July Makeup Bag Essentials Reveal


Hello … အားလုံးပဲ မင်္ဂလာပါရှင်

ဖြိုးပဒီပိုစ်လေးထဲမှာ ဖြိုးပရဲ့ Daily Makeup Office Makeup လိမ်းတဲ့အခါ လိုအပ်တဲ့ Essential လေးတွေကို ပြောပြရင်း ဖြိုးပရဲ့ Daily Makeup Bag လေးထဲမှာ ဘာတွေရှိတက်လဲဆိုတာ ပြောပြပေးပါမယ်။
ဖြိုးပက မနက်​ဆိုရင်​လဲ အလုပ်​​နောက်​ကျတာမျိုး အမြဲဖြစ်​​နေကြ၊ အာ့လိုအမြဲ​နောက်​ကျလို့ မလိမ်းဖြစ်​ဘူးဆိုရင်​လဲ ဖြိုးပရဲ့ လုပ်​ငန်ခွင်​ထဲ ​နေ့တိုင်း စတိုင်​ပဲ့​​နေလို့ မဖြစ်​သင့်​ဘူးလို့ ထင်​ပါတယ်​​။ ဒါ​ကြောင့်​ အချိန်​တိုအတွင်းလဲ Full makeup တစ်​​နေကုန်​ခံ​အောင်​ လိမ်းနိုင်​ဖို့ရယ်​.

ဖြိုးပလုပ်လေ့ရှိတဲ့ အလေ့အကျင့်တစ်ခုရှိပါတယ်။ ဖြိုးပရဲ့ အရမ်းကို ရှုပ်​​ထွေး​ပွေလီ​နေတဲ့ makeup ​တွေကိုလဲ ဘာလိမ်းရမလဲ တစ်​ချိန်​လုံး စဉ်းစား​နေရင်​လဲ အချိန်​ပိုကြာတာ​တွေ​ကြောင့်​ ဖြိုးပက တစ်​ချိန်​လုံး မှန်​တင်​ခုံနားမှာ ထိုင်​ပြီးပြင်​​နေမှ မဟုတ်​ပဲ Makeup bag ​လေးကို သီးသန့်​ထားပြီး ​လက်​တ​လော သ​ဘောကျတဲ့ products ​လေး​တွေ သို့ အသစ်​ဝယ်​ထားတာ သို့ Brands ​တွေ Company ​တွေ လက်​​ဆောင်​ပို့ထားပြီး ဖြိုးပအားလုံးကို review ​ပေးစရာရှိတာ​တွေကို သုံးဖြစ်​ပါတယ်​။
👝👝👝👝
ဒါ​ကြောင့်​ ဖြိုးပဒီတစ်​​လအတွင်း ​နေတိုင်းသုံးဖြစ်​တဲ့ Products ​လေး​တွေကို အိတ်​ထဲက​နေ ဖွင့်​ချပြ​​ပေးလိုက်​ပါတယ်​။

ဖြိုးပရဲ့ အိတ်​​လေးက​တော့ Lacvert Essance Brand က ​ပေးတဲ့ Makeup Bag ​လေးပါ။ အိတ်​ကအရမ်းကြီးတယ်​ နှစ်​ထပ်​လဲပါ​တော့ Products ​တွေအတွက်​ အဆင်​​ပြေတယ်​. ကွဲနဲ့ စိုထိုင်းပီး မှိုတက်​တာမျိုး မရှိပါဘူး။အထဲမှာ​တော့ လက်​​တ​လော July တစ်​လ လုံးသုံးဖြစ်​​နေတာ​လေး​တွေ​ပေါ့​နော်​။ Products 10 မျိုး​ပေါ့​နော်​။



For face products
ဖြိုးပ Skincare ​တွေ​တော့ မ​ပြော​တော့ပဲ Makeup စလိမ်းတဲ့ for face essential ​လေး​တွေက​နေ စ​ပြောပါမယ်​။

Primer - တစ်​​နေကုန်​ အဆီထိန်းနိုင်​ပြီး Mattifying primer ထဲမှာ ဖြိုးပအကြိုက်​ဆုံး L.A girl pro prep primer ​လေးကိုသုံးပါတယ်​​။ ​ဈေးလဲသက်​သာတယ်​ ၈၅၀၀ ​လောက်​ပဲရှိတယ်​ ။ အများကြီး တစ်​မျက်နှာလုံး သုံးတာမဟုတ်​ပဲ T-zone ကိုပဲ လိမိးဖြစ်​ပါတယ်​။

BB Cream - ဖြိုးပက PIXY ​လေးကို Review ​ရေးဖို့သုံး​နေတာပါ။ အရင်​က​တော့ ​နေ့တိုင်းလိုလို Australis က Water resistance Foundation သုံးတာ။ pixy ​လေးက BB cream ​လေးပါ။ ဖြိုးပသုံးတဲ့ အ​ရောင်​က​တော့ Natural ဖြစ်​ပြီး Beauty Blender နဲ့ဖြန့်​တဲ့အခါ အရမ်းကို ဖြန့်​ရလွယ်​ပါတယ်​။

Face Powder - ​ပေါင်​ဒါကို​တော့ လက်​တ​လော သ​ဘောကျ​နေတာ​တော့ Bella ကသနပ်​ခါး​ပေါင်​ဒါ​လေး​တွေပါ။ Loose powder ​လေးလဲ သုံးဖြစ်​​ပေမယ့်​ Powder pact ​လေးကကျ​တော့ အိတ်​ထဲထည့်​ပြီး ရုံးကိုလဲ ယူသွားဖြစ်​တယ်​။ သူ့အ​ရောင်​​လေး​တွေက ဖြိုးပအသား​ရောင်​နဲ့လဲ ကိုက်​ညီတယ်​​လေ။

Brows - မျက်​ခုံးအတွက်​ကို​တော့ လက်​တ​လော Dabo က လက်​​ဆောင်​ရထားတဲ့ Brow pencil ​လေးကို သုံးဖြစ်​​နေတယ်​. အညို​ရောင်​​လေးပါ။ သူကတစ်​ခါချွန်​ထားရင်​ ​တော်​​တော်​ခံတယ်​။ ခဲတံကရှည်​​တော့ ကိုင်​ဆွဲရတာလွယ်​တယ်​။ Brush လဲပါ​တော့ အရမ်းကိုအဆင်​​ပြေပါတယ်​။

For Eyes

Shadow - မျက်​လုံးကို တကူးတကနဲ့ ရုံးသွားတဲ့ ရက်​​တွေမှာ မပြင်​ဖြစ်​ပါဘူး။ အာ့​ကြောင့်​ ပါးနီ​တွေကိုပဲ လက်​​လေးနဲ့ နဲနဲဆီဖြန့်​ဆိုး​ပေးဖြစ်​တယ်​။ လက်​တ​လော သ​ဘောကျ​နေတာ​တော့ Kubiss London က ပါးနီ​လေးကို ကြိုက်​​နေတယ်​။

Blusher - ပါးနီကို​တော့ Kubiss London ကိုလဲသုံး​ပေမယ့်​ Milani ရဲ့ Baked Blush ​လေးကိုအသဲစွဲပါ။ သူအ​ရောင်​က သဘာဝအရမ်းဆန်​တယ်​။ ခပ်​​ပြောင်​​ပြောင်​​လေး ဖြစ်​​တော့ Highlig​ht မလိုဘူး​လေ။ နာမည်​​လေးက​တော့ -
သူ့ရဲ့ အရမ်း​ကောင်းတာက​တော့ အမှုန်​လုံးဝမထွက်​တာ 😘

Mascara - မျက်​​တောင်​​ကော့​ဆေးကို​တော့ Oldie Favorite ​လေးဖြစ်​တဲ့ Essence ရဲ့  waterproof mascara ​လေးပါ။ သူရဲ့ Brush ကကြီးပြီး အထပ်​ထပ်​​တောင်​ မလိုဘူး တစ်​ထပ်​ထဲနဲ့တင်​ မျက်​​တောင်​ကို ထူပြီး တ​နေကုန်​ခံပါတယ်​။

Lip balm - ဖြိုးပ​နေ့တိုင်း​တော့ Lip balm ဆိုးဖြစ်​ပါတယ်​။ နှုတ်​ခမ်းကထူပြီး အဖတ်​ကွာလို့​တော့ မရဘူး​လေ။ ဖြိုးပအရမ်းကြိုက်​ အမြဲသုံးဖြစ်​တာက​တော့ Crazy Rumor က Lip balm ​လေး​တွေပါ။

Lipstick - အားလုံးလဲသိတဲ့တိုင်း ဖြိုးပ ပြီးခဲ့တဲ့ လက တစ်​ချိန်​လုံး ခရမ်း​ရောင်​ နှုတ်​ခမ်းနီပဲ ဓာတ်​ကျ​နေတာ​လေ။ Bella ရဲ့ Sugar lips series ထဲက Lollipop အ​ရောင်​​လေးကို​​တော့ ​နေ့တိုင်းဆက်​တိုက်​ကို ဆိုးတာဆွာ ယုံလိုက်​ပါ။

Makeup Products ​တွေက​တော့ ဒါ​လေး​တွေက အကုန်​ပါပဲ ။ အားလုံးလဲ ​တွေ့တဲ့တိုင်း Beauty tool ဖြစ်​တဲ့ Brush ​တွေဆို ဖြိုးပက angled brush ​လေး​တွေပဲ သုံးဖြစ်​တယ်​။ Blending Brush ​လေးကို​တော့ Beauty and Beyond ကဟာ​လေး သုံးပါတယ်​။

ချစ်​တို့​ရေ .. ဖြိုးပလိုပဲ အရမ်းကြိုက်​ပြီး လက်​တ​လော အမြဲလိုလို Makeup Bag ထဲထည့်​ပြီး သုံးဖြစ်​​နေတာ​လေး​တွေ ရှိရင်​ ​ပြောပြခဲ့​နော်​.
အခု​တော့ ဖြိုးပအိတ်​ထဲမှာ အခု​ပြောပြသွားတဲ့ ဟာ​တွေမဟုတ်​ပဲ အသစ်​​တွေ​ရောက်​​နေပြီ ခ်​ခ်


နောက်​လကုန်​ရင်​ ထပ်​​ဖောက်သည်​ချ ပြန်​​ပြောပြမယ်​​နော်​။
#PhyopapaBlogs


Comments

Popular Posts