Be Careful with Your Body Hair
ခန္ဓာကိုယ်က ဘယ်အမွှေးတွေ လုံးဝမရိတ်သင့်ဘူးလဲ
Hello ... ဒီစာလေးကိုတော့ ဖြိုးနဲ့ရှိုးဖတ်လိုက်ရတဲ့
ဆောင်းပါလေးတစ်ခုကြောင့် ရေးပေးလိုက်တာပါ။
ဘာလဲဆိုရင် မိန်းကလေးတစ်ယောက် .... ကမရိပ်သင့်တဲ့
အမွှေးကို ရိတ်လိုက်တာကြောင့် အသက်ဆုံးရှုံးရတယ်ဆိုတဲ့ အကြောင်းအရာလေးပါ။
လူသားခန္ဓာကိုယ်မှာ သဘာဝအတိုင်းပေါက်တဲ့ အမွေး အမှင်အများစုဟာ အမျိုးသမီးတွေအတွက်တော့
စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုကတော့ ဆံပင်၊ မျက်ခုံး၊
မျက်တောင်ကလွဲလို့ ကျန်အမွေးအမှင်တွေဟာ မရှိလေကောင်းလေလို့ တွေးဖူးကြမှာပါ။
ဒါပေမဲ့ ခန္ဓာကိုယ်မှာ အမွေးမရိတ်သင့်တဲ့ နေရာ ၄ ခုရှိနေတယ်။
အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ရိတ်ဖို့မသင့်တော်တဲ့ နေရာတွေဖြစ်ပါတယ်။
အိုခေ ... ဖြိုးနဲ့ရှိုးနိုင်ငံတစ်ကာက Doc တွေပြောတာကို
ဖတ်ပြီး ပြန်ရေးပေးလိုက်ပါတယ်။
ဆံပင်ဖြူ
ဆံပင်ဖြူဟာ အများအားဖြင့်တော့ အသက်အရွယ်မငယ်တော့ဘူးဆိုတာကို ပြသတဲ့
သင်္ကေတဖြစ်ပြီး အမျိုးသမီးအများစု မုန်းတီးကြပါတယ်။ ဒါပေမဲ့ ဆံပင်ဖြူတွေကို
နှုတ်လိုက်ခြင်းဟာ အဲဒီနေရာမှာ ဆံပင်ပြန်ပေါက်လာမယ်လို့ ထင်မှတ်မှားနေတတ်ကြပါတယ်။
ဆံပင်ပြန်ပေါက်မလာတဲ့အပြင် အဲဒီနေရာတစ်ဝိုက် ဆံပင်ပါးပြီး ထိပ်တောင်
ပြောင်သွားနိုင်ပါတယ်။
မျက်ခုံးမွှေး
ဒီအမွှေးကိုတော့ လူတိုင်းရိတ်နေကျဆိုပေမယ့် သိထားရအောင်
ပြောပြတာပါ။ မျက်ခုံးမွေးဟာ ရိတ်ပစ်ဖို့ လွယ်သလောက်ပြန်ပေါက်ဖို့
ခက်တဲ့အမွေးအမှင်ဖြစ်ပါတယ်။ မျက်ခုံးမွေး ရိတ်လိုက်ပြီဆိုရင် မူလမျက်ခုံးမွေ
ပုံစံအတိုင်း ပြန်ပေါက်လာဖို့မလွယ်တော့ပါဘူး။ ပြန်ပေါက်ဖို့လည်း ကြာမြင့်သလို
ခဲယဉ်းလေ့ရှိပါတယ်။
မျက်ခုံးမွေး ရိတ်လိုက်တဲ့ အချိန်မှာ မွေးညှင်းပေါက်တွေကို
အလွန်ထိခိုက်စေတာကြောင့် တစ်သက်လုံး နဂိုမျက်ခုံးမွေးပုံစံ ပြန်မရ
ဖြစ်သွားတတ်ပါတယ်။ လှချင်လို့ ရိတ်မယ်ဆိုရင်တောင် မကြာခဏ မရိတ်သင့်ပါဘူး။
ချိုင်းမွှေး
ချိုင်းမွေးရိတ်ခြင်းဟာ သင့်ရဲ့ အသားအရေကို
အလွန်ထိခိုက်ပျက်စီးစေပါတယ်။ ဒါပေမဲ့လည်း ချိုင်းမွေးဟာ မရိတ်လို့
မသင့်တော်ပြန်ပါဘူး။ ချိုင်းမွေးမရှိချင်ရင်တော့ လေဆာနဲ့ အပျောက်ဖျောက်လိုက်တဲ့
နည်းလမ်းက ပိုကောင်းပါတယ်။
ခြေသလုံးမွှေး
ခြေသလုံးမွှေးကို အခုနောက်ပိုင်း မိန်းကလေးအများစု
နေတိုင်းလိုလို ရိတ်ကြတာတွေ့ရပါတယ်။ စကတ်အတိုဝတ်ချိန်
အမွှေးအမျှင်တွေကို မလိုချင်ဘူးဆိုပေမယ့် ရိတ်ပြီးဖယ်ရှာစတဲ့ နည်းကတော့
ပိုကြည့်ရဆိုးစေပါတယ်။ ပြန်ပေါက်လာတဲ့ အခါကြရင် အမွှေးမျှင် မညီညာမှု
မွှေးကျွတ်နာနဲ့ In grown hair ဆိုတဲ့ အသားထဲမှာပဲ ပေါက်နေတဲ့
အမွှေးမျှင်ရောဂါတွေရနိုင်ပါတယ်။ ကိုယ်ကပုံမှန်ထက်ပိုထူပြီး
ဖယ်ရှာချင်တယ်ဆိုရင်တော့ Waxing နဲ့ Threading လုပ်တဲ့နည်းမျိုးကိုသာ
ရွေးချယ်ပါ။ လေဆာနဲ့ ဖယ်ရှားတာလဲကောင်းပေမယ့် Side effect တွေဝင်နိုင်ပါတယ်။
ဆီးခုံမွှေး
ဆီးခုံမွေးဟာလည်း ခဏခဏ မရိတ်သင့်တဲ့ အမွေးအမှင်ဖြစ်ပါတယ်။
အထူးသဖြင့် ဆီးခုံမွေးတွေ ရိတ်လိုက်ခြင်းကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊
ရိတ်လိုက်တဲ့ အမွေးတွေဟာ မွေးညှင်းပေါက်က ပြန်ထွက်မလာဘဲ အတွင်းထဲမှာ
ပေါက်လာခြင်းတို့အပြင် ရောဂါပိုးဝင်နိုင်ချေလည်း မြင့်မားတယ်လို့ သိရပါတယ်။
အကောင်းဆုံးကတော့ ဖယောင်းသုံးပြီး အမွေးချွတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့်
ဆီးခုံအပေါ်ပိုင်းနဲ့ Bikini area လို့ခေါ်တဲ့ ဘောင်းဘီဝတ်ပြီး မြင်သာတဲ့
အပေါ်ပိုင်းကိုသာ ဖယ်ရှားရမှာပါ။
အခုပြောပြသွားတဲ့ အရိတ်သင့်တဲ့ အမွေးလေးမျိုးမှာ ၃
မျိုးကိုတော့ ရိတ်နေတယ်မဟုတ်လား ။ လှချင်လို့လုပ်တယ်ဆိုပေမယ့်
အားလုံးသိထားပြီး သတိထားလို့ရအောင်လို ပြောပြပေးလိုက်ပါတယ်။
တကယ်တော့ ကိုယ်ခန္ဓာက အမွှေးအမျှင်ဆိုတာ ရောဂါကာကွယ်တာနဲ့
ကိုယ်ခန္ဓာအပူအအေးမျှတမှု ဟောမှုန်းဓာတ်ကို ဖော်ပြမှု စတာမျိုးတွေကြောင့်
ရှိနေတာဖြစ်ပြီး အရှက်လို့သဘောထားပြီး ဖယ်ရှားတာမျိုးတွေ
မရှိသင့်ပါဘူးနော်။
Love you all
Comments
Post a Comment