Micellar Water for Ladies with Pimple Out There


Hello …. အားလုံးပဲ မင်္ဂလာပါရှင် ..
ဖြိုးပဒီတစ်ခေါက်ပိုစ်လေးမှာတော့ လက်တလော ဖြိုးပမိတ်ကပ်လိမ်းတဲ့နေ့တိုင်းအတွက် မရှိမဖြစ် Essential လေးတစ်ခုကို Review လေးပေးပါမယ်။ Review အသစ်လဲမတင်တာ ကြာတော့ အားလုံးစိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်ရှင် ။

ဖြိုးပရဲ့ New Essentials လေးကတော့ Loveisderma ဆိုတဲ့ Brand လေးပဲဖြစ်ပြီး ဒီထက်အတိအကျ ပြောရမယ်ဆိုရင်တော့ ဖြင့် Loveisdarma ရဲ့ Anti-acne H2O Solution Micellaire Water လေးပဲဖြစ်ပါတယ်။

ဖြိုးပက မိတ်ကပ်စလိမ်းတဲ့ အချိန်တဲက Makeup Remover ဆိုရင် တက်နိုင်ရင် Cleansing Water တွေပဲ သုံးဖြစ်ပါတယ်။ အဓိကကတော့ Oily Skin ဖြစ်တာကြောင့်ပါ။ တစ်ခါတစ်လေကျရင်တော့ Cleansing Cream နဲ့ Gel တွေသုံးဖြစ်ပေမယ့် နောက်ဆုံးကျတော့လဲ Cleansing Water ကိုပဲပြန်ရောက်တာပဲလေ ။
Make up Cleansing Water/ Micellaire Water တွေကို လူတိုင်းလိုလိုကြိုက်ကြတယ်။ ဘာလို့လဲဆိုတော့ သူကသုံးရလွယ်တယ်။ အမှန်အကန် မိတ်ကပ်တွေကို ဖျက်နိုင်ပြီး အသားရေအတွက်လဲ ကောင်းတယ်လေ။

ဒီတစ်ခေါက် ဖြိုးပအားလုံးကို ပြန်ပြောပြပေးမယ့် Micellaire Water လေးကတော့ ပိုထူးခြားပါတယ်။ သူက ၀က်ခြံထွက်တက်သူလေးတွေ အတွက် အဓိကထုတ်ပေးထားတဲ့ Anti-acne Solution ပဲဖြစ်ပါတယ်။ ဖြိုးပလဲ ဒီအချက်လေးကြောင့် သုံးချင်စိတ်ဖြစ်ပြီး ဖြိုးပသူငယ်ချင်းတစ်ယောက်က အဲ့အကြောင်းပြောတော့ ဗူးသေးလေးကို အရင်ရအောင်ယူပြီး စသုံးခဲ့တာပါ။ (ဖြစ်နိုင်ရင် ဘယ် Product ၀ယ်ဝယ် ဗူးသေးကိုသာ အရင်ရွေးပါ၊ ကိုယ်နဲ့တည့်မှ ဗူးကြီးဝယ်ပါ)

မြန်မာနိုင်ငံမှာဆိုရင်တော့ Loveisdarma Brand ကို www.kc.com.mm မှာဝယ်ယူလို့ရပါတယ်။ ဖြိုးပကိုလဲ Taiwan ကသူငယ်ချင်းက သယ်လာပေးတာပါ။ ဒီမှာလဲ မှာလို့ရတယ်ဆိုတော့ မှအားလုံးကို ပြန်ပြောပြပေးတာပါ။

OK … အရင်ဆုံးဖြိုး Loveisdarmar မှာရှိတဲ့ Micellaire Water လေးတွေကို အရင်ပြောပြပါမယ်။
သူတို့ဆီမှာက ၃ မျိုးလာပါတယ်။ ပုံမှန်ဖြိုးပတို့ သိတဲ့ Micellaire Water ရိုးရိုးပဲဟာရှိပါတယ်။ အာ့ကိုတော့ ပန်းရောင်ဗူးလေးနဲ့ လုပ်ထားပြီး "Maricle H2O Micellaire Water" လိုနာမည်ပေးထားပါတယ်။ နောက် ၂ မျိုးမှာတော့ တစ်ခုက ချွေးပေါက်သန့်စေတဲ့ အသားရေအတွက်ပဲဖြစ်ပြီး ဖြိုးပသုံးတဲ့ အမျိုးအစားကတော့ ၀က်ခြံသမားတွေပေါ့နော်.
  • Loveisdarmer Miracle H2O Micellaire Water (for all skin type)
  • Loveisdarmer Pore-Clean H2O Micellaire Water (Combination & Oily Skin)
  • Loveisdarmer Anti-Acne H2O Micellaire Water (for Acne Prone skin) တို့ပဲဖြစ်ပါတယ်. 



Buy here 

သူတို့ရဲ့ Ingredientsလေးတွေကိုလဲ တစ်ချက်ပြောပြချင်ပါတယ်။

Main Ingredients တွေကတော့ အတူတူပဲဖြစ်ပြီးတော့ - Water (Swiss Alpine Spring Water)/Aqua, Glycerin, Cornflower (Centaurea Cyanus) Flower Water, Algae Extract, Bristle Oat (Avena Strigosa) Seed Extract, Orris (Irisfl, Orentina) Root Extract, Sodium Chloride တို့ပဲဖြစ်ပါတယ်။
ဖြိုးပသုံးတဲ့ဟာလေးကိုပဲ အဓိက Review ပေးသွားချင်ပါတယ်။

Packaging // ကတော့ ပုံမှန်ကော်အကြည်လေးပဲဖြစ်ပြီး ဗူးလေးကထောင်ထားလို့ ငြိမ်တယ် Packaging ကလဲ ဖွင့်ပိတ်ရလွယ်ကူပါတယ်။ ဗူးကို ထွေထွေထူးထူးပြောစရာတော့ မလိုဘူးဆိုတော့လေ Product Quality ကိုပဲ အဓိကထားပြောပါမယ်။


Quality // ကတော့ ပုံမှန် Micellar Water တွေလိုပဲ မိတ်ကပ်နဲ့ အသားရေပေါ်က အညစ်အကြေးနဲ့ချေးတွေကို ဖယ်ရှားနိုင်ပါတယ်။ basic အချက်ကတော့ ထွေထွေထူးထူးရှင်းပြမနေပဲ ဒီ Loveisdarma လေးရဲ့ အခြား Products နဲ့မတူပဲ ထူးခြားတာလေးကိုပဲ ပြောပြချင်ပါတယ်။


သူက အသားရေအတွက် အဆင့် ၅ ဆင့်နဲ သန့်စင်ပေးပါတယ်။ ဖြိုးပအသုံးပြုပုံလေးပါ ပြထားပေးပါ့မယ်။ ပုံထဲမှာ အဆင့်ဆင့်သုံးနည်းကို လေ့လာနိုင်သလို့ ဖြိုးပလဲ တစ်ချက်ပြောပြပေးပါမယ်။

ဒီ Micellar Water လေးအနေနဲ့ မျက်နှာပေါ်က အညစ်အကြေးနဲ့ ချေးတွေအဆီတွေဖုန်တွေကို ဖြိုးပတို့ဖျက်ဖို့အတွက် Makeup remover /Cleansing water အနေနဲ့ cotton pad လေးနဲ့အရင်ဆုံး သုံးပေးလို့ရပါတယ်။ သူ့ရဲ့အစွမ်းကတော့ အဆီပြန်သူတွေနဲ့ ဝက်ခြံသမားတွေအတွက် ဘာလို့ပိုကောင်းလဲဆိုတော့ pores ချွေးပေါက်တွေအတွင်းကို သေချာသန့်စင်ပေးပါတယ်။

အပိုမပြောပါဘူး ဖြိုးပ Cotton pad ကို အသားပေါ်ကို ဖြည်းဖြည်းလေးတင်ပြီး သန့်စင်ပြီးတာနဲ့ ချွေးပေါက်ကျယ်တွေကို သေချာမြင်ရပါတယ်။ ချေးလေးနဲနဲလေးတောင် မကျန်ခဲ့ပါဘူး ။ ဖြိုးပက သေချာပြောင်စင်အောင် ၂ ထပ်ဖျက်ပါတယ်။ သူက ဝက်ခြံထွက်စေတဲ့ အသားရေအတွက် ပိုကောင်းပါတယ်။ အားလုံးလဲ သတဲ့အတိုင်း ဖြိုးပက နေ့တိုင်း မိတ်ကပ်လိမ်းမိပြီဆိုတာနဲ့ အဆီဖုထွက်ပြီး ဝက်ခြံတွေလဲထွက်တက်တယ်။

ဒီ Loveisadarma Micellar Water လေးကို သုံးစွဲကထဲက အခုထိ မိတ်ကပ်ထူတွေ နေ့စဉ်ရက်ဆက် သုံးနေပေမယ့် Bella တွေအများကြီး လိမ်းနေပေမယ့် အခုထိ ဝက်ခြံထွက်မလာတာကို ကြည့်ပါလား။

ဒါလေးကို အရမ်းကြိုက်တယ်။ ဈေးလေးလဲ အရမ်းတန်တာကြောင့် ချစ်တို့ကို Review လေးလာပေးတာပါ။ ဒီ Loveisdarma Micellar Water လေးက -


1. MAKEUP REMOVE လုပ်ပေးတယ်။
2. PROTECT ACNE ဝက်ခြံတွေဖြစ်တာတွေကနေ အဆီခဲတွေဖြစ်တာကနေ ကာကွယ်ပေးပါတယ်။
3. မိတ်ကပ်တင်မက အသားရေပေါ်က ချေးတွေရော Makeup Tool တွေပေါ်ကချေးတွေရော သေချာဖယ်ရှားနိုင်တဲ့ Cleansing Water လဲဖြစ်ပါတယ်။
4. H2O Solution ဆိုတဲ့အတိုင်း အသားရေရဲ့ PHLevel ကို ညှိပေးနိုင်ပြီး Toner လိုမျိုး effect လဲရှိပါတယ်။
5. ပုံမှန် Micellar Water တွေလို သုံးပြီးတာနဲ့ အသားရေကို ကွဲအက်ယားယံတာ မဖြစ်စေပဲ Moisture ကို သေချာထိန်းပေးနိုင်ပါတယ်။



ဒီအချက်လေးတွေကြောင့် ဖြိုးပသုံးဖြစ်နေတာ အခုဆ်ု ဗူးတစ်ဝက်ပြောင်ပြီလေ။ အကုန်မကုန်ခင် လာပြပေးတာပါ။
နောက်ပိုင်း Micellar Water ဝယ်မယ်ဆိုရင်တောင် ဒီအချက် ၅ ချက်နဲ့ညီတဲ့ Products ကိုပဲ ရှာဝယ်ရမယ်လေ။


Weak point - ဖြိုးပဒီ Micellar Water လေးကို မျက်လုံးတစ်ဝိုက်မသုံးပါဘူး။ သူ့ထဲမှာ ဝက်ခြံကာကွယ်ဖယ်ရှားတဲ့ effect တစ်ခုပါပြီ သူကမျက်လုံးထဲဝင်ရင် ကမ္ဘာပျက်လောက်အောင် စပ်တာလေးကို ဘယ်လိုမှသဘောမကျတာပါ။ ဒါပေမယ့် ကျန်တဲ့မျက်နှာအစိတ်အပိုင်းနဲ့ အသားရေတိုင်းအတွက် အဆင်ပြေပါတယ်
ဒီတော့ လက်တလော Makeup Remover Micellar Water လေးရှာနေသူ စစ်လေးတို့အတွက် ဖြိုးပအခုပြောပြသွားတာလေးတွေက အရမ်းကို အဆင်ပြေမယ် အကူညီရမယ်လို့ မျှော်လင့်ပါတယ်။



ဝယ်ချင်တယ်ဆိုရင် ဒီ Link လေးမှာနော် .. ဗူးကြီးက​တော့ ၁၇၀၀၀ ကျပ်​ပါ။
http://www.kc.com.mm/index.php?route=product/product&path=59_62&product_id=236



Thank you so much for reading -

Comments

Popular Posts