသလိုလိုနဲ့လန်းနေသေးတယ်လို့။
ဒါပေမဲ့လဲ ကိုယ်က ဒီလို သေးသေးလေးကိုပဲ ကိုယ့်ဘာသာကိုလဲ သဘောကျတယ် သူများတွေကလဲ ချစ်နေရတာ 😁😁

  1. အသက်ကို ပြောလိုက်ပြီဆိုရင် အမြဲတမ်း အကြည့်ခံရတဲ့ သူပါ။
  2. လူတိုင်းကို ကိုယ်အပေါ်ကနေ အမြဲတမ်း မှီမှီပြီးတော့ နေချင်တာကို ခံရပါတယ်( သူတို့လက်တင်စရာ ကြနေတာပဲ)
  3. ကိုယ်တွေရဲ့ လက်ဆွဲဆောင်ပုဒ် " Cute type "
  4. တစ်ခါတစ်လေ ကလေးတွေက ကိုယ့်ထက် အရပ်မြင့်တယ်။ အဲ့တော့ ကိုယ်လဲ ကလေးလုပ်ပလိုက်တယ်။
  5. ကိုယ့်ကို ကလေးတစ်ယောက်လို့ အမြဲအထင်ခံရတယ်။
  6. အကျီ င်္ဆို ကလေးဆိုဒ်ဝတ်တာလားလို့ အမေးခံရတယ်။
  7. တစ်ခုခုဆို လက်လှမ်းမမှီဘူး။ ဒီတော့ ကွီးတို့ကို အားကိုးရတာပေါ့။ လှမ်းယူနေရင် ကူညီရမလားလို့ အမြဲအမေးခံရတယ်။
  8. ဝိတ်တတ်လာတာက အိမ်မက်ဆိုးပဲ( ဝပုလေး ဖြစ်နေမှာ)
  9. ကိုယ့်ရဲ့  ပစ္စည်းတွေက သူများတွေနဲ့ မှားစရာ မလိုဘူး (သေးနေတာလေ)
  10. လူတွေက ကိုယ့်ကို ဒောက်ဖိနပ် မစီးဘူးလား ဘာလို့လဲလို့  ခဏခဏမေးတယ်(ခြေထောက်ညောင်းလို့)
  11. ကိုယ်တွေက ခြေထောက်သာ တိုတာ လမ်းလျှောက်ရင် မြန်သလားမမေးနဲ့။
  12. အရပ်ပုတဲ့ ကောင်လေးတွေနဲ့ date ရမယ်ဆို no feeling ပဲ( ကိုယ်သာပုတာ အရပ်ရှည်တဲ့ ကောင်လေးတွေပဲ ကြိုက်တယ်)
  13. အရပ်ရှည်တဲ့ လူအုပ်ကြားရောက်နေရင် ရင်ထဲမှာ တမျိုးကြီး ( ကိုယ်က popular ဖြစ်နေတာလေ)
  14. Popular ဖြစ်တဲ့ Clothing  & Fashion တွေနဲ့ဘာနဲ့မှကို မတော်တာ ။
  15. တခါတလေ ကိုယ်ကို ဘယ်သူမှ သတိမထားမိကြဘူး (sad but true)
  16. ကားမောင်ရင် ဘယ်လို မောင်းလဲ အမြဲအမေးခံရမှာ ( ခေါင်းအုန်း ခုမောင်းတယ်)
  17. ရေကူးကန်တိုင်းလိုလိုမှာ ကိုယ်က မြုပ်နေတာ ( ကလေးကန်ဆိုရင်တော့ မဆိုးရှာသာ)
  18. Show ပွဲတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံတွေ အမြဲရတယ်။
  19. လူများရင် ကိုယ်တွေ auto ပျောက်ပြီးသာ
  20. သူငယ်ချင်းတွေနဲ့ bar လေးသွားပါတယ်... အသက်အမေးခံနေရတာ တစ်နာရီလောက် 😒
  21. ကိုယ်တွေက ဒီအသက်အရွယ်လေးမှာပဲ နေခြင်းတာ အသက်မကြီးချင်ဘူးရယ်...
  22. သူငယ်ချင်း အုပ်စုလိုက်ဆို ကိုယ့်အသံအကျယ်ဆုံးပဲ... လူကောင်းသေးတာကိုနော့... နောက်မို့ဆို မေ့နေမှာဆိုလို့😁
  23. အမြဲတမ်း အံသြတယ်... ကိုယ်သာ အရပ်ရှည်ရင် ကမာကြီးကို ဘယ်လို မြင်ရမလဲလို့လေ 😂😂 ( ကိုယ်တွေက မော့ကြည့်ရတာ)
Ø  ဒါပေမဲ့ အားငယ်ပါဘူး... ကိုယ်တွေက ပုပေမဲ့ နုတယ်... ရင်ခွင်မှီလေးတွေ cute cute လေးတွေလေ...  လူတိုင်းကလဲ သတိထားမိတယ်... ဘာပဲပြောပြော ဂုဏ်ယူတယ်...

ဟုတ်တယ်ဆိုရင် share သွား ... “ကိုယ်တို့သည် cute လေးများသာ 😘😘”

#Phyoandshio #Phyopapablogs 

Comments

Popular Posts