Best Natural Ways to get rid of Acnes


“၀က်ခြံပြသနာတိုင်းကို ကုနိုင်တဲ့ သဘာဝနည်းလေးတွေ” 

Hello … အားလုံးပဲ မင်္ဂလာပါရှင် .. ဖြိုးပလက်တလော Products အကြောင်းတွေပဲ ပြောတာများပြီး Beauty Knowledge Post သစ်လေးတွေ တင်မပေးတာကြာလို့ အဆီပြန်တက်တဲ့အသားးရေနဲ့ ၀က်ခြံပြသနာ ရှိတက်သူလေးတွေအတွက် ပိုစ်သစ်လေးတင်ပေးလိုက်ပါတယ်။

အားလုံးသိသလို ဖြိုးပကိုယ်တိုင်ကိုက ၀က်ခြံထွက်တက်သူ တစ်ယောက်ဖြစ်တယ် ၀က်ခြံထွက်ခြင်းဟာ သာမန်အရေပြားပြဿနာတစ်ခုဖြစ်ပြီး လူတိုင်းလိုလိုဝက်ခြံပေါက်ဖူးကြပါတယ်။ ၀က်ခြံထွက်ခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အဆီဂလင်းတွေမှာ ဘက်တီးရီးယားပိုး ၀င်ရောက်ခြင်းကြောင့်ဖြစ်ပြီး ၀က်ခြံထွက်တဲ့နေရာတွေမှာ ဖူးရောင်ခြင်း၊ ပြည်တည်ခြင်း တို့ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့အတွက် အခြေအနေမဆိုးရွားအောင် သေချာစနစ်တကျ ကုသဖို့တော့လိုပါတယ်။

ဒါကြောင့် ၀က်ခြံပျောက်ကင်းစေတဲ့ ကုန်ကျစရိတ် သက်သာပြီးအသုံးဝင်မယ့် ဆေးနည်းလေးတွေကို ဖြိုးပရဲ့ ချစ်ချစ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

“Ice Ice Baby” (ရေခဲ)

ဖြိုးပတို့ရဲ့ အိမ်တိုင်းမှာ လွယ်လွယ်ကူကူရနိုင်တဲ့ ရေခဲက အရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ အနီစက်လေးတွေနဲ့ ၀က်ခြံကြောင့် ဖူးရောင်ခြင်းတို့ကို လျော့နည်းသက်သာစေပါတယ်။ ၀က်ခြံထွက်တဲ့ နေရာတ၀ိုက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အရေပြားမွေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ ၀က်ခြံဖြစ်စေတဲ့ ဖုန်မှုန့်နဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

How to use - ရေခဲတုံးကို အ၀တ်သန့်သန့်နဲ့ ထုပ်ပြီးဝက်ခြံထွက်တဲ့ နေရာတ၀ိုက်ကို ကြပ်ထုပ်ထိုးသလို လုပ်ပေးမယ်ဆိုရင် ၀က်ခြံတွေ ရောင်ရမ်းတာ သက်သာပျောက်ကင်းနိုင်ပါတယ်။

“Steam you up” ရေနွေးငွေ့

ရေနွေးငွေ့က ၀က်ခြံကုတဲ့ နေရာမှာ သိသိသာသာ အာနိသင်ရှိတဲ့အရာပါ။ ၀က်ခြံရှိတဲ့နေရာကို ရေနွေးငွေ့ခံပေးရမှာပါ။ အဲဒီအခါ ရေနွေးကအရေပြားပေါ်က ချွေးပေါက်လေးတွေကို ပွင့်စေပြီး အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရှူရှိုက်ခွင့်ရမှာပါ။ ချွေးပေါက်လေးတွေမှာ ဖုန်မှုန့်နဲ့အဆီတွေ ပိတ်နေရင် အရေပြားဖူးရောင်ပြီး ၀က်ခြံထွက်စေပါတယ်။

How to use - ရေနွေးငွေ့ကို မိနစ်၂၀လောက် ခံပြီးသွားရင် ရေဆေးပါ။ အသားအရေခြောက်သွေ့မှုကို ခံစားရရင်အဆီမပါတဲ့ အစိုဓာတ်ထိန်းခရင်မ် Moisturizer တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါတယ်။

“Toothpaste for ance” သွားတိုက်ဆေး

သွားတိုက်ဆေးကို မနက်အိပ်ရာထချိန် သွားလေးတွေ စင်ကြယ်ဖြူစင်ဖို့ အတွက်သုံးတာကိုပဲ သိထားကြမှာပါ။ ဒါပေမယ့် သွားတိုက်ဆေးဟာဝက်ခြံတွေကို အမြန်ဆုံးပျောက်ကင်းနိုင်ဖို့ ကူညီနိုင်ပါတယ်။ အထူးသဖြင့် ဆားဝက်ခြံလို့ သိထားတဲ့အမဲစက်လေးတွေကို သိသိသာသာ ဖယ်ရှားပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက သွားတိုက်ဆေးကိုသုံးတဲ့ အခါဂျယ်သွားတိုက်ဆေး မဖြစ်ဖို့တော့လိုပါတယ်။ White Toothpaste လိုခေါ်တဲ့ အဖြူရောင်သွားတိုက်ဆေးမျိုး (ဥပမာ - လေဆာ, 3D Toothpaste) တို့လိုမျိုးကို ရွေးပါ။

How to use - အသုံးပြုနည်းကတော့ သွားတိုက်ဆေးကို ညအိပ်ရာမ၀င်မီ ၀က်ခြံရှိတဲ့နေရာတွေမှာ မထူမပါးသုတ်လိမ်းပေးရပါမယ်။ နာရီဝက်လောက် ထားရင် ခြောက်သွားပြီး အချပ်လိုက်ခွာ လို့ရမှာပါ။ ပြီးရင်တော့ ရေဆေးချပြီးအိပ်လိုက်ရင် မနက်အိပ်ယာထတဲ့အခါ ၀က်ခြံတွေသိသိသာသာ လျော့နည်းသွားတာကိုတွေ့ရမှာပါ။

“Papaya is oh la la” သေဘာၤသီး

သေဘာၤသီးမွာ ဗီတာမင်အေနဲ့ အင်ဇိုင်းဓာတ်တွေ ပါဝင်တာကြောင့် အသားအရေကို ချောမွတ်စေသလို ၀က်ခြံကြောင့် အရေပြား ရောင်ရမ်းတာတွေလည်း လျော့နည်းစေပါတယ်။

How to do - သဘောင်္သီးကို ပျားရည်အနည်းငယ်ရောပြီး ဖျော်ရည်လုပ်သောက်နိုင်သလို အနှစ်ပြုလုပ်ပြီး ၀က်ခြံရှိရာနေရာတ၀ိုက်ကို အုံတာပဲဖြစ်ဖြစ် လိမ်းတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ အသာအယာနှိပ်နယ်ပေးခြင်းအားဖြင့် ၀က်ခြံတွေသိသိသာသာ လျော့နည်းသွားမှာပါ။

“Skin love Cucumber” သခွားသီး

အသားရေ ပြသနာတိုင်းအတွက် လိုသလို သုံးနိုင်တဲ့ သခွားသီးမှာ ဗီတာမင် အေ၊စီ၊အီးနဲ့ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အသားအရေကို အမှန်တကယ် ကောင်းမွန်စေပါတယ်။

How to do - သခွားသီးကို အနှစ်ရည်ရအောင် လုပ်ပြီးရေနဲ့ ဖျော်သောက်နိုင်သလို အဲဒီသတ္တုရည်နဲ့ ၀က်ခြံရှိတဲ့နေရာတွေကို ဆေးကြောပေးနိုင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးကိုပါးပါးလှီးပြီး ၀က်ခြံရှိရာနေရာတ၀ိုက်မှာ facial mask အဖြစ်လည်းလုပ်နိုင်ပါတယ်။

ဖြိုးပအခုပြောပြခဲ့တဲ့ Natural Acne Treatments လေးတွေက အခြား DIY Treatments လေးတွေလိုတောင် လုပ်ရမခက်ပဲ အရမ်းလွယ်ပြီး တစ်ကယ်ထိရောက်ပါတယ်။ ဒါကြောင့်လိုက်လုပ်ကြဖို့လဲ တိုက်တွန်းလိုက်ပါရစေ။


#PhyopapaBlogs 

Comments

Popular Posts