Night Time Skincare Rituals you need to Follow Now
ညအိမ်ခါနီးဆို အမြဲလုပ်ပေးဖို့ မမေ့နဲ့နော် 🎀😴👌💤
Hello ... ချစ်တို့ရေ
တို့ရဲ့ အသားအရေအလှအပကို
နေ့ဘက်တွေမှာပဲထိန်းသိမ်းရုံနဲ့ မလုံလောက်ပါဘူး။ ညဘက်အိပ်စက်တဲ့အချိန်မှာလည်း အသားအရေကို
အကောင်းဆုံးထိန်းသိမ်းနိုင်မှ လှပနုပျိုမှုကို အစဉ်အမြဲပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဖြိုးနဲ့ရှိုးက ဒီတစ်ခါမှာတော့
အားလုံးအတွက် ညအိပ်ခါနီးတိုင်း ပုံမှန်ပြုလုပ်ပေးသင့်တဲ့ အလှအပရေးရာနည်းလမ်းကောင်းလေးတွေကို
ဝေမျှပေးလိုက် ပါတယ်ရှင်။ ဒီအချက်လေးတွေက Skincare တွေ Makeup တွေသုံးနေတာထက်ကို
ထိရောက်ပါတယ် ။ ဖြိုးနဲ့ရှိုးဆို အမြဲလိုလိုက်နာလို့ ငယ်တဲ့ရုပ်ပေါက်နေတာလေ
😝
မိတ်ကပ်တွေကို လုံးဝပြောင်အောင် ဖျက်ပါ။
ညအိပ်ရာမဝင်ခင် မိတ်ကပ်တွေ၊
မျက်တောင်ကော့ဆေးတွေကို ပြောင်စင်အောင်သန့်စင်လိုက်ခြင်းက အသားအရေကို လှပစိုပြေစေပါတယ်။
ချွေးပေါက်တွေကိုလည်း သန့်စင်စေတဲ့အပြင် ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းအုံးမြင့်မြင့် သုံးပြီး အိပ်ပါ။
၂လက်မကနေ ၄လက်မကြားအမြင့်ရှိတဲ့ခေါင်းအုံးနဲ့
အိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်းက သွေးကြောတွေရဲ့ စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။
မျက်ဝန်းအောက်က အရည်အိတ်ဖောင်းခြင်းနဲ့ မျက်ခွံမို့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေဓာတ်ဖြည့်ပေးတဲ့ hand cream လိမ်းပြီး အိပ်ပါ။
တစ်နေ့လုံး နေပူဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့်
ခြောက်ကပ်နေတဲ့ သင့်လက်တွေကို ညအိပ်ရာဝင်ခါနီးတိုင်း ဆေးကြောသန့်စင်ပြီး ရေဓာတ်ဖြည့်ပေးတဲ့
hand cream လိမ်းပေးပါ။ ဒီလို လိမ်းပေးခြင်းအားဖြင့် လက်အသားအရေကို ဖြူဝင်းစိုပြေစေပြီး
လက်သည်းကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးလိမ်းလဲရတယ်နော် 😘
နူးညံ့တဲ့ခေါင်းအုံးစွပ်သုံးပါ။
ပိုး (သို့မဟုတ်) ဖဲနဲ့ ချုပ်လုပ်ထားတဲ့
ခေါင်းအုံးစွပ်တွေကို အသုံးပြုခြင်းက သင့်ဆံပင်ကို အံ့သြစရာကောင်းလောက်အောင် လှပပျော့ပျောင်းစေပါတယ်။
ချည်သားခေါင်းအုံးစွပ်တွေကတော့ ဆံသားရဲ့ အပေါ်ယံအလွှာကို ပျက်စီးစေနိုင်ပါတယ်။ ပိုးသားခေါင်းအုံးစွပ်
မသုံးချင်ဘူးဆိုရင်တောင် ချည်ပျော့သား (သို့မဟုတ်) လီနင်သားခေါင်းအုံးစွပ်တွေကို ၃ရက်တစ်ခါ
လဲလှယ်အသုံးပြုသင့်ပါတယ်။
ဆံပင်ကိုစည်းနှောင်ပြီးမှ အိပ်ပါ။
ဆံပင်မှာကပ်ငြိနေတဲ့ အဆီတွေ၊
ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေက ညအိပ်စက်တဲ့အခါ သင့်မျက်နှာပေါ်နဲ့ ခေါင်းအုံးတစ်လျှောက်
ပျံ့နှံ့သွားနိုင်ပြီး အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီးတိုင်း
သင့်ဆံပင်ကို သေချာစည်းနှောင်ပြီးမှ အိပ်စက်ပါ။
အိပ်ချိန် ၈နာရီခန့် အိပ်စက်အနားယူပါ။
အိပ်ရေးပျက်ခြင်းကြောင့်
သွေးလည်ပတ်မှုအားနည်းသွားပြီး မျက်ဝန်းတစ်ဝိုက်ကသွေးကြောတွေကို ထိခိုက်စေတာကြောင့် မျက်ကွင်းညိုခြင်းကို
ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ညတိုင်း
၈နာရီခန့် နှစ်ခြိုက်စွာအိပ်စက်အနားယူပါ။
Eye cream သုံးပြီးမှ အိပ်ပါ။
ညအိပ်ရာဝင်ခါနီးတိုင်း ရေဓာတ်ဖြည့်ပေးတဲ့
eye cream သုံးပေးခြင်းက မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်း၊
မျက်အိတ် ဖောင်းခြင်းတွေကို ကင်းဝေးစေနိုင်ပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး
မျက်ဝန်းတစ်ဝိုက်က အသားအရေကိုလည်း လှပဖြူဝင်းစေပါတယ်။ eye cream မရှိရင် သျှားစောင်းလက်ပက်
Gel လေးကို နဲနဲသုတ်အိပ်ပါ။
အိုခေ ဒီအချက်လေး ၇ ချက်ကို
အမြဲတစေ ဂရုတစိုက်နဲ့ လိုက်မယ်ဆိုရင် အသားရေပြသနာတွေကို ၁၀၀% ကာကွယ်နိုင်မှာပါရှင့် ။ ကာကွယ်ခြင်းက ကုသခြင်းထက်
ထိရောက်တယ်ဆိုတာ မမေ့ပါနဲ့နော်.
နောက်နေ့လဲ မိန်းကလေးတိုင်း
သိသင့်တဲ့ အလှအပထိန်းသိမ်းနည်းလေးတွေ ပြောပေးသွားမယ်နော်.
Comments
Post a Comment