Rice Water Remedies for Life time you need to Try


ဆန်ဆေးရေနဲ့ အလှအပရေးရာ🍚🍚📝

            ဒီတစ်ခါမှာ အလှအပရေးရာအတွက် နောက်ထပ်တစ်မျိုးကို ပြောပြခြင်းပါတယ်...တို့​တွေ နေ့တိုင်းစားနေတဲ့ ဆန်ကနေ ရတဲ့ ဆန်ဆေးရေဟာဆိုရင် အလှအပအတွက် အရမ်းကို အသုံးဝင်တယ်ဆိုတာ သိပြီးကျပြီးလား ဟင် ပြောပြမယ်နော်... တကယ်မိုက်တယ်...           
            ဖြိုးနဲ့ရှိုးတို့ ကြားဖူးခဲ့တာ​တော့ အဖွားတို့​ခေတ်​က တ​ရော်​ကင်​ပွန်း ဆန်​​ဆေး​ရေ​တွေနဲ့ ​ခေါင်း​လျှော်​ရင်​ ဆံသားနက်​​မှောင်​ပြီး ​တောက်​​ပြောင်​တယ်​လို့ ​ပြောပါတယ်​။
             ဒါ​ကြောင့်​ ဖြိုးနဲ့ရှိုးလဲ ပြီးခဲ့တဲ့လက ဆန်​​ဆေးရင်​ ဒီအချက်​​လေးကို သတိရပြီး လိုက်​လုပ်​မယ်​ဟ​ပေါ့​နော်​။ ကိုယ်​​တွေလဲ ဆံပင်​ပြန်​ထွက်​လာပြီဆို​တော့ မပျက်​ဆီး​အောင်​ ကာကွယ်​ဖို့ ​သေချာ Internet က​နေ အသုံးပြုနည်း​လေး​တွေ ရှာရင်း ချစ်​တို့အတွက်​ ပြန်​ Share ​ပေးလိုက်​ပါတယ်​။
            
⚠⚠ အရင်​ဆုံး အသုံးပြုပုံ မ​ပြောခင်​ သန့်​စင်​​ကောင်းမွန်​တဲ့ ဆန်​​ဆေး​ရေကို ဘယ်​လိုလုပ်​ရမလဲ ​ပြောမယ်​​နော်​။
- တို့​တွေ ဆန်​​တွေကို မချက်​ခင်​​ဆေးတဲ့အခါ ပထမဆုံးအချီကို ​သေချာ​ဆေးပြီ သွန်​လိုက်​ပါ။ သဲနဲ့ခဲ​တွေ​ပြောင်​​အောင်​ ဂရုစိုက်​​ပေးပါ။ မ​ပြောင်​​သေး​ရင်​ ဒုတိယအကြိမ်​ထပ်​​ဆေးပါ။
- တတိယအကြိမ်​​ဆေးတဲ့အခါ​တော့ ဆန်​​ဆေး​ရေကို ကိုယ်​သိမ်းထားချင်​တဲ့ ထည့်​စရာ ဗူး​လေးနဲ့ သိမ်းထားပြီး သုံးလို့ရပါတယ်​။ ​ရေခဲ​သေတ္တာထဲ ထားလဲအဆင်​​ပြေတယ်​။ ၂ ရက်​​လောက်​ထိ သုံး​ကောင်းပါတယ်​။ ​နောက်​ပိုင်းကြာသွားလို့ နဲနဲနံရင်​ အသား​ရေအတွက်​ မသုံးပဲ ဆံပင်​​ခေါင်း​လျှော်​ရင်​ သုံးလို့ရပါတယ်​။
အို​ခေ ... ဆန်​​ဆေး​ရေက​နေ ဘယ်​လိုမျိုး တစ်​ကိုယ်​​ရေလှပဖို့ လုပ်​နိုင်​လဲဆိုတာ ​ပြောပြမယ်​​နော်​။ 

Shiny hair 💆 ဆံသား​တောက်​​ပြောင်​ကျန်းမာဖို့

           ဆန်ဆေးရေနဲ့ ခေါင်းလျှော်တာဟာ ဆံကေသာကို သန်မာစေပြီး မွဲခြောက်နေခြင်းမရှိစေပဲ တောက်ပစေပါတယ်။ ဒီနည်းလေးကတော့ ဖြိုးကိုယ်တိုင် လက်တွေ့ပါ။ ဟိုးအရင်တုန်းက လူတွေဆို ဒီနည်းကြောင့် လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားကြတာပါတဲ့။

Reduce acne and pores 💆 ​ချွေး​ပေါက်​ကျဉ်းပြီး အဆီဖုကင်းဖို့

            ဆန်ဆေးရေနဲ့ မျက်နှာသစ်တာဟာ မျက်နှာပေါ် ဝက်ခြံတွေကို သက်သာစေပြီးတော့ နာကျင်ဒဏ်တွေကို သက်သာစေပါတယ်။ ပြီးတော့ နီရဲနေတာတွေကိုလဲ သက်သာစေပါတယ်... ဆန်ဆေးရေဟာ မျက်နှာပေါ် ချွေးပေါက်တွေကို ကျဉ်းစေပြီးတော့ မျက်နှာလေးကို တင်းရင်းပြီ လှနေစေမှာပါ။ သူကို toner လိုလိမ်း​ပေးတာ သို့ mist ​လေးလိုဖြန်း​ပေးတာမျိုးသုံးပါ။

Clear & Bright skin💆 အသား​ရေကြည့်​လင်​ဖို့

            ဆန်ဆေးရေနဲ့ မျက်နှာ​ပေါ် အညစ်အကြေးတွေကို ဖယ်ရှာရင် အရမ်းကို ထိရောက်ပါတယ်။ သူ့မှာ Vitamins နဲ့ mineral ဓာတ်တွေ အများကြီးပါလို့ အသားအရေကို ဝင်းပနေစေမှာပါ။ သူကို toner လိုလိမ်း​ပေးတာ သို့ mist ​လေးလိုဖြန်း​ပေးတာမျိုးသုံးပါ။

Smooth dry and Itchy skin / အ​ရေပြား ​ခြောက်​​သွေ့ ယားယံမှု​တွေ ​ပျောက်​ကင်းဖို့

          ဆန်ဆေးရေဟာဆိုရင် ခန္ဓာကိုယ်​ ခြောက်သွေ့​နေတဲ့ အသားအရေတွေနဲ့ အရေပြားယားယံတာတွေကို သက်သာစေပါသေးတယ်။ ဒါ့ကြောင့်မို့ တကယ်ကို အသုံးဝင်ပါတယ်။ body conditioner လိုမျိုး ​ရေချိုးပြီးတိုင်းဆန်​​ဆေး​ရေကို အဝတ်​​ရေစို​လေးနဲ့ အသားကိုတိုက်​​ပေးပါ။

Sunburn remedies / ​နေ​လောင်​ကွက်​​တွေ​ပျောက်​ကင်းဖို့

           နေလောင်ထားတဲ့ အသားအရေတွေ အတွက်လဲ လုံးဝကို အံ့မခန်းပါပဲ။ မျက်နှာအသားအရေပေါ် နေလောက်ကွက်တွေကို လျင်မြန်စွာ လျော့နည်းစေပြီးတော့ သက်သာစေပါတယ်နော်။ body conditioner လိုမျိုး ​ရေချိုးပြီးတိုင်းဆန်​​ဆေး​ရေကို အဝတ်​​ရေစို​လေးနဲ့ အသားကိုတိုက်​​ပေးပါ။

             ဒါကတော့ အကျိုးပြုပုံ​လေးတွေပေါ့... နောက်ထပ် ဘယ်လိုလုပ်ပြီးတော့ အသုံးပြုလို့ရ လဲဆိုတဲ့ လုပ်နည်းလေးတွေကိုလဲ ပြောပြပေးပါအုန်းမယ်နော်။   ဆက်လက်စောင့်မျှော်​ပေးပါအုန်းနော်...             

#Phyoandshio #PhyopapaBlogs 
Follow my blog with Bloglovin
Ref: healthyremedies.com

Comments

Popular Posts