Easy Ways to have Rosy Spout


နှင်းဆီရောင် နှုတ်ခမ်းဖူးလေးကို ပိုင်ဆိုင်​ဖို့ 💋💄💋🌸💐🌹🌹
             အခုရာသီက အပူအအေးမမျှတာကြောင့် နှုတ်ခမ်းခြောက်တာတွေ ကွဲတာတွေ ဖြစ်တတ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ နှုတ်ခမ်းတွေ ခြောက်နေကွဲနေရင် အရမ်းကို ရုပ်ဆိုးပါတယ်။
             ဒါ့ကြောင့် နှုတ်ခမ်းကို လှပအောင် သဘာဝအတိုင်းလေးဖြစ်အောင် ပေါင်းတင်တဲ့ နည်းလေးတွေ ရှိပါတယ်။ ဒါမှလဲ နှုတ်ခမ်းလေးက လှနေပြီး ဆွဲဆောင်မှုရှိနေမှာပါ။

  • brown sugar အညိုရောင်ရှိတဲ့ သကြားကို ယူပြီးတော့ ရေနဲနဲ နဲ့ ရာပြီး နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းသားလေးက ပျော့ပျောင်းလာတဲ့အထိ ဖြေးဖြေးလေးနဲ့ ဖွဖွလေး ပွတ်ပေးပါ။ နှုတ်ခမ်းပါမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီးတော့ နှုတ်ခမ်းလေးက နူးညံ့လာပါလိမ့်မယ်။
  • သခွားသီးကို ပါးပါးလေးလှီးပြီး နှုတ်ခမ်းပေါ်မှာ ၁၀ မိနစ်လောက် အုပ်ထားပြီး ပေါင်းတင်ပေးလို့ရပါတယ်။ သခွားသီးက ရေဓာတ်အပြည့်အဝ ပါဝင်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းသားရဲ့ လိုအပ်တဲ့ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့် ပေးနိုင်ပါတယ်။
  • သံလွင်ဆီတစ်စက်နဲ့ ရိုးရိုးသကြား အနည်းငယ်ကို လက်ဖဝါးပေါ်မှာ ရောပြီးတော့ နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ညင်သာစွာ ဖြေးဖြေးလေး ပွတ်ပေးပါ။ ပွတ်ပေးပြီးရင် ရေနွေးလေးနဲ့​ ဖြေးဖြေးလေး သန့်စင်ပေးပါ။ နှုတ်ခမ်းသာက အိပြီးတော့ ဝင်းဝင်းလေး ဖြစ်နေပါလိမ့်မယ်။

နှုတ်ခမ်းသားနေလောင်ရင်

               နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ နှုတ်ခမ်းနဲ့ထိပြီး နေလောင်ခဲ့ရင် ဆားရည်ကို နှုတ်ခမ်းပေါ်မှာ မိနစ်၂၀ လောက်ထားပြီးတော့ ရေလေးနဲ့ဆေးချလိုက်ပါ။ ဒီနည်းအပြင် အုန်းဆီကို အပူလေး နဲနဲပေးပြီးတော့ ပြန်အေးသွားတဲ့ အုန်းဆီနဲ့မကြာခဏ လိမ်းပေးပါ။ နောက်တစ်မျိုးက vesaline ရေနံဂျယ်လီကို ညအိပ်ရာဝင်တိုင်း လိမ်းပေးပါ။ ဒါဆိုရင် နှုတ်ခမ်းသာလေးက အရင်လို့ ပြန်ပြီးတော့ လှပလာပါလိမ့်မယ်။ 
             ကိုယ့်နှုတ်ခမ်းက ခြောက်နေ ညိုနေခဲ့ရင် ဒီထဲက ပေါင်းတင်နည်းလေးတွေက နှုတ်ခမ်းလေးကို လှပအောင် ကူညီပေးပါလိမ့်မယ်။ လှပတဲ့ နှုတ်ဆီရောင် နှုတ်ခမ်းလေးဖြစ်ဖို့အတွက် ဒီနည်းလေးတွေနဲ့  ပေါင်းတင်လိုက်ပါ။

#Phyoandshio #PhyopapaBlogs 
Follow my blog with Bloglovin

Comments

Popular Posts