Beauty DIY with Rosewater You Need to Try Now


Rose water လေးအကြောင်းနဲ့ အသုံးပြုမယ့်နည်းလေးတွေ 
🌹🌹🌹🍶🍶
           အခုနောက်ပိုင်း ပျိုမေတိုင်း သဘောကျပြီ စိတ်ဝင်းစာလာတဲ့ Beauty product လေးဖြစ်တဲ့ Rose water လေးဟာ အသားအရေ၊ ဆံကေသာ သာမက မိတ်ကပ်ပြင်ရာမှာလဲ အရမ်းကို အသုံးဝင်ပြီး အထောက်အကူပြုတဲ့ ပစည်းလေး တစ်ခုဖြစ်လာပါတယ်။ ဒီတော့ ဒီ Rose water လေးကို ဘယ်လိုလေးတွေ အသုံးပြုမလဲ ဆိုတာကို ပြောပြပေးပါ့မယ်။

           Rose water ကို နာမည်အမျိုးမျိုး ထုပ်ပိုးမှုအမျိုးမျိုးနဲ့ brand ပေါင်းစုံက ထုတ်ရောင်းနေတာဆိုတော့ ဈေးကွက်ထဲမှာ မိမိစိတ်ကြိုက်ဈေးနဲ့ မိမိကြိုက်တဲ့ အမျိုးအစားကို သေချာရွေးဝယ်လို့ရပါတယ်။ ဖြိုးနဲ့ရှိုး ကြိုက်ပြီးသုံးဖြစ်နေတာကျတော့ www.kc.com.mm က rose water spray လေးပဲ ဖြစ်ပါတယ်။ ၉ထောင်ပဲ ရှိပါတယ်။ ဒီလင့်ကနေ ဝင်ကြည့်နော်။ 👉👉 http://www.kc.com.mm/index.php?route=product/product&path=59_62&product_id=67         

Toner 

            Toner အနေနဲ့ အသုံးပြုလို့ရပါတယ်။ ဖျန်းတဲ့ Spray ဘူးလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ဂွမ်းလေးနဲ့ပဲ ဖြစ်ဖြစ်မျက်နှာအသားအရေကို နူးညံပြီးတော့ အမြဲတယ် လှပနေဖို့အတွက် အသုံးပြုလို့ရပါတယ်။ rose water ဟာ chemical လုံးဝမပါလို့ စိတ်ပူစရာလဲမရှိပါဘူး။ အိမ်မှာကိုယ်တိုင်လုပ်ရင် ပိုကောင်းတာပေါ့နော်။ သူက ချွေးပေါက်တွေကိုလဲ ကျဉ်းစေပါတယ်။ သူကို မျက်နှာသစ်ပြီးပြီချင် ဘာမှမလိမ်းခင် အရင်သုံးပေးပါ။        

Body Sun Spray

            အသားအရေမှာ နေလောင်ကွက်တွေဖြစ်မှာနဲ့ အသားအရေမညီမှာ ဆိုရင်လဲ rose water လေးက အကူအညီပေးပါတယ်။ ဘယ်သွားသွား အိတ်ထဲမှာ အမြဲဆောင်ထားပြီးတော့ အသားအရေပေါ်ကို ဖျန်းပေခြင်းအားဖြင့် အေးမြနေပြီးတော့ အသားေးအရေကိုလဲ ချောမွေ့ပြီး နေရောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။      

Lips scrub

             နှုတ်ခမ်းသာလေးတေ့ကိုလဲ အမြဲတမ်းလှနေဖို့ scrub လေးလဲ လုပ်လို့ရပါတယ်။
- သကြားထမင်းစားဇွန်း ၂ ဇွန်း
- သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်း
- rose water ထမင်းစားဇွန်း တစ်ဝက်
- အရောင်တင်အရည်လေး ၂ စက် ၃ စက်
                အားလုံးကိုခွက်ထဲမှာ သေချာလေး မွေးနှောက်ပြီးတော့ နှုတ်ခမ်းပေါ်မှာ တစ်ခါလုပ်ရင် ၅ မိနစ် လောက်သေချာလေး ပွတ်တိုက်ပေးပါ။ နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး။ တစ်ပတ်တစ်ခါလောက်ပါပဲ။        

Moisturizer

           Rose water ကို moisturizer အဖြစ်လဲ အသုံးပြုလို့ရပါတယ်။ မျက်နှာအသားအရေကို ရေဓာတ်ပြန်ဖြည့် ပေးပြီးတော့ စိုပြည်စေပါတယ်။ ကိုယ်သုံးနေကျ moisturizer ထဲကို rose water ၂ စက်လောက်ရောပြီး လိမ်းပေးပါ။        

Cleanser 

             မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်လဲ အသုံးဝင်ပါတယ်။ rose water တစ်ခွက်၊ အလှဆီ လက်ဖက်စားဇွန်း ၂ ဇွန်း၊ နဲ့ အခြား အဆီတမျိုးမျိုးကို ၁၀ စက်လောက် ရောပြီးတော့ cleanser အနေနဲ့ သုံးလို့ရပါတယ်။          

For acne 

             ဝက်ခြံသမားလေးတွေ အတွက်လဲ အဆင်ပြေပါတယ်။
- လီမွန်သီးအရည် နဲ့ rose water ကို ဆတူရောပါ။
- ရောထားတဲ့ အရည်ကို မျက်နှာပေါ်မှာ တစ်နာရီခွဲလောက် ထားပါ။
- ပြီးရင် မျက်နှာသစ်ချလိုက်ပါ။ ၂ ပတ်လောက်နေရင် သိသိသာသာ ရလဒ်ကို တွေ့ရပါလိမ့်မယ်။ ဒါက ပထမနည်းပါ။

 ဒုတိယတစ်နည်းကတော့ သခွားသီးရယ်၊ ပျားရည်နဲ့ပါ။ 

- သခွားသီး တဝက်ကို ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ ရောပြီးတော့ ဖျော်ရည်စက်ထဲကို ထည့်ဖျော်ပါ။
- rose water ကို သေချာလေး လိုသလောက်ထည့်ဖျော်ပါ။
- မျက်နှာကို ရေနွေးနွေးလေးနဲ့ အရင်သစ် ပြီးရင် မျက်နှာ မသုတ်ပစ်ပဲ ဒီတိုင်းအခြောက်ခံပါ။
- ပြီးရင် ဒီအနှစ်ကို မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် ပြန်ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ခါလောက်ပဲ လုပ်ပေးပါ။

             Rose water ရဲ့ အကျိုးကျေးဇူးတွေနဲ့ အသုံးပြုလို့ရတဲ့ နည်းတွေက အများကြီးပါပဲ။ ဒါကတော့ အဆင်အပြေဆုံးနဲ့ အလွယ်ဆုံး အလိုအပ်ဆုံးလေးတွေပါ။ သဘောကျမယ်လို့ ထင်မိပါတယ်။
              လှပတဲ့အသားအရေအတွက် ပျိုမေတိုင်း Rose water လေးတွေကို ဆောင်ထားသင့်ပါတယ်။ သိချင်တဲ့ အကြောင်းအရာလေးတေ့ကိုလဲ ment ခဲ့အုန်းနော်။
           
#Phyoandshio #PhyopapaBlogs
Follow my blog with Bloglovin

Comments

Popular Posts