July Goals


Hello … အားလုံးပဲ မင်္ဂလာပါရှင် .
ဖြိုးပရဲ့ Blog လေးမှာ လစဉ်လုပ်ပေးနေကျ Monthly Favorites လေးလိုပဲ နောက်ထပ်အကြောင်းအရာလေး တစ်ခု လစဉ် Update လုပ်ပေးမယ့် ပိုစ်အမျိုးအစားလေး တစ်ခုကို အားလုံးကို အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်။

ဒီပိုစ်အမျိုးအစားကတော့ To do list ရေးသလိုပါပဲ. ဖြိုးပတို့ အချိန်တွေကုန်တယ်. လကုန်တယ်. နောက်လ နောက်နှစ် နောက်ရောက်လာမယ့် အချိန်တွေအတွက် ကြိုတင်တွေးပြီး ပြင်ဆင်ရသလို .. ဖြိုးပလက်ရှိ အားလုံးအတွက် အချိန်ပေးပြီး လုပ်ဖြစ်နေတဲ့ Blogger အလုပ်ကို သေချာမပိုအလိုမရှိ ဖြိုးပရဲ့ Follower တွေအတွက်ရော ဖြိုးပအတွက်ရော အချိန်နဲ့အမျှတိုးတက်မှုလေးတွေကို မြင်အောင်နဲ့ ရှေ့ဆက်သွားကြတဲ့အခါလဲ မြင်သာအောင် လစဉ်တိုင်း Goals လေးတွေကို အားလုံးကို Share ပေးပါမယ်။

လတစ်လ စပြီဆိုတာနဲ့ လာမယ့်လအတွင်း ဖြိုးပ personally အရင်လအတွက် ပိုကောင်းအောင် ပိုတိုးတက်အောင် ဘာတွေလုပ်မယ် Follower တွေနဲ့ Brand တွေအတွက် ဘာတွေလုပ်မယ်။ ဘယ်လို products လေးတွေစမ်းပြီး ဘယ်လို Makeup Looks လေးတွေလိမ်းမယ်။ အသစ်အသစ်တွေကိုလဲ လေ့လာမှာ ဖြစ်သလို အကြွေးတင်နေတဲ့ Review Products လေးတွေကိုလဲ ကြိုအသိပေးမယ်။ စတဲ့အကြောင်းလေးတွေပါမယ်။ အခုလိုပြောတော့ ဖတ်ရမရှင်း ဖြစ်နေမယ်ဆိုရင် ဖြိုးပအောက်မှာ ချရေးထားတဲ့ နောက်လမယ့် July လအတွင်း လုပ်ဖြစ်မယ့် အရာလေးတွေကို ၀င်ဖတ်ရင်း အကြံပေးပါဦး ။

ဒါ့အပြင် ဖြိုးပနဲ့အတူတူ လိုက်ပြီး ချစ်တို့ရဲ့ ဘ၀မှာလဲ နောက်လအတွက် လုပ်စရာလေးတွေကို တစ်ခါတဲ Plan အတူတူလုပ်သွားလို့ရတယ်လေ။ ဒါဆို July ကုန်တဲ့အခါ ပြန်ကြည့်ပြီး ငါတိုးတက်လာလား ဒီတိုင်းပဲလား ဘာတွေလုပ်ဖြစ်လဲ မလုပ်ဖြစ်လဲ သိတာပေါ့နော်. OK ဖြိုးပရဲ July Goals လေးတွေကို ဖတ်ပေးနော်။

  • Research which makeup and beauty brands are actually cruelty-free, and make the switch to products that are not tested on animals // ဖြိုးပက တိရိစ္ဆာန်ချစ်တာ အားလုံးလဲ သိသလိုပဲ ဖြိုးပနေ့စဉ်အသုံးပြုတဲ့ Skincare & Makeup & Clothes တွေမှာ Animal Products လေးတွေပါတာ .. တိရိစ္ဆာန်တွေကို အသုံးချပြီး စမ်းသပ်ထားတာတွေကို မလိုချင်ပါဘူး ဖြိုးပတက်နိုင်သလောက်တော့ "Cruelty Free Products" Animal Testing မရှိဘူးဆိုပြီး ပြောထားတဲ့ Products တွေကိုသုံးပေမယ့် မှန်ကန်မှု ရှိမရှိ သေချာ Research ပြန်လုပ်ပြီး အမျိုးအစားခွဲမယ်။ မလိုချင်တာလေးတွေကို ပေးပစ်ဖို့စီစဉ်ထားပါတယ်။

  • Save more money // ဖြိုးပတို့ Blogger တွေက သူများတွေထက် ပိုက်ဆံပိုကုန်တယ်ပြောလိုက်ရင် ယုံပါ။ အသစ်ထွက်လိုချင် .. ဟိုပွဲကဖိတ် ပြေး ဒီပွဲကဖိတ် ၀ယ် ။ အဲ့လိုဖြစ်ဖြစ်နေတာ ဖြိုးပရဲ့ Pocket က အမြဲ Empty ပါ။ ဒါကြောင့် ဖြစ်နိုင်ရင် လိုအပ်တာမျိုးတွေအတွက်သာ ပိုက်ဆံသုံးပြီး မလိုအပ်တာနဲ့ ဖြုန်းတီးတာလေးတွေကို ရှောင်ဖို့လုပ်ရပါမယ်။ အနဲဆုံးတော့ ဖြိုးပတစ်ရက်ကို ၃၀၀၀ ကျပ် စုဗူးလေးထဲထည့်ပါမယ်။  လက်ထဲပိုက်ဆံမထားပဲ Bank ထဲထားတာ ပိုလဲစိတ်ချရပါတယ်လေ ။

  • Steps up for Reviews // ဖြိုးပအခုတလော တစ်လလုံးနေမှ Review လေးတစ်ပုဒ်ပဲ တက်တာ အားလုံးလဲသိသလို ဖြိုးပကလဲ ဖြစ်ကလက်စမ်း မလုပ်ချင်လို့ပါ ။ ဖြိုးပ Review ပေးရင် သေချာသိပြီး ပြောရဲပြီသေချာတယ်ဆိုမှ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ အားလုံးကို ပစ်ထားသလိုဖြစ်သွားတဲ့အတွက် အရမ်းလဲအားနာပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်မျိုး Review Post လေးတွေ တင်ဖြစ်အောင် လုပ်မယ်လို့ July အတွက် ကတိပေးပါတယ်။

  • Read More // ဖြိုးပတစ်ကယ်တော့ စာဖတ်ရတာ အရမ်းကြိုက်ပေမယ့် မဖတ်ဖြစ်တာ တော်တော်ကြာပြီ.   ဖြိုးပတို့ Blogger တွေက စာများများကို ဖတ်ရတယ် ။ များများဆွေးနွေးတက်ရတယ်မဟုတ်လား ။ အဲ့လိုမလုပ်ဖြစ်တာလဲ ကြာတော့ ဖြိုးပလဲတုံးလာသလိုပဲ အားလုံးအတွက် ဗဟုသုတတွေလဲပိုမျှဝေဖို့ စာဖတ်ပါမယ်။ စာအုပ်တွေမစုစည်းမိပေမယ့် လက်တလော ဖြိုးပဖုန်းထဲမှာ "၀န်ဇင်းApps" လေးရှိတော့ အရမ်းကိုအဆင်ပြေပါတယ်။

  • Meditate // အားလုံးကတော့ ဖြိုးပရဲ့ ပျော်နေတဲ့ပုံနဲ့ ဟာသလိုလို Video တွေကိုပဲ ကြည့်ရတော့ ဖြိုးပက အရမ်းပျော်တက်တယ်နော်. သွက်တယ်နော်ပဲ ပြောကြပေမယ့် တကယ်တော့ ဖြိုးပက အရမ်းကို ဒေါသထွက်လွယ် အာရုံနောက်လွယ်ပြီး အမြဲအလုပ်ပိပြီး စိတ်ရှုတ်နေတက်သူပါ. ဖြိုးပအတွက် တဖြည်းဖြည်းနဲ့ မကောင်းတော့တဲ့အခြေအနေထိ ဖြစ်လာနေပြီ ဘာလုပ်လုပ်အမှားတွေများလာ တာကြောင့် စိတ်တည်ငြိမ်အောင် လုပ်ဖို့ ဖြိုးပတရားမှတ်ဖို့ ကြိုးစားနေပါတယ်။ လက်တစ်လော Instagram မှာ ခေတ်စားနေတဲ့ "Calm App" တရားမှတ်တဲ့ Application လေးလဲ Down ပြီးပြီ မနက်ပိုင်း စောစောထပြီး တရားမှတ်ဖို့ပဲ လိုတော့ပါတယ်။ ဒီလထဲမှာ ကြိုးစားရမယ်။

  • Go out with Friends or Love // ဖြိုးပက အလုပ်ပိသူပီပီ အပြင်သွားဖြစ်တယ်ဆိုတာ ရှားတယ်။ Social Life က အရမ်းကို အားနည်းပြီး တစ်ခါတစ်လေကျတော့ သူငယ်ချင်းတွေတင်မက ချစ်သူနဲ့ပါအဆက်သွယ်ပျက်နေတယ်။ တစ်ကယ်တော့ အာ့မကောင်းဘူးလေ ဒါကြောင့် တက်နိုင်သလောက် ကိုယ်ချစ်ခင်ရသူတွေနဲ့ အတူတူအချိန်ကုန်မယ်။ အနဲဆုံးတော့ တစ်လမှာ ၂ ကြိမ်လောက် Date Night လေးဖြစ်ဖြစ် Friends တွေနဲ့ Coffee Date လေးဖြစ်ဖြစ် လုပ်ဖြစ်မယ်။
ချစ်တို့ရော မိမိဘ၀ပျော်ရွှင်တိုးတက်ဖို့အတွက် July ထဲမှာဘာ plan တွေရှိလဲ .. 
Share ပေးပါဦး ။

      Phyopapa Blogs 

Comments

Popular Posts