Checklists for Teens to enter Career Life
ဆယ်တန်းအောင်ထားတဲ့ လူငယ်တိုင်း
ဘာလုပ်ကြမလဲ။
🚩🎒📝
Hello .... ဖြိုးနဲ့ရှိုးက
ဒီတစ်ခါတော့ လက်တလော တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ မောင်လေး ညီမလေးတွေအတွက်
လက်တလော နားချိန်အတွင်း မိမိဘဝရှေ့ရေးအတွက် ဘာတွေဆက်လုပ်ကိုင်သင့်တယ်၊
ဘယ်လိုတွေ ကြိုတွေးတောထားသင့်တယ် ဆိုတာလေးတွေကို ဒီပို့စ်သစ်လေးကနေ အကြံပေးလိုက်ပါရစေ။
ဒီနေ့ခေတ်လူငယ်တွေဟာ နောင်တစ်ချိန်မှာ အနာဂတ်ကို
ခေါင်းဆောင်မယ့်လူကြီးတွေ ဖြစ်ကြတယ်လို့ လူကြီးတွေပြောကြသလိုပဲလေ အခုခေတ်မှာ
လူငယ်တိုင်းအတွက် အဆင့်သင့်စောင့်နေတဲ့ ပွင့်လင်းလာတဲ့ ဈေးကွက်၊ ဝင်ရောက်လာတဲ့
နိုင်ငံခြားကုမ္မဏီတွေကြားထဲမှာ လူငယ်တွေဟာ ကိုယ်ပိုင်အရည်အသွေးတွေကို အရင်မြှင့်တင်ထားမှသာ
အဆင်ပြေမှာဖြစ်ပါတယ်။
စိန်ခေါ်မှုအပြည့်နဲ့ တိုးတက်နေတဲ့
လက်ရှိအခြေအနေမှာ လူငယ်တွေ အနေနဲ့ မိမိ Skill တွေကိုတိုးတက်ဖို့ ဘာလုပ်သင့်တာလဲဆိုတာ
ဖြိုးနဲ့ရှိုးက သိထားသလောက် အကြံလေးတွေ ဝေမျှပေးလိုက်ပါတယ်။
၁။ ကွန်ပျူတာ သင်ထားပါ။💻💻
ဆယ်တန်းပြီးတာနဲ့ ကွန်ပျူတာသင်တန်းတက်ထားတာ
အကောင်းဆုံးပါပဲ။ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်လေ အလုပ်ရဖို့ အခွင့်အလမ်းပိုကောင်းလေ
ဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့်မရောက်ရင်တောင် အနဲဆုံး Microsoft Office ကိုတော့ ကောင်းကောင်းသုံးတတ်အောင်
လေ့ကျင့်ထားသင့်ပါတယ်။
၂။ နိုင်ငံခြားဘာသာစကားကို သင်ထားပါ။ 📚📖
အကယ်လို့ ကိုယ်က ဘာသာစကား
စိတ်ဝင်စားသူဆိုရင်တော့ ဘာသာစကား တစ်ခုခုကို ကျွမ်းကျင်အောင် သင်ထားသင့်ပါတယ်။
မြန်မာနိုင်ငံမှာတော့ International Company တွေ တဟုန်ထိုး ဝင်ရောက်လာတဲ့အတွက် မိခင်ဘာသာစကားအပြင်
တခြား အင်္ဂလိပ်၊ ဂျပန်၊ တရုတ် ဘာသာစကားတွေကို လေ့လာထားသင့်ပါတယ်။ ကိုယ့်မှာ အရည်အချင်းမရှိဘူးဆိုရင်
Company တွေကနေ ကိုယ့်ကို ရွေးချယ်မှာဖြစ်ပြီး
ကိုယ်တိုင်ကျွမ်းကျင်နေရင် လစာကောင်းမွန်တဲ့ အလုပ်အကိုင် ရာထူးတွေကို အလွယ်တကူရွေးချယ်နိုင်မှာဖြစ်ပါတယ်။
၃။ အလုပ်မှာ ဦးဆောင်စိတ်အပြည့်နဲ့ ကြိုးစားပါ။ 🎓
ကိုယ့်ကို ထမင်းကျွေးထားတဲ့
အလုပ်ကို ဦးဆောင်စိတ်အပြည့်နဲ့ ကြိုးစားသင့်ပါတယ်။ အလုပ်ကြိုးစားမယ်ဆိုရင် နေရာကောင်းရမှာသေချာပါတယ်။
ကိုယ့်မှာလုပ်စရာ နှစ်ခုပဲရှိပါတယ်၊ “ခေါင်းဆောင်လုပ်ရင် လုပ်၊ မလုပ်ရင် နောက်လိုက်လုပ်ရမယ်”
။ အဲဒီတော့ ဦးဆောင်စိတ်နဲ့သာ ကြိုးစားပါလေ။
၎။ အပျော်အပါး ကိစ္စလျော့ပါ။
⚠👾
အပျော်အပါးဆိုတာ လူတိုင်းမက်မောကြပေမယ့်
ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးကိစ္စနဲ့ မကုန်ပါစေနဲ့။ တစ်နေ့တာ လုပ်ဆောင်ရမယ့်
အချိန်ဇယားတွေကို မိမိကိုယ်တိုင် စီမံခန့်ခွဲရေးဆွဲပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ အခုလို
စာမေးပွဲအောင်ပြီး နားနေတဲ့ အချိန်အတွင်းမှာတော့ အပျော်အပါးမက်သွားတက်တာမျိုး
သတိနဲ့ရှောင်ပါ။ #PhyoandShio
၅။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါ။ 💰💴
ဘဝမှာ တိုးတက်အောင်မြင်လိုရင်တော့
ဝန်ထမ်းဘဝမှာ ရပ်မနေဘဲနဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးစားတစ်ခုကို တည်ထောင်သင့်ပါတယ်။ အားနေပေမယ့်
မိဘအလုပ်ကူလုပ်တာ ဖြစ်ဖြစ်၊ စိတ်ဝင်စားတာလေးကို တပိုင်တနိုင်လုပ်တာဖြစ်ဖြစ်၊
စာရေးတာဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါ။ ဘယ်လိုပဲ
သေးငယ်တဲ့အလုပ်ဖြစ်နေပါစေ အားမပျတ်ဘဲ တစ်နေ့ထက်တစ်နေ့ ကြိုးစားလိုက်ပါ။ ဒီနေ့ခေတ် ကမ္ဘာကျော်ကုမ္မဏီတွေဟာ
လုပ်ငန်းစုသေးသေးလေးဘဝက စတင်ခဲ့တာကို သတိရစေချင်ပါတယ်။ ဖြိုးဆို Business ကျောင်းမတက်ခင်
သူများအလုပ်မှာ အလုပ်သင်ဝင်ခဲ့သလို ရှိုးဆိုရင်လဲ အရောင်းအဝယ်စိတ်ဝင်စားတော့
ဆိုင်တစ်ခုမှာ အရောင်းစာရေး လုပ်ဖူးပါတယ်။
၆။ ကျန်းမာရေး လိုက်စားပါ။ 🏊🚴
ဘယ်လောက်ပဲ ချမ်းသာနေပါစေ
ကျန်းမာရေးမကောင်းရင် အဆင်ပြေမှာမဟုတ်ပါဘူး။ နေ့စဉ်လမ်းလျောက်တာတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေ၊
ရေကူးတာတွေကလည်း ငွေကုန်ကြေးကျမများဘဲနဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့လေ့ကျင့်ခန်းတွေ
ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်တစ်ခုလုံး ဖွံ့ဖြိုးနေမယ်ဆိုရင် လူငယ်တွေ ကျန်းမာသန်စွမ်းနေဖို့
လိုပါတယ်။ ဖြိုးနဲ့ရှိုးတော့ ရေကူးကြတယ်။
ဒီတော့ လောလောဆယ် ပူပူနွေးနွေး
ဆယ်တန်းအောင်ထားပြီး အားနေလို့ အချိန်မဖြုန်းပဲ မိမိဘဝလမ်းကြောင်းအတွက်
လှေကားထစ်လေးတွေကို စတင်တက်လှမ်းလိုက်ပါ။
ရှေ့ရှောက်အောင်မြင်တဲ့
ဘဝတွေပဲ ပိုင်ဆိုင်နိုင်ပါစေ 🎉🎉🎉
Comments
Post a Comment